ဆံပင္ ေဆးဆိုးတဲ့ မိန္းကေလးေတြမွာ ျဖစ္တတ္တဲ့ ေၾကာက္စရာ ကင္ဆာေရာဂါ တစ္မ်ိဳး




Zawgyi ျဖင့္ဖတ္ရန္

ေခတ္မီလွတဲ့ ေခတ္ႀကီးမွာ မိန္းကေလးေတြအားလုံးနည္းပါး ဆံပင္ကို ေျဖာင့္လိုက္ ၊ေကာက္လိုက္ ၊ ေဆးဆိုးလိုက္ ၊ပုံသြင္းလိုက္ ၊ ဖေယာင္းသြင္းလိုက္ ၊ စက္ဆြဲလိုက္နဲ႔မ်ိဳးစုံလုပ္တတ္ၾကပါတယ္ေနာ္။ အထူးသျဖင့္ မိန္းမပ်ိဳေလးေတြက အလုပ္မ်ားပါတယ္။သူ႔ရဲ႕ေဈးကလည္း မေပါ့လွပါဘူး။ ဆိုင္ရဲ႕နာမည္အေပၚမူတည္ၿပီး လက္ရာေပၚမွာလည္း ေဈးက ေကာင္းလွပါတယ္။



အထူးသျဖင့္ ဒီလို ေဆးဆိုးတာေတြ ၊ ဓာတုေဆးေတြနဲ႔ ဆံပင္ကို ျပဳျပင္ပုံေဖာ္ ၊ ပုံသြင္းတာေတြဟာ ရင္သားကင္ဆာကို ျဖစ္ႏိုင္ေျခ ၆၀ ရာခိုင္ႏႈန္းရွိတယ္လို႔ NCI လို႔ေခၚတဲ့Nation Cancer Institude ကေန သုေတသန စစ္တမ္းတစ္ခုျပဳလုပ္ၿပီး ထုတ္ျပန္လိုက္ပါတယ္။ ဒီစစ္တမ္းကိုေတာ့ အာဖရိက ႏြယ္ဖြား အေမရိကန္အမ်ိဳးသမီးေတြကိုေကာက္ယူခဲ့တာျဖစ္ၿပီးေတာ့ သူတို႔ဟာ ကမာၻေပၚမွာ ဆံပင္ပုံသြင္းျခင္း ၊ ေဆးဆိုးျခင္းကို အမ်ားဆုံး ျပဳလုပ္သူေတြလည္းျဖစ္ပါတယ္။





ဒီစစ္တမ္းတစ္ရပ္အရ ဆံပင္ဆိုးေဆးေတြမွာ ေဖာ္မယ္ဒီဟိုက္လို႔ေခၚတဲ့ ဓာတုေဆးတစ္မ်ိဳးအပါအဝင္ ဓာတုေဆးေပါင္း ၅၀၀၀ နည္းပါးပါဝင္တယ္လို႔ဆိုပါတယ္။ အထူးသျဖင့္ ေဖာ္မယ္ဒီဟိုက္က ရင္သားကင္ဆာကိုျဖစ္ပြားေအာင္ လႈံ႕ေဆာ္ႏိုင္တာေၾကာင့္အမ်ိဳးသမီးမ်ားအတြက္ သတိထားသင့္တယ္လို႔ဆိုပါတယ္။ တစ္ခါတစ္ေလ သုံးစြဲသူေတြ အေနနဲ႔ ရင္သားကင္ဆာျဖစ္ႏိုင္ဖို႔ ေလ်ာ့နည္းေပမယ့္ တစ္လမွာ ၃ ခါ ေလာက္လုပ္တတ္သူေတြ ကေတာ့ သတိထားရမွာျဖစ္တယ္လို႔ ဆိုပါတယ္။



အခ်ိဳ႕လူေတြလည္း မ်က္ျမင္ျဖစ္ပါလိမ့္မယ္။ အခ်ိဳ႕ဆို အေရျပားနဲ႔ ဓာတုေဆးမတည့္လို႔ မ်က္စိေတြေရာင္လာတာေတြ ကိုလည္း ႀကဳံဖူးၾကမွာပါေနာ္။ အထူးသျဖင့္ အခါေပါင္းမ်ားစြာ ဆံပင္ပုံသြင္း ၊ေကာက္ ၊ ေျဖာင့္ ၊ ေဆးဆိုးလုပ္ရေလ့ရွိတဲ့ သ႐ုပ္ေဆာင္ေတြ အေနနဲ႔ အထူးသတိထားသင့္ပါတယ္။



ဒါေၾကာင့္ ပရိသတ္ႀကီးထဲက အမ်ိဳးသမီးေတြလည္း ေရွာင္က်ဥ္ႏိုင္ေအာင္ သတိေပးတင္ျပလိုက္ပါတယ္ေနာ္။

Writer – SMT( Shwe Yaung Lan)



Unicode ဖြင့်ဖတ်ရန်

ဆံပင် ဆေးဆိုးတဲ့ မိန်းကလေးတွေမှာ ဖြစ်တတ်တဲ့ ကြောက်စရာ ကင်ဆာရောဂါ တစ်မျိုး


ခေတ်မီလှတဲ့ ခေတ်ကြီးမှာ မိန်းကလေးတွေအားလုံးနည်းပါး ဆံပင်ကို ဖြောင့်လိုက် ၊ကောက်လိုက် ၊ ဆေးဆိုးလိုက် ၊ပုံသွင်းလိုက် ၊ ဖယောင်းသွင်းလိုက် ၊ စက်ဆွဲလိုက်နဲ့မျိုးစုံလုပ်တတ်ကြပါတယ်နော်။ အထူးသဖြင့် မိန်းမပျိုလေးတွေက အလုပ်များပါတယ်။
သူ့ရဲ့ဈေးကလည်း မပေါ့လှပါဘူး။ ဆိုင်ရဲ့နာမည်အပေါ်မူတည်ပြီး လက်ရာပေါ်မှာလည်း ဈေးက ကောင်းလှပါတယ်။



အထူးသဖြင့် ဒီလို ဆေးဆိုးတာတွေ ၊ ဓာတုဆေးတွေနဲ့ ဆံပင်ကို ပြုပြင်ပုံဖော် ၊ ပုံသွင်းတာတွေဟာ ရင်သားကင်ဆာကို ဖြစ်နိုင်ခြေ ၆၀ ရာခိုင်နှုန်းရှိတယ်လို့ NCI လို့ခေါ်တဲ့Nation Cancer Institude ကနေ သုတေသန စစ်တမ်းတစ်ခုပြုလုပ်ပြီး ထုတ်ပြန်လိုက်ပါတယ်။ ဒီစစ်တမ်းကိုတော့ အာဖရိက နွယ်ဖွား အမေရိကန်အမျိုးသမီးတွေကိုကောက်ယူခဲ့တာဖြစ်ပြီးတော့ သူတို့ဟာ ကမ္ဘာပေါ်မှာ ဆံပင်ပုံသွင်းခြင်း ၊ ဆေးဆိုးခြင်းကို အများဆုံး ပြုလုပ်သူတွေလည်းဖြစ်ပါတယ်။



ဒီစစ်တမ်းတစ်ရပ်အရ ဆံပင်ဆိုးဆေးတွေမှာ ဖော်မယ်ဒီဟိုက်လို့ခေါ်တဲ့ ဓာတုဆေးတစ်မျိုးအပါအဝင် ဓာတုဆေးပေါင်း ၅၀၀၀ နည်းပါးပါဝင်တယ်လို့ဆိုပါတယ်။ အထူးသဖြင့် ဖော်မယ်ဒီဟိုက်က ရင်သားကင်ဆာကိုဖြစ်ပွားအောင် လှုံ့ဆော်နိုင်တာကြောင့်
အမျိုးသမီးများအတွက် သတိထားသင့်တယ်လို့ဆိုပါတယ်။ တစ်ခါတစ်လေ သုံးစွဲသူတွေ အနေနဲ့ ရင်သားကင်ဆာဖြစ်နိုင်ဖို့ လျော့နည်းပေမယ့် တစ်လမှာ ၃ ခါ လောက်လုပ်တတ်သူတွေ ကတော့ သတိထားရမှာဖြစ်တယ်လို့ ဆိုပါတယ်။



အချို့လူတွေလည်း မျက်မြင်ဖြစ်ပါလိမ့်မယ်။ အချို့ဆို အရေပြားနဲ့ ဓာတုဆေးမတည့်လို့ မျက်စိတွေရောင်လာတာတွေ ကိုလည်း ကြုံဖူးကြမှာပါနော်။ အထူးသဖြင့် အခါပေါင်းများစွာ ဆံပင်ပုံသွင်း ၊ကောက် ၊ ဖြောင့် ၊ ဆေးဆိုးလုပ်ရလေ့ရှိတဲ့ သရုပ်
ဆောင်တွေ အနေနဲ့ အထူးသတိထားသင့်ပါတယ်။



ဒါကြောင့် ပရိသတ်ကြီးထဲက အမျိုးသမီးတွေလည်း ရှောင်ကျဉ်နိုင်အောင် သတိပေးတင်ပြလိုက်ပါတယ်နော်။

Writer – SMT( Shwe Yaung Lan)

Previous
Next Post »
Powered by Blogger.