သက်သက်လွတ်သမားတွေကို မပြောသင့်တဲ့ စကားများ

သက်သက်လွတ်စားတဲ့ သူတစ်ယောက်နဲ့ တွေ့ဆုံ တဲ့အခါ ပြောစ ရာ မေးစရာဆိုလို သူဘာ့ကြောင့် သက်သက်လွတ်စားတာလဲ ဆိုတာမျိုးချည်း ဖြစ်နေ မှာလား။ သူအနေနဲ့ ကိုယ်မဟုတ်တဲ့ အယောက်ပေါင်းများစွာကိုလည်း သူဘာကြောင့် သက်သက်လွတ်စားရသလဲ ဆိုတဲ့အကြောင်း အခါပေါင်းများစွာ ပြောဆို ပြီးနေပြီမို့ ကိုယ့်အ လှည့်လောက်ကျရင်တော့ ဒါကိုထပ်ပြော ဖို့ တော်တော်ကို ငြီးငွေ့စပြုနေလောက်ပါပြီ။ အဲ့ဒီတော့ သူနဲ့တွေ့တဲ့အခါ ဒီလိုမေးခွန်းမျိုးတွေ ရှောင်မေးပေါ့။

၁။ ဘာ့ကြောင့်လဲ။

ဘာကြောင့် သက်သက်လွတ်စားတာလဲဆိုတဲ့ မေးခွန်းက ရိုးရှင်းပေမယ့် တစ်ဖက်လူအတွက် အခက်အခဲဖြစ်စေနိုင်တဲ့ မေးခွန်းမျိုးမို့ ဒါတွေ မမေးပါနဲ့တော့။ သူဘာ့ကြောင့် စားတာ၊ မစားတာဆိုတာကလည်း ကိုယ့်အတွက် ဘာမှအကျိုးထူး သွားစေတဲ့ ကိစ္စ မဟုတ်ဘူးလေ။

၂။ဘာသာရေးကြောင့်လား။

သက်သက်လွတ်စားတဲ့ လူတိုင်းက ဘာသာရေးကြောင့် အသားမစားတာမျိုး မဟုတ်ပါဘူး။ သူတို့ခံယူချက်၊ သူတို့ခံစားမှုတွေနဲ့ နွယ်ပြီး မစားတာမျိုးတွေ အများကြီးရှိတာကြောင့် ဒီလိုမေးခွန်းမျိုးက အူကြောင်ကြောင်နိုင်လွန်းပါတယ်။

၃။မင်းက အူကြောင်ကြောင်ပုံတော့ မပေါက်ပါဘူး။

သက်သက်လွတ်စားတဲ့ သူတွေက အူကြောင်ကြောင်ဖြစ်နေတာ မဟုတ်ပါဘူး။ ဒါမျိုးကို မျက်လုံးအ၀ိုင်းသားဖြစ်နေတဲ့ သင်ကမှသာ အူကြောင်ကြောင်နိုင်တာပါ။

၎။လူသားတွေဆိုမှတော့ အသားစားကြရမှာပဲ။

တယူသန်လွန်းတဲ့ အတွေးအခေါ်မျိုးတွေ ခေါင်းထဲစွဲမထားပါနဲ့။ မွေးကတည်းက သက်သက်လွတ်စားပြီး ကြီးပြင်းလာတဲ့သူတွေ အများကြီးပါ။ အသားစားမှ ဒီကမ္ဘာပေါ်နေထိုင်နိုင်တယ်လို့ ထင်ရင်မှားမှာပေါ့။

၅။ဒါဆို ပရိုတင်းဓာတ်ဘယ်ကရမှာလဲ။

အသားစားမှ ပရိုတင်းဓာတ်ကြွယ်တာ မဟုတ်ပါဘူး။ တခြား အသီးအနှံ၊ ပဲ၊ တို့ဟူး အစရှိတာတွေကို စားပေးရင်လည်း အသားစားတဲ့သူတွေနဲ့ တန်းတူဖြစ်တဲ့ အာဟာရဓာတ်တွေ ပိုင်ဆိုင်နိုင်တာပဲ။

၆။အသားက အရသာရှိတယ်လေ။

ဒါသိပ်မှန်တာပေါ့။ အသားရဲ့အရသာကို မကြိုက်လို့ ရှောင်တာမျိုးဖြစ်ချင်မှ ဖြစ်မယ်ဆိုတာကိုတော့ သိထားရပါလိမ့်မယ်။ သတ်သတ်လွတ်သမားတွေမှာ ဘာ့ကြောင့် အသားမစားတာလဲဆိုတဲ့ အကြောင်းရင်းများစွာရှိပါတယ်။

၇။အသားဆိုမှတော့ တိရစ္ဆာန်သေပြီးမှ ဖြစ်လာတာပဲလေ။

ဒီလောက်ကတော့ လူတိုင်းသိပါတယ်။ အသားအားလုံးကို ရှောင်တယ်ဆိုကတည်းက သူတို့နဲ့ မပတ်သက်တော့တာ၊ သူတို့သေပြီးတာတောင် သူတို့အသားကို မသုံးဆောင်ချင်တော့လို့ ဆိုတာ သိထားရမှာပေါ့။



မေသော် | Trend Myanmar

Previous
Next Post »
Powered by Blogger.