က်ား/မေရြး သတိထားသင့္တဲ့ အျဖစ္မ်ားေနတဲ့ လူေပ်ာက္အႏၱရာယ္ကေန ကင္းေဝးေစဖို႔…


Zawgyiျဖင့္ဖတ္ရန္

ဒဂံုတကၠသိုလ္မွ ေနာက္ဆံုးႏွစ္ေက်ာင္းသား လူကုန္ကူးခံရမႈက စလို႔ မီဒီယာေတြကလည္း ေရလုပ္ငန္းေတြဘက္ကို သတင္းဆက္လက္လိုက္သလို လူအေတာ္မ်ားမ်ားကလည္း ေပ်ာက္ဆံုးေနတဲ့သူေတြအေၾကာင္း ျဖန္႔ေဝတာေတြ လုပ္ေနၾကပါတယ္။ လက္ဆင့္ကမ္း ျဖန္႔ေဝတဲ့ သတင္းေတြေၾကာင့္ လက္ငါးေခ်ာင္း မေက်ာ္တဲ့ လူဦးေရေလာက္ကိုေတာ့ ျပန္လည္ ရွာေဖြ ေတြ႔ရွိခဲ့ပါတယ္။ ဒါေပမယ့္ Online ေပၚေတြ႔ရွိရတဲ့ ေပ်ာက္ဆံုးေနတဲ့ လူဦးေရကေတာ့ (၁၅) ဦးအထက္ေလာက္ ေတြ႔ရပါတယ္။

ျမန္မာႏိုင္ငံမွာ မၾကာခဏဆိုသလို လူေတြ ေပ်ာက္တဲ့အေၾကာင္း၊ လူကုန္ကူးခံရမႈအေၾကာင္းနဲ႔ တို႔ေဆးအေၾကာင္းေတြကို သတင္းေတြတက္လာလိုက္ လူေျပာမ်ားလိုက္ ျပန္ေမ့သြားလိုက္နဲ႔ သံသရာလည္ေနပါတယ္။ အခုတစ္ခါ လူေပ်ာက္တဲ့အေၾကာင္းေတြ လူေျပာမ်ားေနေတာ့ မိမိကိုယ္သာ အားကိုးပါလို႔ အႀကံေပးခ်င္မိပါတယ္။

လူေပ်ာက္တဲ့ကိစၥရဲ႕အစ

လူေပ်ာက္ျခင္းကို မ်ားေသာအားျဖင့္ တုိ႔ေဆးေၾကာင့္လို႔ တထစ္ခ် ေျပာဆိုေနၾကတာ ရွိပါတယ္။ ဒါေပမဲ့ တို႔ေဆးဆိုတာ ဘယ္လိုမ်ိဳးလဲ ဘယ္သူမွ တိတိပပ မသိၾကပါဘူး။

လူမေပ်ာက္ေအာင္ ဘယ္လိုသတိထားရမလဲ

တို႔ေဆးဆိုတာ အသိစိတ္္ေပ်ာက္ၿပီး ခိုင္းတဲ့အတိုင္း လုိုက္လုပ္မိတာလို႔ ေျပာၾကပါတယ္။ ဒါေၾကာင့္ သတိထားရမွာက မ်က္ႏွာစိမ္းလူေတြကို သတိထားဖို႔ လိုအပ္ပါတယ္။ လမ္းသြားတဲ့အခါ လူေတြအမ်ားႀကီး ရွိတဲ့ေနရာေတြကို တစ္ေယာက္တည္း သြားတဲ့အခါ သတိမျပတ္ဖို႔ လိုအပ္ပါတယ္။ ေဘးနားမွာ သံသယရွိတဲ့ မူမမွန္တဲ့သူမ်ိဳးရွိရင္ အဲ့ဒီလူနဲ႔ေဝးရာကို ခ်က္ခ်င္း ေရႊ႕ပါ။ အိမ္ျပန္တာနဲ႔ တစ္ျခားသြားစရာ ရွိတာမ်ိဳးဆို ကိုယ္ ယံုၾကည္ရတဲ့ တစ္ေယာက္ေယာက္ကို Google Maps ကေန location Share ထားပါ။ ဒါမွမဟုတ္ ဘယ္မွာရွိေနေၾကာင္း ဘယ္အခ်ိန္ျပန္လာမယ္ဆိုတဲ့ အေၾကာင္း ဖုန္းဆက္ထားပါ။

အကူအညီ ဘယ္လိုယူမလဲ

တို႔ေဆးက အခ်ိန္ခဏပဲ ၾကာၿပီ ပံုမွန္ အသိစိတ္ မၾကာခင္ပဲ ျပန္ဝင္တယ္လို႔ ေျပာေလ့ရွိၾကပါတယ္။ ဘယ္လိုပဲျဖစ္ပါေစ ကိုယ္က လူကုန္ကူးခံရၿပီလို႔ ခံစားရတာနဲ႔ ေၾကာက္လန္႔တာမ်ိဳး မျဖစ္ပဲ ေဘးပတ္ဝန္းက်င္ အေျခအေနကို အရင္ဆံုး အကဲခတ္ဖို႔ လိုအပ္ပါတယ္။ သင့္လက္ထဲမွာ ေငြေၾကး ပစၥည္း ဘာမွ ရွိေနမွာ မဟုတ္တဲ့အတြက္ အကူအညီေတာင္းလို႔ ရမွာကိုပဲ စဥ္းစားရပါမယ္။ သင့္ကို ေခၚသြားသူကို ဂလန္ဂဆန္လုပ္တာက လူမ်ားတဲ့ေနရာ ဟုတ္ရင္ေတာင္ သင့္အတြက္ အက်ိဳးရွိဖို႔ဆိုတာ မေသခ်ာပါဘူး။ ဒါေၾကာင့္ သူ႔ကို အယံုသြင္းပါ။ သင္တို႔ ဘယ္သြားမယ္ဆိုတာ သိေအာင္ ေမးၾကည့္ပါ။ အနားမွာ ဖုန္းငွားလို႔ ရတဲ့သူ ရွာၿပီး သင့္မိသားစုကို ဆက္သြယ္ပါ။

တျခား ဘာေတြ လိုအပ္မလဲ

လိုအပ္တာကေတာ့ လက္နက္သို႔မဟုတ္ က်ဥ္စက္ ေဆာင္ထားသင့္ပါတယ္။ လက္နက္ဥပေဒနဲ႔ မၿငိေအာင္ စကၠဴျဖတ္တဲ့ဓားလိုမ်ိဳးကို ေဆာင္တာမ်ိဳး၊ ငရုပ္ေကာင္းစပေရးေဆာင္တာမ်ိဳး လုပ္သင့္ပါတယ္။ ေၾကာက္စိတ္က သင့္ကို အက်ိဳးမရွိေစပါဘူး။ ဘာပဲျဖစ္ျဖစ္ စိတ္ၿငိမ္ေအာင္ထားၿပီး ထြက္ေျပးလို႔ ရေအာင္ပဲ စဥ္းစားေတြးေနဖို႔ပဲ လိုအပ္ပါတယ္။

အားလံုးပဲ သြားလမ္း သာလို႔ လာလမ္ းေျဖာင့္ၾကပါေစေနာ္……….

Written by Kham

Credit:Aunty May

Unicodeဖြင့်ဖတ်ရန်

ကျား/မရွေး သတိထားသင့်တဲ့ အဖြစ်များနေတဲ့ လူပျောက်အန္တရာယ်ကနေ ကင်းဝေးစေဖို့…

ဒဂုံတက္ကသိုလ်မှ နောက်ဆုံးနှစ်ကျောင်းသား လူကုန်ကူးခံရမှုက စလို့ မီဒီယာတွေကလည်း ရေလုပ်ငန်းတွေဘက်ကို သတင်းဆက်လက်လိုက်သလို လူအတော်များများကလည်း ပျောက်ဆုံးနေတဲ့သူတွေအကြောင်း ဖြန့်ဝေတာတွေ လုပ်နေကြပါတယ်။ လက်ဆင့်ကမ်း ဖြန့်ဝေတဲ့ သတင်းတွေကြောင့် လက်ငါးချောင်း မကျော်တဲ့ လူဦးရေလောက်ကိုတော့ ပြန်လည် ရှာဖွေ တွေ့ရှိခဲ့ပါတယ်။ ဒါပေမယ့် Online ပေါ်တွေ့ရှိရတဲ့ ပျောက်ဆုံးနေတဲ့ လူဦးရေကတော့ (၁၅) ဦးအထက်လောက် တွေ့ရပါတယ်။

မြန်မာနိုင်ငံမှာ မကြာခဏဆိုသလို လူတွေ ပျောက်တဲ့အကြောင်း၊ လူကုန်ကူးခံရမှုအကြောင်းနဲ့ တို့ဆေးအကြောင်းတွေကို သတင်းတွေတက်လာလိုက် လူပြောများလိုက် ပြန်မေ့သွားလိုက်နဲ့ သံသရာလည်နေပါတယ်။ အခုတစ်ခါ လူပျောက်တဲ့အကြောင်းတွေ လူပြောများနေတော့ မိမိကိုယ်သာ အားကိုးပါလို့ အကြံပေးချင်မိပါတယ်။

လူပျောက်တဲ့ကိစ္စရဲ့အစ

လူပျောက်ခြင်းကို များသောအားဖြင့် တို့ဆေးကြောင့်လို့ တထစ်ချ ပြောဆိုနေကြတာ ရှိပါတယ်။ ဒါပေမဲ့ တို့ဆေးဆိုတာ ဘယ်လိုမျိုးလဲ ဘယ်သူမှ တိတိပပ မသိကြပါဘူး။

လူမပျောက်အောင် ဘယ်လိုသတိထားရမလဲ

တို့ဆေးဆိုတာ အသိစိတ်ပျောက်ပြီး ခိုင်းတဲ့အတိုင်း လိုက်လုပ်မိတာလို့ ပြောကြပါတယ်။ ဒါကြောင့် သတိထားရမှာက မျက်နှာစိမ်းလူတွေကို သတိထားဖို့ လိုအပ်ပါတယ်။ လမ်းသွားတဲ့အခါ လူတွေအများကြီး ရှိတဲ့နေရာတွေကို တစ်ယောက်တည်း သွားတဲ့အခါ သတိမပြတ်ဖို့ လိုအပ်ပါတယ်။ ဘေးနားမှာ သံသယရှိတဲ့ မူမမှန်တဲ့သူမျိုးရှိရင် အဲ့ဒီလူနဲ့ဝေးရာကို ချက်ချင်း ရွှေ့ပါ။ အိမ်ပြန်တာနဲ့ တစ်ခြားသွားစရာ ရှိတာမျိုးဆို ကိုယ် ယုံကြည်ရတဲ့ တစ်ယောက်ယောက်ကို Google Maps ကနေ location Share ထားပါ။ ဒါမှမဟုတ် ဘယ်မှာရှိနေကြောင်း ဘယ်အချိန်ပြန်လာမယ်ဆိုတဲ့ အကြောင်း ဖုန်းဆက်ထားပါ။

အကူအညီ ဘယ်လိုယူမလဲ

တို့ဆေးက အချိန်ခဏပဲ ကြာပြီ ပုံမှန် အသိစိတ် မကြာခင်ပဲ ပြန်ဝင်တယ်လို့ ပြောလေ့ရှိကြပါတယ်။ ဘယ်လိုပဲဖြစ်ပါစေ ကိုယ်က လူကုန်ကူးခံရပြီလို့ ခံစားရတာနဲ့ ကြောက်လန့်တာမျိုး မဖြစ်ပဲ ဘေးပတ်ဝန်းကျင် အခြေအနေကို အရင်ဆုံး အကဲခတ်ဖို့ လိုအပ်ပါတယ်။ သင့်လက်ထဲမှာ ငွေကြေး ပစ္စည်း ဘာမှ ရှိနေမှာ မဟုတ်တဲ့အတွက် အကူအညီတောင်းလို့ ရမှာကိုပဲ စဉ်းစားရပါမယ်။ သင့်ကို ခေါ်သွားသူကို ဂလန်ဂဆန်လုပ်တာက လူများတဲ့နေရာ ဟုတ်ရင်တောင် သင့်အတွက် အကျိုးရှိဖို့ဆိုတာ မသေချာပါဘူး။ ဒါကြောင့် သူ့ကို အယုံသွင်းပါ။ သင်တို့ ဘယ်သွားမယ်ဆိုတာ သိအောင် မေးကြည့်ပါ။ အနားမှာ ဖုန်းငှားလို့ ရတဲ့သူ ရှာပြီး သင့်မိသားစုကို ဆက်သွယ်ပါ။

တခြား ဘာတွေ လိုအပ်မလဲ

လိုအပ်တာကတော့ လက်နက်သို့မဟုတ် ကျဉ်စက် ဆောင်ထားသင့်ပါတယ်။ လက်နက်ဥပဒေနဲ့ မငြိအောင် စက္ကူဖြတ်တဲ့ဓားလိုမျိုးကို ဆောင်တာမျိုး၊ ငရုပ်ကောင်းစပရေးဆောင်တာမျိုး လုပ်သင့်ပါတယ်။ ကြောက်စိတ်က သင့်ကို အကျိုးမရှိစေပါဘူး။ ဘာပဲဖြစ်ဖြစ် စိတ်ငြိမ်အောင်ထားပြီး ထွက်ပြေးလို့ ရအောင်ပဲ စဉ်းစားတွေးနေဖို့ပဲ လိုအပ်ပါတယ်။

အားလုံးပဲ သွားလမ်း သာလို့ လာလမ် းဖြောင့်ကြပါစေနော်……….

Written by Kham

Credit:Aunty May
Previous
Next Post »
Powered by Blogger.