တရုတ်နိုင်ငံက အာဏာပိုင်တွေဟာ နိုင်ငံရဲ့အငယ်ဆုံး အရက်သမားလို့ယူဆရတဲ့ ကလေးတစ်ယောက် ရဲ့ ပြဿနာကို ဖြေရှင်းနေရပါတယ်။
Cheng Cheng ဆိုတဲ့ ဒီကလေးဟာ ၁၀ လသားမှာ ဝိုင်ကိုသောက်ခဲ့ပြီး တစ်နှစ်မပြည့်မီမှာပဲ ဘီယာကို စတင်ထိတွေ့ခဲ့တာဖြစ်ပါတယ်။
တရုတ်နိုင်ငံအရှေ့ဘက်Anhui ပြည်နယ်ကဒီကလေးငယ်ကြောင့် ဒေသခံမီဒီယာတွေက ဒေါသထွက်နေပြီး ဆရာဝန်တွေကလည်း အရက်စွဲနေတဲ့ဒီကလေးကို ချက်ချင်း တားဆီးဖို့ မိဘတွေကို တိုက်တွန်းထားကြ ပါတယ်။
လူမှုရေးအဖွဲ့အစည်းတွေကလည်း ကလေးကို ခေါ်ယူ ထိန်းသိမ်းဖို့ သင့်မသင့် ဆွေးနွေးနေကြပါတယ်။
မယုံနိုင်လောက်အောင်ပဲ ကလေးရဲ့ မိဘတွေနဲ့ ဆွေမျိုးတွေ ကတော့ ဒီကလေး အရက်ကြိုက်တာကို ဟာသလုပ်နေကြတယ် လို့ဆိုပါတယ်။
သတင်းများရဲ့ ဖော်ပြချက်အရ လသားအရွယ် ငိုယိုနေစဉ်မှာ အဖေဖြစ်သူက ဝိုင်တစ်စက်တိုက် တာကြောင့် ငြိမ်သက် သွားရာကနေစပြီး အလေ့အကျင့် ဖြစ်လာခဲ့တယ်လို့ဆိုပါတယ်။
“အဲ့အချိန်တုန်းက မိသားစုထဲက ကျွန်မတို့ အားလုံးက ထင်ကြတယ်။ ဒီကလေး ကြီးလာ ရင်တော့
တော်တော် သောက်နိုင်မှာပဲပေါ့” လို့ ကလေးရဲ့အဒေါ်ဖြစ်သူ Cai Teng က ပြောကြားခဲ့ပါတယ်။
သူတို့လုပ်ပုံကြောင့် ဥပဒေအရ တရားစွဲခံရမှာ ကြောက်နေတဲ့ အမေဖြစ်သူကတော့ ကလေးကို အရက်တွေ ကနေ နွားနို့နဲ့ ဖျော်ရည်လိုအရာမျိုးတွေ ပြောင်းပေးဖို့ ကြိုးစားနေတယ် လို့ ပြောကြားခဲ့ပါတယ်။
ပွဲတော်တွေမှာ အခြားလူတွေ အရက်သောက်နေတာမြင်ရင် Cheng Cheng က အော်ဟစ်ငို ယိုပြီးတောင်းတော့တာပဲလို့ Cai Teng က ဆိုပါတယ်။
“တစ်ခါတစ်ခါကျတော့ သူက အရမ်းဆူညံ့တယ်။ ရွေးစရာက မရှိဘူး။ သူ့ပဲ ဝိုင်နည်းနည်းလောက်ပေးထား ရတယ်” လို့ Cai ကပြောကြားခဲ့ပါတယ်။
Phothutaw
Sign up here with your email
ConversionConversion EmoticonEmoticon