သရုပ်မှန်ကို ဖွင့်ပြသွားရတဲ့ The Mask Singer က ဇီးကွက်ဖြူလေး





Zawgyiဖြင့်ဖတ်ရန်









Unicode ဖြင့်ဖတ်ရန်


The Mask Singer အစီစဉ်ကိုတော့ တောင်ကိုရီးယားနိုင်ငံရဲ့ ရုပ်သံ ကုပ္မဏီတစ်ခုဖြစ်တဲ့ MBC ကနော စတင် ရိုက်ကူးထုတ်လွှတ်ခဲ့တာ ဖြစ်ပါတယ်။ အခုချိန်မှာတော့ အမေရိကန်ပြည်ထောင်စု ၊ ထိုင်းနိုင်ငံ ၊ ပြင်သစ် ၊ အင်္ဂလန် စတဲ့ နိုင်ငံတွေအပြင် မြန်မာနိုင်ငံကလည်း Franchies ပြုလုပ်ပြီး ပြန်လည်ရိုက်ကူးထုတ်လွှင့်နေပြီ ဖြစ်ပါတယ်။ The Mask Singer ဆိုတဲ့ TVအစီစဉ် တစ်ခုကတော့ အခုချိန်မှာ မြန်မာ နိုင်ငံမှာ စတင်ပြသလာခဲ့တာတော့ အခုဆိုရင် ဒုတိယ အပတ်ကို ရောက်ရှိလို့လာပါတယ်။



အဲ့ဒီအစီစဉ်မှာတော့ လူသိများထင်ရှားတဲ့ အနုပညာရှင်တွေက ပါဝင်ယှဉ်ပြိုင်ကြရပြီး အထူးပြုလုပ်ထားတဲ့ မျက်နှာဖုံးတွေကို ဝတ်ဆင်ပြီး ဆယ်လီစုံထောက်လို့ ခေါ်ဝေါ်တဲ့ အနုပညာရှင်လေးယောက်က မျက်နှာဖုံးရဲ့ အောက်ကွယ်က လူတွေဟာ ဘယ်သူတွေ ဖြစ်မလဲဆိုတာကို ခန့်မှန်းကြရတာပဲ ဖြစ်ပါတယ်။ အဲ့ဒီအစီစဉ်ကတော့ သီဆိုသူတွေ ဘယ်သူဖြစ်မလဲဆိုတာ ခန့်မှန်းကြရတာဟာ ပျော်ဖို့ကောင်းသလို ရင်ခုန်စိတ်လှုပ်ရှားစရာလည်းကောင်းကြပါတယ်။ ပရိသတ်တွေနဲ့ ဆယ်လီ စုံထောက်လေးယောက်က ဘယ်သူကို သိချင်တယ်ဆိုတဲ့ အကြောင်းကို မဲပေးပြီး ဆုံးဖြတ်ကြပါတယ်။ အဲ့ဒီလို ဆုံးဖြတ်ချက်ချတဲ့အချိန်မှာတော့ ပြိုင်ပွဲဝင်ဟာ မျက်နှာဖုံး ချွတ်ချပေးပြီး သူရဲ့ရုပ်အမှန်ကို ပြောပြရတာပါ။



ပြီးခဲ့တဲ့ သောကြာညကတော့ The Mask Singer Myanmar ရဲ့ Group B ထဲက တစ်ယောက်က နှုတ်ဆက်ထွက်ခွါသွားခဲ့ရပါတယ်။ အဲ့ဒီသူကတော့ ဇီးကွက်ဖြူလေးပဲဖြစ်ပါတယ်။ အဲ့ဒီဇီးကွက် လေးကတော့ တကယ့်ကိုချစ်စရာကောင်းလွန်းတဲ့ ဟန်တီ ဖြစ်နေခဲ့ပါတယ်။ ဟန်တီ လို့ထင်မထားတဲ့ ဆယ်လီစုံထောက်တွေရော အံအားသင့်သွားခဲ့ပါတယ်။ အားလုံးလည်း ဒီပြိုင်ပွဲလေးကိုကြည့်ပြီး ခံစားရတဲ့စိတ်ခံစားချက်လေးတွေကို ပြောပြပေးသွားပါဦးနော်။



Unicode





CredutL Yangon News 

Previous
Next Post »
Powered by Blogger.