ချင်းမိုင်မြို့က 3D Paradise ပန်းချီပြခန်း



ထိုင်းနိုင်ငံ ချင်းမိုင်မြို့ကို ရောက်ခဲ့ရင်တော့ မဖြစ်မနေ သွားလည်သင့်တဲ့ နေရာထဲမှာ 3D Paradise ပန်းချီပြခန်းပဲ ဖြစ်ပါတယ်။

ဒီပန်ချီပြခန်းမှာ တကယ့်ကိုစိတ်ဝင်စားစရာ 3D ပန်းချီလက်ရာပေါင်းများစွာကို ခံစားကြည့်ရှု့ နိုင်ရုံ သာမက အဲ့ပန်ဒီ့ ပန်းချီကားတွေနဲ့ပါ ဓါတ်ပုံရိုက်ကူးနိုင်သလို အပျော်တမ်းမှတ်တမ်းတင် ရုပ်ရှင် ရိုက်ကူးမှုတွေကိုပါ အမှတ်တရ ပြုလုပ်နိုင်တာ ဖြစ်ပါတယ်။

ဒီပြခန်းလေးကို စိတ်ဝင်စားလို့ သွားရောက်လည်ပတ်ချင်ကြတယ်ဆိုရင်တော့ ချင်းမိုင်မြို့ရဲ့ နာမည်ကြီး ညဈေးလို့ခေါ်တဲ့(Night Bazaar) အနီးမှာ ရှိပါတယ်။

နေ့တိုင်းပိတ်ရက်မရှိ မနက် ၉နာရီကနေ ည ၉နာရီအထိ ဖွင့်လစ်ပြသထားပြီး ၀င်ကြေးအနေနဲ့ကတော့ ထိုင်းနိုင်ငံသားဖြစ်ရင် လူတစ်ဦးကို ဘတ် ၁၈၀ပေးဝင်ရတာဆိုပေမဲ့ နိုင်ငံခြားသားအနေနဲ့ကတော့ တစ်ဦးကို ဘတ်၃၀၀ကျပ် ပေးဝင်ရတာ ဖြစ်ပါတယ်။

ဒါပေမဲ့ နိုင်ငံခြားသားလို့ဆိုတဲ့အခါမှာတော့ ထိုင်းနိုင်ငံမှာအမြဲလိုနေထိုင်တယ်ဆိုတဲ့အသိအမှတ်ပြု ကဒ်တွေ ဒါမှမဟုတ် အလုပ်ပါမစ်တွေ ရှိတယ်ဆိုရင်တော့ ထိုင်းနိုင်ငံသားနည်းတူ ဈေးပေးပြီး ၀င် ရောက်ကြည့်ရှု့ နိုင်တာဖြစ်ပါတယ်။

ကဲဒီထက်ပိုပြီး အသေးစိတ်သိချင်တယ်ဆိုရင်တော့ 3D Paradise ပန်းချီပြခန်းရဲ့ မူရင်းလင့်မှာ သွားရောက်လေ့လာပြီး အလည်တစ်ခေါက်တော့ အရောက်လာခဲ့ကြအုံးပေါ့နော်။

  Chiang Mai Art in Paradise 
 
Previous
Next Post »
Powered by Blogger.