တင့္ကား ဆီတိုင္ကီဖြင့္ၾကည့္ၿပီး ေဒၚလာ သန္းႂကြယ္သေငွးျဖစ္သြားတဲ့သူ





Zawgyi ျဖင့္ဖတ္ရန္

တင့္ကားစုေဆာင္း ဝါသနာရွင္တဦဟာ ေပါင္ ၃ ေသာင္းတန္ တင့္ကားတစီးရဲ႕ ဆီတိုင္ကီထဲမွာ ျမႇဳပ္ႏွံထားတဲ့ ေပါင္ ၂ သန္းတန္ ေ႐ႊေခ်ာင္းေတြ ေတြ႕ရွိခဲ့ပါတယ္။အသက္ ၅၅ ႏွစ္အ႐ြယ္ တင့္ကားစုေဆာင္းသူ နစ္က္မဲဒ္ဟာ သူစုေဆာင္းထားတဲ့ စစ္ယာဥ္ ၁၅၀ ထဲက ႐ုရွားလုပ္ တီ ၅၄/၆၉ တင့္ကားထဲကေန ေ႐ႊေခ်ာင္း ၅ ေခ်ာင္း ရွာေတြ႕ခဲ့တာပါ။



နစ္က္နဲ႔ ကားျပင္ဆရာေတာ့ဒ္ခ်ိန္ဘာလိန္တို႔ ဗုံးရွင္းလင္းေရးအဖြဲ႕ကို ဒီဇယ္ဆီတိုင္ကီထဲ ဘာလက္နက္မွ မရွိေၾကာင္းျပဖို႔ ဆီတိုင္ကီအဖုံးကို ဖြင့္ၿပီး ဓာတ္ပုံ ႐ိုက္ကူးခဲ့ၾကတာပါ။ဆီတိုင္ကီကိုဖြင့္တဲ့အခ်ိန္မွာ ၁၂ ေပါင္ (၅ ကီလိုဂရမ္) စီေလးတဲ့ ေ႐ႊေခ်ာင္းေတြကို ဆြဲထုတ္မိသြားတာလို႔ ဆိုပါတယ္။

ဒီေ႐ႊအေလးခ်ိန္ကို အၾကမ္းဖ်င္းတြက္ခ်က္ရင္ ေပါင္ ၂ သန္းေလာက္တန္တယ္လို႔ ေတာ့ဒ္က ေျပာပါတယ္။

“ဒီေ႐ႊေတြကိုျမင္ေတာ့ က်ေနာ္တို႔ ဘာလုပ္ရမွန္းမသိဘူး၊ ေ႐ႊသြားေရာင္းမယ္ေနရာဆီလည္း ဘာမွ မေမးခံရပဲ ေ႐ႊ ၅ ေခ်ာင္းစလုံး ယူသြားဖို႔ဆိုတာ မျဖစ္ႏိုင္ဘူး၊ ဒါေၾကာင့္ က်ေနာ္တို႔ ရဲပဲေခၚလိုက္တယ္” လို႔ ေတာ့က ထပ္ေျပာပါတယ္။





နစ္က စစ္ေလာ္ရီကား ေရာင္းဝယ္ေရး လုပ္ေနသူ တဦးျဖစ္ၿပီး တင့္ကား တီ၅၄/၆၉ ကို အီးေဘအေရာင္းအင္တာနက္စာမ်က္ႏွာမွာ ေၾကာ္ျငာၿပီးေနာက္ ေပါင္ ၃ ေသာင္းနဲ႔ ေစ်းတည့္ခဲ့တာလို႔ ဆိုပါတယ္။

ဒီေ႐ႊေတြဟာ ဂါ့ဖ္စစ္ပြဲအတြင္း ကူဝိတ္မွာရွိတဲ့ အီရက္စစ္သားေတြက လုယက္ထားတာျဖစ္မယ္ အဲဒီေနာက္ ဒီတင့္ကားကို ၿဗိတိန္လူမ်ိဳးေတြလက္ထဲ လြဲေျပာင္းေပးလိုက္တာလို႔ နစ္က္တို႔က ယူဆေနၾကပါတယ္။



ရဲကိုေခၚၿပီးေနာက္ ေ႐ႊေခ်ာင္းေတြကို ရဲအရာရွိ ႏွစ္ဦးက သယ္ေဆာင္သြားၿပီး သူတို႔ကို လက္ခံရရွိတဲ့ သက္ေသခံစာ႐ြက္တစ္ခု ေပးခဲ့တယ္လို႔ ဆိုပါတယ္။

ေ႐ႊေတြကို လန္ဒန္ရဲ႕ မီးခံေသတၱာထဲမွာ သိမ္းထားတယ္လို႔ သိရၿပီး “ေ႐ႊေတြျပန္မရလည္း က်ေနာ့္ရဲ႕လွပတဲ့ တင့္ကားရွိေနေသးတယ္” လို႔ နစ္က္ကေျပာပါတယ္။ရဲေျပာေရးဆိုခြင့္ရွိသူကေတာ့ စုံစမ္းစစ္ေဆးေရးကာလျဖစ္လို႔ ဘာမွတ္ခ်က္မွ မေပးဘူးလို႔ ဆိုပါတယ္။

share from:xyznews


Unicode ဖြင့်ဖတ်ရန်

တင့်ကား ဆီတိုင်ကီဖွင့်ကြည့်ပြီး ဒေါ်လာ သန်းကြွယ်သငှေးဖြစ်သွားတဲ့သူ


တင့်ကားစုဆောင်း ဝါသနာရှင်တဦဟာ ပေါင် ၃ သောင်းတန် တင့်ကားတစီးရဲ့ ဆီတိုင်ကီထဲမှာ မြှုပ်နှံထားတဲ့ ပေါင် ၂ သန်းတန် ရွှေချောင်းတွေ တွေ့ရှိခဲ့ပါတယ်။
အသက် ၅၅ နှစ်အရွယ် တင့်ကားစုဆောင်းသူ နစ်က်မဲဒ်ဟာ သူစုဆောင်းထားတဲ့ စစ်ယာဉ် ၁၅၀ ထဲက ရုရှားလုပ် တီ ၅၄/၆၉ တင့်ကားထဲကနေ ရွှေချောင်း ၅ ချောင်း ရှာတွေ့ခဲ့တာပါ။



နစ်က်နဲ့ ကားပြင်ဆရာတော့ဒ်ချိန်ဘာလိန်တို့ ဗုံးရှင်းလင်းရေးအဖွဲ့ကို ဒီဇယ်ဆီတိုင်ကီထဲ ဘာလက်နက်မှ မရှိကြောင်းပြဖို့ ဆီတိုင်ကီအဖုံးကို ဖွင့်ပြီး ဓာတ်ပုံ ရိုက်ကူးခဲ့ကြတာပါ။
ဆီတိုင်ကီကိုဖွင့်တဲ့အချိန်မှာ ၁၂ ပေါင် (၅ ကီလိုဂရမ်) စီလေးတဲ့ ရွှေချောင်းတွေကို ဆွဲထုတ်မိသွားတာလို့ ဆိုပါတယ်။

ဒီရွှေအလေးချိန်ကို အကြမ်းဖျင်းတွက်ချက်ရင် ပေါင် ၂ သန်းလောက်တန်တယ်လို့ တော့ဒ်က ပြောပါတယ်။

“ဒီရွှေတွေကိုမြင်တော့ ကျနော်တို့ ဘာလုပ်ရမှန်းမသိဘူး၊ ရွှေသွားရောင်းမယ်နေရာဆီလည်း ဘာမှ မမေးခံရပဲ ရွှေ ၅ ချောင်းစလုံး ယူသွားဖို့ဆိုတာ မဖြစ်နိုင်ဘူး၊ ဒါကြောင့် ကျနော်တို့ ရဲပဲခေါ်လိုက်တယ်” လို့ တော့က ထပ်ပြောပါတယ်။



နစ်က စစ်လော်ရီကား ရောင်းဝယ်ရေး လုပ်နေသူ တဦးဖြစ်ပြီး တင့်ကား တီ၅၄/၆၉ ကို အီးဘေအရောင်းအင်တာနက်စာမျက်နှာမှာ ကြော်ငြာပြီးနောက် ပေါင် ၃ သောင်းနဲ့ ဈေးတည့်ခဲ့တာလို့ ဆိုပါတယ်။

ဒီရွှေတွေဟာ ဂါ့ဖ်စစ်ပွဲအတွင်း ကူဝိတ်မှာရှိတဲ့ အီရက်စစ်သားတွေက လုယက်ထားတာဖြစ်မယ် အဲဒီနောက် ဒီတင့်ကားကို ဗြိတိန်လူမျိုးတွေလက်ထဲ လွဲပြောင်းပေးလိုက်တာလို့ နစ်က်တို့က ယူဆနေကြပါတယ်။



ရဲကိုခေါ်ပြီးနောက် ရွှေချောင်းတွေကို ရဲအရာရှိ နှစ်ဦးက သယ်ဆောင်သွားပြီး သူတို့ကို လက်ခံရရှိတဲ့ သက်သေခံစာရွက်တစ်ခု ပေးခဲ့တယ်လို့ ဆိုပါတယ်။

ရွှေတွေကို လန်ဒန်ရဲ့ မီးခံသေတ္တာထဲမှာ သိမ်းထားတယ်လို့ သိရပြီး “ရွှေတွေပြန်မရလည်း ကျနော့်ရဲ့လှပတဲ့ တင့်ကားရှိနေသေးတယ်” လို့ နစ်က်ကပြောပါတယ်။ရဲပြောရေးဆိုခွင့်ရှိသူကတော့ စုံစမ်းစစ်ဆေးရေးကာလဖြစ်လို့ ဘာမှတ်ချက်မှ မပေးဘူးလို့ ဆိုပါတယ်။

share from:xyznews


Previous
Next Post »
Powered by Blogger.