ကိုယ်ကြိုက်တဲ့ အဆိုတော်တွေကိုထိရင် ဘယ်သူကမှ ခံချင်မှာ မဟုတ်ပါဘူး။ ဒီလိုပဲ Taylor Swift ရဲ့ အမာခံပရိသတ်တစ်ယောက်ကို ဒီလို စကားမျိုးတွေ သွားမပြောမိစေနဲ့။ သူစိတ်ဆိုးသွားမှာ သေချာ တယ်နော်။
၁။Taylor Swift က အတွဲလိုက်ကို ဒိတ်လုပ်တတ်တာနော်။
အသက် ၂၄နှစ်ရှိတဲ့ မိန်းကလေးတစ်ယောက်က တစ်ဘ၀လုံးမှာ တစ်ယောက်ပဲ တွဲရမှာလား။ သူကြိုက်တဲ့ သူတွေ့ရင် တွဲကြည့်လို့ရတာပဲလေ။
၂။သူ့သီချင်းတွေအကုန်လုံးက သူနဲ့ပြတ်သွားတဲ့ ရည်းစားဟောင်းတွေအကြောင်းချည်းပဲ။ မရင့်ကျက်လိုက်တာ။
အချစ်အကြောင်းရေးရင်တော့ ဒါတွေပဲ ရေးနေရမှာပဲ။ အရှုံးထဲက အမြတ်ထုတ်တတ်တာ တော်လို့ပေါ့ မဟုတ်ဘူးလား။
၃။အချစ်ဆုံးသူငယ်ချင်းတွေကလည်း များမှများ။
သူငယ်ချင်းဆိုတဲ့ နေရာမှာ ပါတီသွားတဲ့အခါ တွဲဖြစ်တဲ့ သူငယ်ချင်း၊ ကိုယ့်အကြောင်းဖွင့်ဟနိုင်တဲ့သူငယ်ချင်း စသဖြင့် အမျိုးမျိုးရှိတာပဲ။ သူငယ်ချင်းများတော့ ကောင်းတာပေါ့။
၎။သူ့သူငယ်ချင်းက သူ့ကြောင်ပဲ ဖြစ်မှာ။
သင့်မှာ ကြောင်ရှိတယ်ဆိုရင်လည်း သင်က သင့်ကြောင်ရဲ့ သူငယ်ချင်းဖြစ်မှာပဲ။ ဘာဆန်းလဲ။
၅။သူ့သီချင်းတွေကို သူကိုယ်တိုင် ဘာလို့မရေးတာလဲ။
ဒါကတော့ မှန်ပါတယ်။ တခြားဘယ်သူတွေကရော သူတို့ဘာသာသူတို့ရေးတယ်လို့ တပ်အပ်ပြောနိုင်လို့လဲ။
၆။သူ့သီချင်းတွေက ကလေးကြိုက်ပဲ။
ခံစားချက်တွေ နုပျိုနေလို့ ဒီလိုရေးနိုင်တာ။ ဆယ်ကျော်သက်လေးတွေ ကြိုက်တော့ ကောင်းတာပေါ့။ သူတို့ကြိုက်မှ အောင်မြင်နိုင်မှာလေ။
၇။သီချင်းတွေ အားလုံးကလည်း တစ်ပုံစံတည်းတွေချည်းပဲ။
သေသေချာချာလည်း နားထောင်ကြည့်ပါဦး။ ကွဲတာတွေ အများကြီးရှိပါတယ်။
၈။ကလည်း မကတတ်ဘူး။
ကိုယ့်ဘာသာကိုယ်ရော ကတတ်တဲ့သူတစ်ယောက် ဟုတ်ရဲ့လား အရင်ဆန်းစစ်လိုက်ပါဦး။
၉။ခုဘယ်သူနဲ့ ဒိတ်လုပ်နေပြန်ပြီလဲ။
ဘယ်သူနဲ့မှ မလုပ်ပဲလည်း သူက အေးဆေးနေနိုင်တာပဲ။
၁၀။ဟန်ဆောင်ပန်ဆောင်လည်း သိပ်လုပ်တတ်တာ။
ဆုရတဲ့အချိန်တွေမှာတော့ ဘယ်သူမဆို ပျော်မြူးတဲ့ပုံ၊ စိတ်လှုပ်ရှားတဲ့ပုံဖြစ်နေမှာပဲ။ အဲ့ဒါကိုကြည့် ပြီး ပြောနေတာ မဟုတ်လား။ လူပဲလေ စိတ်လှုပ်ရှားတဲ့အချိန် သာမာန်လိုတော့ ဘယ်ဟုတ်ပါ့မလဲ။
မေသော် | Trend Myanmar
Sign up here with your email
ConversionConversion EmoticonEmoticon