ေယာက်ာ္းနဲ႔ မိန္းမတူတူေနျပီး ကေလး ရဖို႔က အဓိကပဲ ဆိုတဲ့ နန္းေမြစံ

Zawgyiျဖင့္ဖတ္ရန္
လတ္တေလာ ေဝဖန္မႈေတြအရမ္းျမင့္တက္ေနတဲ့ Sexy Model နန္းေမြးစံက ဒီေဝဖန္မႈေတြၾကားက ဘယ္လို စိတ္နဲ႔ ရုန္းထြက္မလဲ၊ သူ႔အေနနဲ႔ ဒီျဖစ္ရပ္ေတြအေပၚမွာ ဘယ္လုိခံယူထားလဲဆိုတာ ပရိသတ္ၾကီး သိေအာင္ ေဖာ္ျပေပးလိုက္ပါတယ္။
ေနာက္ထပ္အိမ္ေထာင္ျပဳဖို႔မျပဳဖို႔ကေတာ့ မေသခ်ာဘူးေပါ့ေနာ္။ ဒါေပမယ့္ အိမ္ေထာင္ ျပဳျဖစ္ျဖစ္ မျပဳျဖစ္ျဖစ္ ကေလးကေတာ့ ယူမွာပါ။ ေမြစံရဲ႕ Life Goal ထဲမွာ ေယာက်ာ္းယူျပီး ကေလးႏွစ္ေယာက္ေလာက္ယူမယ္ဆိုတဲ့ အခ်က္ပါပါတယ္။ အိမ္ေထာင္ျပဳခ်င္း မျပဳခ်င္းကေတာ့ ကံတရားေပါ့ေနာ္။
Married ဆိုတာက ဘုရားကဖန္တီးခဲ့တာမဟုတ္ဘူးေလ။ ေယာက်ာ္းနဲ႔ မိန္းမဆိုျပီးပဲ ဖန္တီးခဲ့တာ။ ေယာက်ာ္းနဲ႔ မိန္းမတူတူေနျပီး ကေလး ရဖို႔က အဓိကပဲေလ။ လက္ထပ္တယ္ေပါင္းတယ္ ဆိုတာက တစ္ခ်ိဳ႕ဆို ေပါင္းျပီးေတာ့မွ ျပန္ကြဲသြားတာေတြလည္းရွိတယ္ေလ။ အဲ့တာေၾကာင့္ Married ဆိုတာၾကီးကို သိမ့္ျပီးေတာ့ မယံုအၾကည္မရွိေတာ့ဘူး။
ေမြစံအခု ရည္းစားမထားတာ ၆လရွိျပီး၊ တစ္ေယာက္ထဲေနရတာသေဘာက်တယ္။ ဒါေပမယ့္ ရည္းစားလည္း လိုေတာ့လိုခ်င္တယ္။ ရွာမေတြေသးတာေပ့ါ။ ခ်စ္သူမရွိေသးေတာ့ ေလာေလာဆယ္ Single ပါ။ ေမြစံလိုခ်င္တဲ့ ခ်စ္သူက ေမြစံကို ခ်စ္ရမယ္၊ အလိုလိုက္ရမယ္။ အသက္မတိမ္းမယိမ္းေလာက္ေပါ့။ ျပီးေတာ့ ကိုယ္နဲ႔ Intelligence သိမ့္မကြာရဘူး။ ကိုကိုရယ္ ေမာင္ရယ္လို႔ေတာ့ မသိဘူး။ အသက္အရြယ္မတိမ္းမယိမ္းေလာက္ ဆုိရင္ေတာ့ အဆင္ေျပမယ္ထင္ပါတယ္။ ဘယ္လို ခ်စ္သူလည္း ဆိုတာေတာ့ ေစာင့္ၾကည့္ရမွာေပါ့။
ကိုယ္ကတကယ္ခ်စ္တယ္၊ အရမ္း Crush ေနတယ္ဆိုရင္ေတာ့ သူ႔စကားနားေထာင္မွာပါ။ ဒါေပမယ့္ အခ်စ္ဆိုတာ Emotional တစ္ခုပါပဲ။ သိမ့္လည္း မယံုေတာ့ပါဘူး။ အသည္းကြဲတယ္ဆိုတာ တြဲတယ္ အဆင္မေျပဘူး ျပတ္တယ္။ အဲ့ဒါအသည္းကြဲတာပါပဲ။ ဒါေပမယ့္ အၾကာၾကီးမခံစားဘူး။ အမ်ားဆံုး ၾကာတစ္ပတ္ပဲ။ ဒီထက္ပိုျပီး မခံစားဘူး။ ေမြစံက အဲ့စိတ္ေလးေတာ့ ေကာင္းတယ္။ အသည္းကြဲတဲ့တစ္ပတ္အတြင္း သူငယ္ခ်င္းေတြနဲ႔ ေလ်ာက္လည္လိုက္တယ္။ အဲ့ဒါနဲ႔ သက္သာသြားတာပါပဲ။ အခုလည္း ရည္းစားက ၂ေယာက္ ၃ေယာက္ပဲထားဖူးတယ္။ ေမြစံက ရည္းစားအမ်ားၾကီး မထားဘူး။ တစ္ေယာက္ထဲေနတာမ်ားတယ္။ Single Life ကိုပိုသေဘာက်တယ္။ အခု Single ျဖစ္ေနတာ ပိုျပီးေတာင္ လြတ္လပ္တယ္လို႔ ခံစားေနရေၾကာင္းနဲ႔ ပရိသတ္ၾကီးကို က်န္းမာခ်မ္းသာၾကပါေစလို႔ ဆုမြန္ေကာင္းလည္း ေတာင္းေပးခဲ့ပါတယ္။
Unicodeဖြင့်ဖတ်ရန်
ယောကျာ်းနဲ့ မိန်းမတူတူနေပြီး ကလေး ရဖို့က အဓိကပဲ ဆိုတဲ့ နန်းမွေစံ

လတ်တလော ဝေဖန်မှုတွေအရမ်းမြင့်တက်နေတဲ့ Sexy Model နန်းမွေးစံက ဒီဝေဖန်မှုတွေကြားက ဘယ်လို စိတ်နဲ့ ရုန်းထွက်မလဲ၊ သူ့အနေနဲ့ ဒီဖြစ်ရပ်တွေအပေါ်မှာ ဘယ်လိုခံယူထားလဲဆိုတာ ပရိသတ်ကြီး သိအောင် ဖော်ပြပေးလိုက်ပါတယ်။
နောက်ထပ်အိမ်ထောင်ပြုဖို့မပြုဖို့ကတော့ မသေချာဘူးပေါ့နော်။ ဒါပေမယ့် အိမ်ထောင် ပြုဖြစ်ဖြစ် မပြုဖြစ်ဖြစ် ကလေးကတော့ ယူမှာပါ။ မွေစံရဲ့ Life Goal ထဲမှာ ယောကျာ်းယူပြီး ကလေးနှစ်ယောက်လောက်ယူမယ်ဆိုတဲ့ အချက်ပါပါတယ်။ အိမ်ထောင်ပြုချင်း မပြုချင်းကတော့ ကံတရားပေါ့နော်။
Married ဆိုတာက ဘုရားကဖန်တီးခဲ့တာမဟုတ်ဘူးလေ။ ယောကျာ်းနဲ့ မိန်းမဆိုပြီးပဲ ဖန်တီးခဲ့တာ။ ယောကျာ်းနဲ့ မိန်းမတူတူနေပြီး ကလေး ရဖို့က အဓိကပဲလေ။ လက်ထပ်တယ်ပေါင်းတယ် ဆိုတာက တစ်ချို့ဆို ပေါင်းပြီးတော့မှ ပြန်ကွဲသွားတာတွေလည်းရှိတယ်လေ။ အဲ့တာကြောင့် Married ဆိုတာကြီးကို သိမ့်ပြီးတော့ မယုံအကြည်မရှိတော့ဘူး။
မွေစံအခု ရည်းစားမထားတာ ၆လရှိပြီး၊ တစ်ယောက်ထဲနေရတာသဘောကျတယ်။ ဒါပေမယ့် ရည်းစားလည်း လိုတော့လိုချင်တယ်။ ရှာမတွေသေးတာပေ့ါ။ ချစ်သူမရှိသေးတော့ လောလောဆယ် Single ပါ။ မွေစံလိုချင်တဲ့ ချစ်သူက မွေစံကို ချစ်ရမယ်၊ အလိုလိုက်ရမယ်။ အသက်မတိမ်းမယိမ်းလောက်ပေါ့။ ပြီးတော့ ကိုယ်နဲ့ Intelligence သိမ့်မကွာရဘူး။ ကိုကိုရယ် မောင်ရယ်လို့တော့ မသိဘူး။ အသက်အရွယ်မတိမ်းမယိမ်းလောက် ဆိုရင်တော့ အဆင်ပြေမယ်ထင်ပါတယ်။ ဘယ်လို ချစ်သူလည်း ဆိုတာတော့ စောင့်ကြည့်ရမှာပေါ့။
ကိုယ်ကတကယ်ချစ်တယ်၊ အရမ်း Crush နေတယ်ဆိုရင်တော့ သူ့စကားနားထောင်မှာပါ။ ဒါပေမယ့် အချစ်ဆိုတာ Emotional တစ်ခုပါပဲ။ သိမ့်လည်း မယုံတော့ပါဘူး။ အသည်းကွဲတယ်ဆိုတာ တွဲတယ် အဆင်မပြေဘူး ပြတ်တယ်။ အဲ့ဒါအသည်းကွဲတာပါပဲ။ ဒါပေမယ့် အကြာကြီးမခံစားဘူး။ အများဆုံး ကြာတစ်ပတ်ပဲ။ ဒီထက်ပိုပြီး မခံစားဘူး။ မွေစံက အဲ့စိတ်လေးတော့ ကောင်းတယ်။ အသည်းကွဲတဲ့တစ်ပတ်အတွင်း သူငယ်ချင်းတွေနဲ့ လျောက်လည်လိုက်တယ်။ အဲ့ဒါနဲ့ သက်သာသွားတာပါပဲ။ အခုလည်း ရည်းစားက ၂ယောက် ၃ယောက်ပဲထားဖူးတယ်။ မွေစံက ရည်းစားအများကြီး မထားဘူး။ တစ်ယောက်ထဲနေတာများတယ်။ Single Life ကိုပိုသဘောကျတယ်။ အခု Single ဖြစ်နေတာ ပိုပြီးတောင် လွတ်လပ်တယ်လို့ ခံစားနေရကြောင်းနဲ့ ပရိသတ်ကြီးကို ကျန်းမာချမ်းသာကြပါစေလို့ ဆုမွန်ကောင်းလည်း တောင်းပေးခဲ့ပါတယ်။
Credit:Cantwait2say
Previous
Next Post »
Powered by Blogger.