Zawgyi ျဖင့္ဖတ္ရန္
ကင္ဆာေရာဂါမ်ားထဲက မုန႔္ခ်ိဳအိတ္ကင္ဆာဟာ အေစာပိုင္းအေျခအေနမွာ ေရာဂါလကၡဏာျပခဲလွတဲ့အတြက္ အသံတိတ္လူသတ္သမားလို႔ေတာင္ သတ္မွတ္ျခင္းခံထားရတဲ့ ကင္ဆာေရာဂါျဖစ္ပါတယ္။
သုေတသီေတြရဲ႕ ေလ့လာခ်က္အရ မုန႔္ခ်ိဳအိတ္ကင္ဆာျဖစ္ပြားသူ 100မွာ 91% ရာခိုင္ႏႈန္းေသာ လူနာေတြဟာ အသက္ဆုံးရႈံးႏိုင္ၿပီး 9%သာ အသက္ရွင္သန္ႏိုင္တယ္လို႔ သိရပါတယ္။
အေစာပိုင္းမွာ နာက်င္မႈမရွိဘူးဆိုေပမယ့္ ကင္ဆာျဖစ္ေနၿပီလို႔ သံသယဝင္ႏိုင္တဲ့အခ်က္ေတြရွိပါတယ္။ ပထမဆုံးအခ်က္ကေတာ့ အသားဝါေရာဂါရဲ႕ လကၡဏာတစ္ခုျဖစ္တဲ့ အသားအေရဝါျခင္းပဲျဖစ္ပါတယ္။
အသားဝါေရာဂါျဖစ္လာၿပီဆို အသားအရည္သာမက မ်က္လုံးေတြပါ ဝါလာတတ္ပါတယ္။
အသည္းဟာ သည္းေျခရည္ကို ထုတ္ေပးပါတယ္။တကယ္လို႔ ကင္ဆာစျဖစ္တဲ့အခ်ိန္မွာ သည္းေျခရည္ႁပြန္ဟာ အႏၲရာယ္ရွိၿပီး အနားကအရာေတြကိုလည္း ပ်ံ႕ႏွ႔ၿပီး အႏၲရာယ္မ်ားႏိုင္ပါတယ္။ ထိုအခ်ိန္မ်ိဳးမွာ ဆီးအေရာင္လည္း ေျပာင္းေနႏိုင္ပါတယ္။
ေနာက္ထပ္ သိသာထင္ရွားေစတဲ့အခ်က္ကေတာ့ အေၾကာင္းအရင္းမရွိဘဲ ခႏၶာကိုယ္အေလးခ်ိန္ က်ဆင္းသြားျခင္းပဲျဖစ္ပါတယ္။
မုန႔္ခ်ိဳအိတ္ကင္ဆာေရာဂါျဖစ္လာခ်ိန္မွာ အစာအိမ္ကို ဖိထားသလိုျဖစ္တဲ့ အက်ိတ္ေလးေတြျဖစ္လာျခင္းေၾကာင့္ ကိုယ္အေလးခ်ိန္က်ဆင္းျခင္းျဖစ္ပါတယ္။ မုန႔္ခ်ိဳအိတ္ကလည္း အစာေျခရည္ထုတ္ေပးႏိုင္မႈအား မလုံေလာက္တာေၾကာင့္လည္း ထိုသို႔သက္ေရာက္မႈျဖစ္ျခင္းျဖစ္တယ္ လို႔ေဖာ္ျပထားပါတယ္။
ဒီလိုအေျခအေနမ်ိဳးဟာ ဝိတ္က်ျခင္းကိုသာမက ပ်ိဳ႕အန္ျခင္းကိုလည္း ျဖစ္ေစႏိုင္တယ္လို႔ သိရပါတယ္။ တျဖည္းျဖည္းနဲ႔ အစားစားၿပီးခ်ိန္တိုင္း ပ်ိဳ႕အန္ခ်င္သလိုျဖစ္ၿပီး မအီမသာခံစားရၿပီဆိုရင္ေတာ့ သတိထားဖို႔လိုလာပါၿပီ။
ေနာက္ထပ္တစ္ခ်က္ကေတာ့ ကင္ဆာေရာဂါေၾကာင့္ ျဖစ္ေပၚလာတဲ့ အက်ိတ္ေတြေၾကာင့္ အစာေျခစနစ္ကို ေရေတြပိုေရာက္တဲ့အတြက္ ဝမ္းေလ်ာျခင္းကိုလည္းခံစားရႏိုင္ပါတယ္။
ရာသီလာျခင္းနဲ႔ အျခားေသာအေျခအေနေတြေၾကာင့္ ဝမ္းဗိုက္နဲ႔ေနာက္ေက်ာနာက်င္ျခင္းေတြျဖစ္တတ္ပါတယ္။ ကင္ဆာျဖစ္ခ်ိန္မွာေတာ့ အက်ိတ္ေတြဟာ ႀကီးထြားလာၿပီး သင့္ရဲ႕ဝမ္းဗိုက္ကိုဖိတဲ့အတြက္ ဆိုး႐ြားတဲ့နာက်င္မႈကို ခံစားရတတ္ပါတယ္။
ေသြးခဲျခင္းကလည္း သတိျပဳသင့္တဲ့ လကၡဏာတစ္ရပ္ျဖစ္ပါတယ္။ ေသြးေၾကာႀကီးေတြထဲမွာ ေသြးခဲတာအျပင္ အဆုတ္မွာ ေသြးခဲတာေတြျဖစ္လာတဲ့အခါ အသက္ရႉရခက္တဲ့ အေျခအေနေတြ ျဖစ္ေပၚေစပါတယ္။
ေနာက္ဆုံးအခ်က္ကေတာ့ သင့္ခႏၶာကိုယ္ထဲက သၾကားဓာတ္ျမင့္တတ္လာျခင္းပဲျဖစ္ပါတယ္။ ေသြးထဲမွာရွိတဲ့ သၾကားဓာတ္ျမင့္တတ္လာျခင္းေၾကာင့္ ဆီးခ်ိဳေရာဂါခံစားရ႐ုံသာမက သင့္ကို ခဏခဏ ေရဆာျခင္း ဗိုက္ဆာျခင္း ျဖစ္ေပၚလာေစမယ္လို႔ သိရပါတယ္။
Writer -LLA ( Shwe Yaung Lan )
Unicode ဖြင့်ဖတ်ရန်
မုန့်ချိုအိတ်ကင်ဆာ ဖြစ်ပွားတော့မယ့် လက္ခဏာ ၇ ခု အကြောင်း(လူတိုင်းဖတ်သင့်ပါတယ်)
ကင်ဆာရောဂါများထဲက မုန့်ချိုအိတ်ကင်ဆာဟာ အစောပိုင်းအခြေအနေမှာ ရောဂါလက္ခဏာပြခဲလှတဲ့အတွက် အသံတိတ်လူသတ်သမားလို့တောင် သတ်မှတ်ခြင်းခံထားရတဲ့ ကင်ဆာရောဂါဖြစ်ပါတယ်။
သုတေသီတွေရဲ့ လေ့လာချက်အရ မုန့်ချိုအိတ်ကင်ဆာဖြစ်ပွားသူ 100မှာ 91% ရာခိုင်နှုန်းသော လူနာတွေဟာ အသက်ဆုံးရှုံးနိုင်ပြီး 9%သာ အသက်ရှင်သန်နိုင်တယ်လို့ သိရပါတယ်။
အစောပိုင်းမှာ နာကျင်မှုမရှိဘူးဆိုပေမယ့် ကင်ဆာဖြစ်နေပြီလို့ သံသယဝင်နိုင်တဲ့အချက်တွေရှိပါတယ်။ ပထမဆုံးအချက်ကတော့ အသားဝါရောဂါရဲ့ လက္ခဏာတစ်ခုဖြစ်တဲ့ အသားအရေဝါခြင်းပဲဖြစ်ပါတယ်။
အသားဝါရောဂါဖြစ်လာပြီဆို အသားအရည်သာမက မျက်လုံးတွေပါ ဝါလာတတ်ပါတယ်။
အသည်းဟာ သည်းခြေရည်ကို ထုတ်ပေးပါတယ်။တကယ်လို့ ကင်ဆာစဖြစ်တဲ့အချိန်မှာ သည်းခြေရည်ပြွန်ဟာ အန္တရာယ်ရှိပြီး အနားကအရာတွေကိုလည်း ပျံ့နှ့ပြီး အန္တရာယ်များနိုင်ပါတယ်။ ထိုအချိန်မျိုးမှာ ဆီးအရောင်လည်း ပြောင်းနေနိုင်ပါတယ်။
နောက်ထပ် သိသာထင်ရှားစေတဲ့အချက်ကတော့ အကြောင်းအရင်းမရှိဘဲ ခန္ဓာကိုယ်အလေးချိန် ကျဆင်းသွားခြင်းပဲဖြစ်ပါတယ်။
မုန့်ချိုအိတ်ကင်ဆာရောဂါဖြစ်လာချိန်မှာ အစာအိမ်ကို ဖိထားသလိုဖြစ်တဲ့ အကျိတ်လေးတွေဖြစ်လာခြင်းကြောင့် ကိုယ်အလေးချိန်ကျဆင်းခြင်းဖြစ်ပါတယ်။ မုန့်ချိုအိတ်ကလည်း အစာခြေရည်ထုတ်ပေးနိုင်မှုအား မလုံလောက်တာကြောင့်လည်း ထိုသို့သက်ရောက်မှုဖြစ်ခြင်းဖြစ်တယ် လို့ဖော်ပြထားပါတယ်။
ဒီလိုအခြေအနေမျိုးဟာ ဝိတ်ကျခြင်းကိုသာမက ပျို့အန်ခြင်းကိုလည်း ဖြစ်စေနိုင်တယ်လို့ သိရပါတယ်။ တဖြည်းဖြည်းနဲ့ အစားစားပြီးချိန်တိုင်း ပျို့အန်ချင်သလိုဖြစ်ပြီး မအီမသာခံစားရပြီဆိုရင်တော့ သတိထားဖို့လိုလာပါပြီ။
k
နောက်ထပ်တစ်ချက်ကတော့ ကင်ဆာရောဂါကြောင့် ဖြစ်ပေါ်လာတဲ့ အကျိတ်တွေကြောင့် အစာခြေစနစ်ကို ရေတွေပိုရောက်တဲ့အတွက် ဝမ်းလျောခြင်းကိုလည်းခံစားရနိုင်ပါတယ်။
ရာသီလာခြင်းနဲ့ အခြားသောအခြေအနေတွေကြောင့် ဝမ်းဗိုက်နဲ့နောက်ကျောနာကျင်ခြင်းတွေဖြစ်တတ်ပါတယ်။ ကင်ဆာဖြစ်ချိန်မှာတော့ အကျိတ်တွေဟာ ကြီးထွားလာပြီး သင့်ရဲ့ဝမ်းဗိုက်ကိုဖိတဲ့အတွက် ဆိုးရွားတဲ့နာကျင်မှုကို ခံစားရတတ်ပါတယ်။
သွေးခဲခြင်းကလည်း သတိပြုသင့်တဲ့ လက္ခဏာတစ်ရပ်ဖြစ်ပါတယ်။ သွေးကြောကြီးတွေထဲမှာ သွေးခဲတာအပြင် အဆုတ်မှာ သွေးခဲတာတွေဖြစ်လာတဲ့အခါ အသက်ရှူရခက်တဲ့ အခြေအနေတွေ ဖြစ်ပေါ်စေပါတယ်။
နောက်ဆုံးအချက်ကတော့ သင့်ခန္ဓာကိုယ်ထဲက သကြားဓာတ်မြင့်တတ်လာခြင်းပဲဖြစ်ပါတယ်။ သွေးထဲမှာရှိတဲ့ သကြားဓာတ်မြင့်တတ်လာခြင်းကြောင့် ဆီးချိုရောဂါခံစားရရုံသာမက သင့်ကို ခဏခဏ ရေဆာခြင်း ဗိုက်ဆာခြင်း ဖြစ်ပေါ်လာစေမယ်လို့ သိရပါတယ်။
Writer -LLA ( Shwe Yaung Lan )
Sign up here with your email
ConversionConversion EmoticonEmoticon