Zawgyi ဖြင့်ဖတ်ရန်
Unicode ဖြင့်ဖတ်ရန်
အရမ်းအေးတဲ့ ဆောင်းရာသီ မန္တလေး ကျုံးဘေးက Food Box မှာ လက်ရှိ အခြေအနေတစ်ခု
မန္တလေးဟာ မြန်မာ့နောက်ဆုံးဘုရင်ဖြစ်တဲ့ သီပေါမင်း နန်းစိုက်ရာ မြန်မာနိုင်ငံအလယ်ပိုင်းက မြို့တော်တစ်ခုဖြစ်ပါတယ်…မန္တလေးတောင်နဲ့ မန္တလေးကျုံးအလှက မန္တလေးကို ရောက်သူတိုင်း သွားကြည့်ကြရတဲ့ တကယ့်သာယာလှပပြီး ဂုဏ်ယူစရာကောင်းတဲ့ နေရာတွေပဲ ဖြစ်ပါတယ်…
မန္တလေးသူ မန္တလေးသားတွေဟာလည်း သဘောကောင်းဖော်ရွေကြပြီးတော့ အလှူအတန်းမှာဆိုလည်း လက်နှေးတဲ့သူတွေ မဟုတ်ပါဘူး….
ခုလည်းပဲ အရမ်းကို အေးလွန်းတဲ့ ဆောင်းရာသီမှာ မရှိဆင်းရဲသူတွေ အနွေးထည်မရှိဘဲ ချမ်းအေးနေမှာစိုးလို့ မန္တလေးကျုံးဘေးမှာ ရှိတဲ့ Food Box လေးမှာ အနွေးထည်လေးတွေ အခမဲ့လှူဒါန်းပေးထားတာပဲ ဖြစ်ပါတယ်…
ဒီ Idea ကတော့ မ Angel MinnSway ရဲ့ Idea ဖြစ်ပြီးတော့ အရမ်းအေးနေတဲ့ အချိန်မှာ ခုလိုမျိုးလေးလှူချင်လို့ လှူဒါန်းခဲ့တာ ဖြစ်ပြီးတော့ တကယ်လိုအပ်သူတွေကလည်း စနစ်တကျ ယူနေကြတာတွေ့လို့ ကြည်နူးမိပါတယ်ဆိုပြီး ဟူ ရ် ဆိုတဲ့ လူမှုကွန်ရက်စာမျက်နှာမှာ မျှဝေထားတာပဲ ဖြစ်ပါတယ်…
တကယ့်ကို သာဓုခေါ်ဖွယ်အလှူလေးဖြစ်ပါတယ်…အရင်နှစ်တွေနဲ့ မတူ အရမ်းကို အေးတဲ့ ဆောင်းရာသီမှာ ခုလို အနွေးထည်တွေ လှူဒါန်းပေးတာဟာ လိုအပ်သူတွေအတွက်ကတော့ တကယ့်ကို အသုံးဝင်တာပါပဲ……
မန္တလေးက ပရိသတ်ကြီးတွေလည်း လှူချင်တယ်ဆိုရင် ကျုံးဘေးက Food Box မှာ သွားရောက်လှူဒါန်းနိုင်ပါတယ်နော်..
Writer – HW (Shwe Yaung Lan)
Sign up here with your email
ConversionConversion EmoticonEmoticon