Miss Asia Pacific World 2014 ရဲ့ အလှမယ် မေမြတ်နိုးကို သရဖူသိမ်းလိုက်ပြီလို့ သြဂုတ် ၂၇ရက်နေ့ရက် စွဲနဲ့ Miss Asia Pacific World Super Talent Organization ရဲ့ ဥက္ကဌ David Kim က ကြေညာလိုက်ပါ ပြီ။ မြန်မာနိုင်ငံရဲ့ ပထမဆုံး နိုင်ငံတကာသရဖူရ မေမြတ်နိုးကို ဘာ့ကြောင့် သရဖူ ပြန်သိမ်းလိုက်တာလဲ။
မေမြတ်နိုးအနေနဲ့ သူရဲ့ မူလ Organization နဲ့ National Director ဒေါ်လှနုထွန်း၊ မီဒီယာနဲ့ ပရိသတ်တွေ အပေါ် လေးစားမှုမရှိတဲ့အပြင် လိမ်ညာခဲ့တယ်လို့ ကြေညာချက်ထဲမှာ ဖော်ပြထားပြီး မေမြတ်နိုးရဲ့ မိခင်ဖြစ် သူဟာ ကိုရီးယားကို မေမြတ်နိုးနဲ့အတူ ဗီဇာရယူဖို့အတွက် တရားမဝင်နည်းလမ်းတွေနဲ့ ကြိုးစားခဲ့တဲ့အပေါ် တုန်လှုပ်မိတယ်လို့လည်း ဆိုပါတယ်။
“Miss ဆိုတာ သူ့ကို အားပေးတဲ့ ပရိသတ်၊ မီဒီယာနဲ့ Organization ဆိုတဲ့ ဒေါက်တိုင်နဲ့ သူ့ရဲ့ အလှမယ်ဆို တဲ့ အရာကို ပေါင်းစပ်မှသာ သရဖူကို ထိန်းသိမ်းထားနိုင်မှာဖြစ်တယ်”လို့ ဒေါ်လှနုထွန်းက ကမာရွတ်မီဒီ ယာကို ပြောပါတယ်။ အလှမယ် မေမြတ်နိုးနဲ့ သူ့ရဲ့မိခင်တို့ အပြုအမူတွေကြောင့် သရဖူပြန်သိမ်းခံရနိုင်တဲ့ အလားအလာတွေ ရှိတယ်ဆိုတာ ဒေါ်လှနုထွန်းအနေနဲ့ အကြိမ်ကြိမ် သတိပေးခဲ့ပေမယ့် အခုအခါမှတော့ Miss Asia Pacific World အဖွဲ့အစည်းကိုယ်တိုင်က တရားဝင် သရဖူသိမ်းလိုက်တဲ့အပေါ် သူ့အနေနဲ့ စိတ် မကောင်းဖြစ်မိတယ်လို့ ဆိုပါတယ်။
ဒီကိစ္စ အသေးစိတ်ကို ထုတ်ဖော်ပြောဆိုဖို့ မရှိဘဲ မေမြတ်နိုးအနေနဲ့ Miss Asia Pacific World 2014 ရဲ့ သရဖူပိုင်ရှင်အဖြစ် သူ့ရဲ့တာဝန်ဝတ္တရားတွေကို ဆက်လက်လုပ်ကိုင်နိုင်မယ်ဆိုတာ အယုံအကြည်မရှိတော့ သလို မေမြတ်နိုးအပေါ် ယုံကြည်မှု မရှိတော့ဘူးလို့ ပြင်းပြင်းထန်ထန် ဖော်ပြထားပါတယ်။
ကိုရီးယားနိုင်ငံကို ရောက်ရှိနေတဲ့ မေမြတ်နိုး မြန်မာပြည်ပြန်ဖို့အတွက်လေယာဉ် လက်မှတ်ဝယ်ယူထား ပြီးဖြစ်တာကြောင့် သူတို့အဖွဲ့အစည်းအပေါ် မလိုလားအပ်တဲ့ ထိခိုက်မှုတွေ မဖြစ်စေချင်တော့ဘူးလို့ Miss Asia Pacific World Super Talent Organization ဥက္ကဌက ဆိုပါတယ်။
အလှမယ် သရဖူကို ပြန်လည်ရုတ်သိမ်းလိုက်တဲ့အတွက် မေမြတ်နိုးအနေနဲ့ သူရရှိခဲ့တဲ့ Title၊ သရဖူကို မြန် မာပြည်ပြန်ရောက်တာနဲ့ National Director ဒေါ်လှနုထွန်းဆီကို ပြန်အပ်ရမယ်လို့ ဆိုပါတယ်။
kamayutmedia
Sign up here with your email
ConversionConversion EmoticonEmoticon