Zawgyi ျဖင့္ဖတ္ရန္
အေတြးလြန္တဲ့အက်င့္က ကိုယ့္ကိုယ္ကို ဒုကၡေပးေနတတ္တဲ့ အက်င့္တစ္ခုပဲ ျဖစ္ပါတယ္။ စိတ္ရဲ႕ ခံစားမႈအမ်ိဳးမ်ိဳးကို လိုက္ၿပီး ခႏၶာကိုယ္က်န္းမာေရးလည္း ေျပာင္းလဲတဲ့ အတြက္ မလိုအပ္တဲ့ စိတ္ညစ္ညဴးေစမယ့္ အေတြးေတြ မရွိေလ ေကာင္းေလပါပဲ။ အေတြးလြန္ၿပီး စိတ္ပူေနရတာ ခံစားေနရတာ တကယ္လည္း သဘာဝ မက်တာမို႔ သင့္ကိုယ္သင္ပဲ ပင္ပန္းေစမွာပါ။ ဒါေၾကာင့္ အေတြးလြန္တာေတြ မျဖစ္ခ်င္ေတာ့ဘူး ဆိုရင္ေတာ့ ဒီအခ်က္ေတြကို လိုက္နာဖို႔ လိုအပ္ပါတယ္။
(၁) အေၾကာင္းအရင္းကိုရွာပါ။
တစ္ခါတစ္ေလ သင္ ဘာေတြးလို႔ ေတြးေနမွန္း မသိေတာ့တဲ့ အထိ ျဖစ္သြားတတ္တဲ့ အခ်ိန္ေတြ ရွိေနႏိုင္ပါတယ္။ သင္ ေတြးေနမိတာက ဘာအေၾကာင္းလဲ။ ဘယ္က စလဲ။ ဘယ္လို ေျဖရွင္းလို႔ ရႏိုင္လဲ ဆိုတာေတြကို တဆင့္ခ်င္း စဥ္းစားဖို႔ လိုအပ္ပါတယ္။ သင္ ေတြးသလို ဒီကိစၥ တကယ္ေရာ ႀကီးမားရဲ႕လား။ သင္က ဘာကို စိုးရိမ္တာလဲ ဘာကို ပူေဆြးသလဲ စတာေတြကို ေသခ်ာ စဥ္းစားၿပီး တစ္ဆင့္ခ်င္း ေတြးဖို႔ လိုအပ္ပါတယ္။ အေတြးလြန္ေနတာက အေျဖ မဟုတ္ပါဘူး။
(၂) တစ္ခုခု လုပ္ပါ။ စိတ္ကို အနားမေပးပါနဲ႔။
စိတ္ဆိုတဲ့အမ်ိဳးက တစ္ခုမဟုတ္ တစ္ခုေတြးေနတာမ်ိဳးပါ။ ဒါေၾကာင့္ အေတြးလြန္တာ မျဖစ္ေစဖို႔ သင့္ဦးေႏွာက္ကို အလုပ္ေပးဖို႔ လိုပါတယ္။ အိမ္အလုပ္ ပုံမွန္လုပ္ပါ။ မလုပ္ပဲ မထားပါနဲ႔။ သင္ ေလ့လာစရာရွိတာေတြ ေက်ာင္းစာေတြကို ပုံမွန္လုပ္ပါ။ ဒါေတြကို လုပ္လို႔ မရဘူးဆိုရင္ေတာ့ ႐ုပ္ရွင္ၾကည့္ပါ။ ႐ုပ္ရွင္ၾကည့္တာက သင့္အေတြးေတြကို ေပ်ာက္သြားေစပါတယ္။ ဒါမွမဟုတ္ ပစၥည္းေတြ အဝတ္ဗီဒို ရွင္းတာေတြ လုပ္ႏိုင္ပါတယ္။
(၃) အနားယူပါ။
အေတြးလြန္တာကို သက္သာေစမယ့္ ေနာက္ထပ္တစ္နည္းကေတာ့ စိတ္ကို အနားေပးတာပါပဲ။ အနားေပးတယ္ဆိုတာက စိတ္ေရာလူေရာ အနားေပးတာမ်ိဳးကို ဆိုလိုတာပါ။ ဥပမာေျပာရရင္ တရားထိုင္တာမ်ိဳး အျမင့္တစ္ေနရာရာကေန ရႈခင္းေတြ ၾကည့္တာမ်ိဳးကို ဆိုတာမ်ိဳးကို ဆိုလိုပါတယ္။ တရားထိုင္တာကေတာ့ စိတ္တည္ၿငိမ္မယ့္ အေကာင္းဆုံးနည္းလမ္းပဲ ျဖစ္ပါတယ္။ ခႏၶာကိုယ္ ေသြးလည္ပတ္မႈကို ေကာင္းေစသလို အာ႐ုံစူးစိုက္ႏိုင္စြမ္းကို တိုးတက္လာေစႏိုင္တဲ့ နည္းလမ္းလည္း ျဖစ္ပါတယ္။
(၄) အိပ္ခ်ိန္ စားခ်ိန္ မွန္ပါေစ။
အိပ္ခ်ိန္ စားခ်ိန္ မမွန္တာကလည္း သင့္စိတ္ခံစားမႈအေပၚ သက္ေရာက္ပါတယ္။ ခႏၶာကိုယ္ ပုံမွန္လည္ပတ္မႈအတိုင္း ျဖစ္ေအာင္ ေနမွသာ စိတ္ခံစားမႈေတြလည္း ပုံမွန္လည္ပတ္မွာပါ။
(၅) သင့္အရွိတရားကို သင္ လက္ခံပါ။
လူတိုင္းက ေပးထားတဲ့ ဘဝမွာ ေနရတာပါ။ ကိုယ္ရဲ႕ ဘဝကို ကိုယ္နားလည္ဖို႔လိုသလို ကိုယ္အေတြးေတြ ေတြးစရာ မလိုတာကိုလည္း လက္ခံပါ။ သင္တစ္ေယာက္တည္း ေလာကႀကီးမွာ ဝမ္းနည္းခက္ခဲရတာ မဟုတ္ပါဘူး။ ဒါေၾကာင့္ အေတြးမလြန္ပဲ သင္ ေျဖရွင္းလို႔ ရတာဆို ေျဖရွင္းၿပီး မေျဖရွင္းႏိုင္တာမ်ိဳးဆို တစ္ေယာက္ေယာက္ကို အကူအညီေတာင္းလိုက္ပါ။ လူ႔ဘဝမွာ ျဖစ္သမွ်က ျဖစ္ၿပီးသြားတဲ့အခ်ိန္မွာ အရာရာ ခဏေလးပါ။ ဒါေၾကာင့္ ခဏေလးမို႔ အမ်ားႀကီး မေတြးပါနဲ႔။ သင္ အေကာင္းဆုံး ျဖတ္ေက်ာ္ႏိုင္မွာပါလို႔ပဲ ေတြးထားလိုက္ပါ။
ဒီလိုမ်ိဳး သတိလက္လြတ္ေတြးေနမိတဲ့အခ်ိန္တိုင္း ဒီနည္းေတြနဲ႔ သင့္ကိုယ္သင္ ထိန္းမယ္ဆိုရင္ သင့္အေတြးလြန္တာေတြ ေလ်ာ့ပါးသြားႏိုင္ပါတယ္။ အဆင္ေျပ ေပ်ာ္႐ႊင္ေသာ ဘဝကို ပိုင္ဆိုင္ႏိုင္ပါေစေနာ္…
Credit : aunty may
Unicode ဖြင့်ဖတ်ရန်
အတွေးလွန်တတ်တဲ့ အကျင့်ကို ဘယ်လို ဖြေဖျောက်ကြမလဲ
အတွေးလွန်တဲ့အကျင့်က ကိုယ့်ကိုယ်ကို ဒုက္ခပေးနေတတ်တဲ့ အကျင့်တစ်ခုပဲ ဖြစ်ပါတယ်။ စိတ်ရဲ့ ခံစားမှုအမျိုးမျိုးကို လိုက်ပြီး ခန္ဓာကိုယ်ကျန်းမာရေးလည်း ပြောင်းလဲတဲ့ အတွက် မလိုအပ်တဲ့ စိတ်ညစ်ညူးစေမယ့် အတွေးတွေ မရှိလေ ကောင်းလေပါပဲ။ အတွေးလွန်ပြီး စိတ်ပူနေရတာ ခံစားနေရတာ တကယ်လည်း သဘာဝ မကျတာမို့ သင့်ကိုယ်သင်ပဲ ပင်ပန်းစေမှာပါ။ ဒါကြောင့် အတွေးလွန်တာတွေ မဖြစ်ချင်တော့ဘူး ဆိုရင်တော့ ဒီအချက်တွေကို လိုက်နာဖို့ လိုအပ်ပါတယ်။
(၁) အကြောင်းအရင်းကိုရှာပါ။
တစ်ခါတစ်လေ သင် ဘာတွေးလို့ တွေးနေမှန်း မသိတော့တဲ့ အထိ ဖြစ်သွားတတ်တဲ့ အချိန်တွေ ရှိနေနိုင်ပါတယ်။ သင် တွေးနေမိတာက ဘာအကြောင်းလဲ။ ဘယ်က စလဲ။ ဘယ်လို ဖြေရှင်းလို့ ရနိုင်လဲ ဆိုတာတွေကို တဆင့်ချင်း စဉ်းစားဖို့ လိုအပ်ပါတယ်။ သင် တွေးသလို ဒီကိစ္စ တကယ်ရော ကြီးမားရဲ့လား။ သင်က ဘာကို စိုးရိမ်တာလဲ ဘာကို ပူဆွေးသလဲ စတာတွေကို သေချာ စဉ်းစားပြီး တစ်ဆင့်ချင်း တွေးဖို့ လိုအပ်ပါတယ်။ အတွေးလွန်နေတာက အဖြေ မဟုတ်ပါဘူး။
(၂) တစ်ခုခု လုပ်ပါ။ စိတ်ကို အနားမပေးပါနဲ့။
စိတ်ဆိုတဲ့အမျိုးက တစ်ခုမဟုတ် တစ်ခုတွေးနေတာမျိုးပါ။ ဒါကြောင့် အတွေးလွန်တာ မဖြစ်စေဖို့ သင့်ဦးနှောက်ကို အလုပ်ပေးဖို့ လိုပါတယ်။ အိမ်အလုပ် ပုံမှန်လုပ်ပါ။ မလုပ်ပဲ မထားပါနဲ့။ သင် လေ့လာစရာရှိတာတွေ ကျောင်းစာတွေကို ပုံမှန်လုပ်ပါ။ ဒါတွေကို လုပ်လို့ မရဘူးဆိုရင်တော့ ရုပ်ရှင်ကြည့်ပါ။ ရုပ်ရှင်ကြည့်တာက သင့်အတွေးတွေကို ပျောက်သွားစေပါတယ်။ ဒါမှမဟုတ် ပစ္စည်းတွေ အဝတ်ဗီဒို ရှင်းတာတွေ လုပ်နိုင်ပါတယ်။
(၃) အနားယူပါ။
အတွေးလွန်တာကို သက်သာစေမယ့် နောက်ထပ်တစ်နည်းကတော့ စိတ်ကို အနားပေးတာပါပဲ။ အနားပေးတယ်ဆိုတာက စိတ်ရောလူရော အနားပေးတာမျိုးကို ဆိုလိုတာပါ။ ဥပမာပြောရရင် တရားထိုင်တာမျိုး အမြင့်တစ်နေရာရာကနေ ရှုခင်းတွေ ကြည့်တာမျိုးကို ဆိုတာမျိုးကို ဆိုလိုပါတယ်။ တရားထိုင်တာကတော့ စိတ်တည်ငြိမ်မယ့် အကောင်းဆုံးနည်းလမ်းပဲ ဖြစ်ပါတယ်။ ခန္ဓာကိုယ် သွေးလည်ပတ်မှုကို ကောင်းစေသလို အာရုံစူးစိုက်နိုင်စွမ်းကို တိုးတက်လာစေနိုင်တဲ့ နည်းလမ်းလည်း ဖြစ်ပါတယ်။
(၄) အိပ်ချိန် စားချိန် မှန်ပါစေ။
အိပ်ချိန် စားချိန် မမှန်တာကလည်း သင့်စိတ်ခံစားမှုအပေါ် သက်ရောက်ပါတယ်။ ခန္ဓာကိုယ် ပုံမှန်လည်ပတ်မှုအတိုင်း ဖြစ်အောင် နေမှသာ စိတ်ခံစားမှုတွေလည်း ပုံမှန်လည်ပတ်မှာပါ။
(၅) သင့်အရှိတရားကို သင် လက်ခံပါ။
လူတိုင်းက ပေးထားတဲ့ ဘဝမှာ နေရတာပါ။ ကိုယ်ရဲ့ ဘဝကို ကိုယ်နားလည်ဖို့လိုသလို ကိုယ်အတွေးတွေ တွေးစရာ မလိုတာကိုလည်း လက်ခံပါ။ သင်တစ်ယောက်တည်း လောကကြီးမှာ ဝမ်းနည်းခက်ခဲရတာ မဟုတ်ပါဘူး။ ဒါကြောင့် အတွေးမလွန်ပဲ သင် ဖြေရှင်းလို့ ရတာဆို ဖြေရှင်းပြီး မဖြေရှင်းနိုင်တာမျိုးဆို တစ်ယောက်ယောက်ကို အကူအညီတောင်းလိုက်ပါ။ လူ့ဘဝမှာ ဖြစ်သမျှက ဖြစ်ပြီးသွားတဲ့အချိန်မှာ အရာရာ ခဏလေးပါ။ ဒါကြောင့် ခဏလေးမို့ အများကြီး မတွေးပါနဲ့။ သင် အကောင်းဆုံး ဖြတ်ကျော်နိုင်မှာပါလို့ပဲ တွေးထားလိုက်ပါ။
ဒီလိုမျိုး သတိလက်လွတ်တွေးနေမိတဲ့အချိန်တိုင်း ဒီနည်းတွေနဲ့ သင့်ကိုယ်သင် ထိန်းမယ်ဆိုရင် သင့်အတွေးလွန်တာတွေ လျော့ပါးသွားနိုင်ပါတယ်။ အဆင်ပြေ ပျော်ရွှင်သော ဘဝကို ပိုင်ဆိုင်နိုင်ပါစေနော်…
Credit : aunty may
Sign up here with your email
ConversionConversion EmoticonEmoticon