ညစ္ညမ္း႐ုပ္ရွင္ၾကည့္သည္ဟု စြပ္စြဲခံရၿပီး ေဝဖန္တိုက္ခိုက္ခံရသည့္ အမ်ိဳးသမီးအဆိုေတာ္




Zawgyi ျဖင့္ဖတ္ရန္

ကေနဒါႏိုင္ငံမွ မြတ္ဆလင္ အမ်ိဳးသမီးအဆိုေတာ္တဦးဟာ ညစ္ညမ္း႐ုပ္ရွင္ၾကည့္တယ္လို႔ မွားယြင္းစြပ္စြဲခံခဲ့ရၿပီးေနာက္ သူ႔ကို မိန္းမပ်က္တဦးအျဖစ္ ေဝဖန္တိုက္ခိုက္ေနၾကပါတယ္။

အသက္ ၃၅ ႏွစ္အ႐ြယ္ ကေနဒါႏိုင္ငံသူ ေမာ့ဇ္ဒါ ဂ်ာမယ္လ္ဇာဒါဟာ အင္စတာဂရမ္ စာမ်က္ႏွာေပၚမွတဆင့္ ကိုယ္တိုင္႐ိုက္ ႐ုပ္သံဗြီဒီယိုဖိုင္တခု မွ်ေဝခဲ့ခ်ိန္မွာ ခုလို စြပ္စြဲခံခဲ့ရတာပါ။

သူဟာ ၿပီးခဲ့တဲ့သီတင္းပတ္တုန္းက ထြက္ရွိထားတဲ့ Vancouver သီခ်င္းအယ္လ္ဘမ္အတြက္ အလုပ္လုပ္ခ်ိန္တုန္းက သရဲေျခာက္ခံခဲ့ရတဲ့အေၾကာင္း ပရိသတ္ေတြကို ေျပာျပခဲ့တာပါ။

ဒါေပမယ့္ သူ႔ရဲ႕ေနာက္မွာရွိေနတဲ့ ကြန္ပူ်တာမ်က္ႏွာျပင္မွာေတာ့ ဘီကီနီဝတ္ အမ်ိဳးသမီးတဦးဟာ အမ်ိဳးသားတဦးနဲ႔ ေရကူးကန္ထဲမွာ ရွိေနခဲ့တဲ့ ျမင္ကြင္းကို ေတြ႕ခဲ့ရၿပီး အဲဒါဟာ ညစ္ညမ္း႐ုပ္ရွင္ကားထဲက ျဖစ္တယ္ဆိုတဲ့ စြပ္စြဲခ်က္ေတြနဲ႔ ေဝဖန္မႈေတြ ျမင့္တက္ခဲ့တာ ျဖစ္ပါတယ္။

စိတ္ဆိုးေဒါသထြက္ေနၾကတဲ့ ပရိသတ္ေတြဟာ သူ႔ကို မိန္းမပ်က္မလို႔ ေခၚခဲ့ၾကၿပီး ငရဲမွာ ျပာက်မယ့္သူလို႔ ေဝဖန္တိုက္ခိုက္ခဲ့ၾကတာပါ။

ဒါေပမယ့္ ေနာက္ပိုင္းမွာေတာ့ အဲဒါဟာ သဲထိတ္ရင္ဖို ႐ုပ္ရွင္ကားတကားထဲက ဇာတ္ဝင္ခန္းျဖစ္တယ္လို႔ အဆိုေတာ္က ျပန္ေျဖရွင္းခဲ့ပါတယ္။

“ၿပီးခဲ့တဲ့ရက္ပိုင္းက ျဖစ္ခဲ့တဲ့ ဒီအျဖစ္အပ်က္အတြက္ က်မ တကယ့္ကို နင့္နင့္သည္းသည္း စိတ္မေကာင္းျဖစ္ရပါတယ္။ လူမႈကြန္ရက္ စာမ်က္ႏွာေတြေပၚမွာ ဒါကို ဆိုးဆိုးဝါးဝါး ေဝဖန္ေနၾကတယ္။ ညစ္ညမ္းဗြီဒီယိုကို က်မ အြန္လိုင္းေပၚ မတင္ခဲ့ပါဘူး။ က်မရဲ႕ ထုတ္လုပ္သူဟာ အဲဒီအခ်ိန္မွာ ယူက်ဳကေန သရဲ႐ုပ္ရွင္ကားေတြမွာ သရဲက ဘယ္လိုေပၚလာသလဲဆိုတာကို ကလစ္ပ္ေတြကတဆင့္ ၾကည့္ေနခဲ့တာပါ။ ခု က်မရဲ႕႐ုပ္သံထဲမွာ ပါသြားတဲ့ ႐ုပ္ရွင္ကားနမူနာကေတာ့ Hex လို႔ အမည္ရတဲ့ ႐ုပ္ရွင္ကားထဲက ဇာတ္ဝင္ခန္းျဖစ္ပါတယ္။”

အစၥလာမ္ဘာသာဝင္ေတြရဲ႕ ကမာၻမွာေတာ့ ညစ္ညမ္းတဲ့ျပကြက္ေတြ မဆိုထားနဲ႔ အမ်ိဳးသားနဲ႔ အမ်ိဳးသမီး ေပြ႕ဖက္နမ္းရႈပ္ေနၾကတယ္ဆိုရင္ေတာင္ ဒါဟာ ထုံးထမ္းစဥ္လာကို ေဖာက္ဖ်က္တာပဲလို႔ ဆိုပါတယ္။

လက္ရွိမွာေတာ့ သူ႔ကို အင္တာနက္စာမ်က္ႏွာေတြေပၚမွာ ရင့္သီး႐ိုင္းစိုင္းတဲ့ စကားလုံးေတြနဲ႔ ထိုးႏွက္တိုက္ခိုက္ေနၾကတာပါ။

တခ်ိဳ႕ကေတာ့ ဒီကိစၥကို ရွင္းျပခဲ့ၿပီျဖစ္လို႔ စိတ္ဓာတ္မက်ဖို႔ အားေပးခဲ့ၾကၿပီး ဒီ့ထက္ပိုဆိုးလာရင္ေတာ့ သူ႔အေနနဲ႔ ရဲကို အေၾကာင္းၾကား ေျဖရွင္းသြားမွာျဖစ္တယ္လို႔ အဆိုေတာ္က ေျပာပါတယ္။

share from:xyznews

Unicode ဖြင့်ဖတ်ရန်

ညစ်ညမ်းရုပ်ရှင်ကြည့်သည်ဟု စွပ်စွဲခံရပြီး ဝေဖန်တိုက်ခိုက်ခံရသည့် အမျိုးသမီးအဆိုတော်




ကနေဒါနိုင်ငံမှ မွတ်ဆလင် အမျိုးသမီးအဆိုတော်တဦးဟာ ညစ်ညမ်းရုပ်ရှင်ကြည့်တယ်လို့ မှားယွင်းစွပ်စွဲခံခဲ့ရပြီးနောက် သူ့ကို မိန်းမပျက်တဦးအဖြစ် ဝေဖန်တိုက်ခိုက်နေကြပါတယ်။

အသက် ၃၅ နှစ်အရွယ် ကနေဒါနိုင်ငံသူ မော့ဇ်ဒါ ဂျာမယ်လ်ဇာဒါဟာ အင်စတာဂရမ် စာမျက်နှာပေါ်မှတဆင့် ကိုယ်တိုင်ရိုက် ရုပ်သံဗွီဒီယိုဖိုင်တခု မျှဝေခဲ့ချိန်မှာ ခုလို စွပ်စွဲခံခဲ့ရတာပါ။

သူဟာ ပြီးခဲ့တဲ့သီတင်းပတ်တုန်းက ထွက်ရှိထားတဲ့ Vancouver သီချင်းအယ်လ်ဘမ်အတွက် အလုပ်လုပ်ချိန်တုန်းက သရဲခြောက်ခံခဲ့ရတဲ့အကြောင်း ပရိသတ်တွေကို ပြောပြခဲ့တာပါ။

ဒါပေမယ့် သူ့ရဲ့နောက်မှာရှိနေတဲ့ ကွန်ပူျတာမျက်နှာပြင်မှာတော့ ဘီကီနီဝတ် အမျိုးသမီးတဦးဟာ အမျိုးသားတဦးနဲ့ ရေကူးကန်ထဲမှာ ရှိနေခဲ့တဲ့ မြင်ကွင်းကို တွေ့ခဲ့ရပြီး အဲဒါဟာ ညစ်ညမ်းရုပ်ရှင်ကားထဲက ဖြစ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ဝေဖန်မှုတွေ မြင့်တက်ခဲ့တာ ဖြစ်ပါတယ်။

စိတ်ဆိုးဒေါသထွက်နေကြတဲ့ ပရိသတ်တွေဟာ သူ့ကို မိန်းမပျက်မလို့ ခေါ်ခဲ့ကြပြီး ငရဲမှာ ပြာကျမယ့်သူလို့ ဝေဖန်တိုက်ခိုက်ခဲ့ကြတာပါ။

ဒါပေမယ့် နောက်ပိုင်းမှာတော့ အဲဒါဟာ သဲထိတ်ရင်ဖို ရုပ်ရှင်ကားတကားထဲက ဇာတ်ဝင်ခန်းဖြစ်တယ်လို့ အဆိုတော်က ပြန်ဖြေရှင်းခဲ့ပါတယ်။

“ပြီးခဲ့တဲ့ရက်ပိုင်းက ဖြစ်ခဲ့တဲ့ ဒီအဖြစ်အပျက်အတွက် ကျမ တကယ့်ကို နင့်နင့်သည်းသည်း စိတ်မကောင်းဖြစ်ရပါတယ်။ လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာ ဒါကို ဆိုးဆိုးဝါးဝါး ဝေဖန်နေကြတယ်။ ညစ်ညမ်းဗွီဒီယိုကို ကျမ အွန်လိုင်းပေါ် မတင်ခဲ့ပါဘူး။ ကျမရဲ့ ထုတ်လုပ်သူဟာ အဲဒီအချိန်မှာ ယူကျုကနေ သရဲရုပ်ရှင်ကားတွေမှာ သရဲက ဘယ်လိုပေါ်လာသလဲဆိုတာကို ကလစ်ပ်တွေကတဆင့် ကြည့်နေခဲ့တာပါ။ ခု ကျမရဲ့ရုပ်သံထဲမှာ ပါသွားတဲ့ ရုပ်ရှင်ကားနမူနာကတော့ Hex လို့ အမည်ရတဲ့ ရုပ်ရှင်ကားထဲက ဇာတ်ဝင်ခန်းဖြစ်ပါတယ်။”

အစ္စလာမ်ဘာသာဝင်တွေရဲ့ ကမ္ဘာမှာတော့ ညစ်ညမ်းတဲ့ပြကွက်တွေ မဆိုထားနဲ့ အမျိုးသားနဲ့ အမျိုးသမီး ပွေ့ဖက်နမ်းရှုပ်နေကြတယ်ဆိုရင်တောင် ဒါဟာ ထုံးထမ်းစဉ်လာကို ဖောက်ဖျက်တာပဲလို့ ဆိုပါတယ်။

လက်ရှိမှာတော့ သူ့ကို အင်တာနက်စာမျက်နှာတွေပေါ်မှာ ရင့်သီးရိုင်းစိုင်းတဲ့ စကားလုံးတွေနဲ့ ထိုးနှက်တိုက်ခိုက်နေကြတာပါ။

တချို့ကတော့ ဒီကိစ္စကို ရှင်းပြခဲ့ပြီဖြစ်လို့ စိတ်ဓာတ်မကျဖို့ အားပေးခဲ့ကြပြီး ဒီ့ထက်ပိုဆိုးလာရင်တော့ သူ့အနေနဲ့ ရဲကို အကြောင်းကြား ဖြေရှင်းသွားမှာဖြစ်တယ်လို့ အဆိုတော်က ပြောပါတယ်။

share from:xyznews


Previous
Next Post »
Powered by Blogger.