နှစ်ပြည့်ပြီး တစ်ပတ် အကြာမှာပဲ သေဆုံးသွားခြင်း
ဖြစ်ပါတယ်။ အသက် ၁၇ နှစ် အရွယ်က စလို့
ဆေးလိပ်ကို အလွန်အကျွံ စတင်သောက်သုံး ပါတယ်။
သာမန်ဆေးလိပ်ကနေ မူးယစ်စေတဲ့ ဆေးဝါး အမျိုးမျိုး ပါဝင်တဲ့ ဆေးလိပ် အမျိုးအစားများထိ Level ပိုမြင့် လာပါတယ်။ နောက်တော့ ဆေးသမား ဘဝကို လုံးပါးပါး ရောက်ရှိသွားပါတယ်။ တက္ကသိုလ် ဒုတိယနှစ် တက်နေတဲ့ အရွယ်သာ ရှိသေးပြီး သုံးနှစ်ကျော် လေးနှစ်လောက် ဆေးစွဲလာရာ မှ ဆေးဖြတ်ဖို့ အတွက်
ဆေးရုံ စတင်ပါတော့တယ်။
ဆေးရုံတက်နေတုန်း မှာ ဆေးဝါးပေါင်း မြောက်များစွာ သုံးစွဲလို့ ကုသပေးရ ပါတယ်။ ဆရာဝန် လမ်းညွန်သ လို မဟုတ်ပဲ ဆေးဝါးတွေကို သောက်သုံးတဲ့နေရာမှာ အကိုက်ခဲ ပျောက်ဆေးများ အလွန်အကျွံသောက်သုံး မှု ထပ်ဖြစ်ပါတယ်။ ဒါ့အပြင် ဆေးဆွဲတဲ့ ဝေဒနာ ပျောက်စေတဲ့ ဆေးဝါးများပါ အလွန်အကျွံသောက်မိ ပါ တယ်။
နေက်တော့ ခံစားမှု ပျောက်ကွယ်သွားတဲ့ ခြေတွေ၊ လက်တွေကို ဖြတ်ရတဲ့ အထိ ဖြစ်သွားပါတယ်။ သိပ်မ ကြာပါဘူး။ ဆေးရုံပေါ်မှာ ၁၂ လ သာ နေပြီး အသက်သေဆုံးသွားပါတယ်။ ညာဘက်က ပုံက သူကျန်း မာနေစဉ် ဆေးဝါး မသုံးစွဲခင် ပုံဖြစ်ပါတယ်။
ယင်းပုံ နှစ်ပုံကို အင်တာနက်ပေါ်တင်ခဲ့သူကတော့ သူ့အမေ ကိုယ်တိုင်ပါ။ နောင်လာ နောက်သား လူငယ် များအနေနဲ့ ဆေးလိပ်နဲ့ အခြားသော မူးယစ်ဆေးဝါး သောက်သုံးမှုကြောင့် ဘယ်လို ဖြစ်လာနိုင်တယ် ဆိုတာကို ရင်နာနာ နဲ့ ပြသချင်လို့ ဖြစ်ပါတယ်။
စာဖတ်သူ နောင်လာနောင်သား မြန်မာလူငယ်များ ယခုလို မဖြစ်စေအောင် သတိပေး အကြံပေး စေလိုပါ တယ်။
အောင်ခမ်း (ရိုးရာလေး)
Sign up here with your email
ConversionConversion EmoticonEmoticon