Zawgyiျဖင့္ဖတ္ရန္
ကိုယ့္အေပါင္းအသင္း သူငယ္ခ်င္းေတြထဲမွာ ကိုယ္ကသာ စိတ္ရင္းအမွန္နဲ႔ ခင္မင္ရင္းႏွီးေပမယ့္ ကိုယ့္အေပၚ မလိုမုန္းထားသူေတြကလည္း ရိွတတ္ပါတယ္ ပ်ိဳေမတို႔ေရ။ ဒီလိုလူမ်ိဳးေတြ ကုိယ္႔သူငယ္ခ်င္းစာရင္းထဲမွာ ရိွေနမွန္း ရိပ္မိေနၿပီဆိုရင္ေတာ့ ေသခ်ာျပန္လည္ဆန္းစစ္သင့္ၿပီး ဘယ္လိုလူမ်ိဳးေတြကို friend list ထဲကေန ထုတ္သင့္လဲဆိုတာကိုပါ ေျပာျပေပးခ်င္ပါတယ္။
(၁) တစ္ကိုယ္ေကာင္းသမားေတြ
သူတို႔အကူအညီလိုအပ္တဲ့ အခ်ိန္ေလာက္မွသာ ကိုယ့္ဆီေရာက္လာၿပီး က်န္တဲ့အခ်ိန္ေတြမွာေတာ့ ဘယ္နားေရာက္ေနမွန္းေတာင္ မသိတဲ့ တစ္ကိုယ္ေကာင္းသမားေတြကို အေပါင္းအသင္းစာရင္းထဲမွာ မထားသင့္ေတာ့ပါဘူး။ ဒီလိုလူမိ်ဳးေတြဟာ သူတို႔အက်ိဳးကိုပဲဲၾကည့္တတ္တာေၾကာင့္ ကိုယ့္ကို ခ်နင္းသြားဖို႔လည္း ဝန္ေလးၾကမယ့္သူေတြ မဟုတ္ပါဘူး။
(၂) ေနာက္ေက်ာကို ဓားနဲ႔ထုိးမယ့္သူေတြ
ေရွ႕မွာေတာ့ ဘယ္ေလာက္ပဲခ်စ္ခင္ပါတယ္ ေျပာေျပာ၊ ကြယ္ရာမွာ အျမဲတမ္း ကိုယ့္မေကာင္းေၾကာင္းေတြ၊ အတင္းအဖ်င္းေတြ ေျပာေနတတ္သူဆိုရင္ေတာ့ ဒီလူဟာ တခ်ိန္ခ်ိန္မွာ ေနာက္ေက်ာကို ဓားနဲ႔ ထိုးမယ့္သူေတြျဖစ္ၿပီး အျမဲတမ္း ေခ်ာက္တြန္းဖို႔ ၾကိဳးစားေနတတ္သူေတြပါ။
(၃) Respect မရိွသူေတြ
သူငယ္ခ်င္းအခ်င္းခ်င္း ေနာက္ေျပာင္ၾကတာမိ်ဳးက သဘာဝေပမယ့္ ကိုယ္တိုင္ပင္လိုက္တဲ့ ကိစၥရပ္တိုင္းမွာျဖစ္ေစ၊ ကိုယ့္ရဲ႕ ထင္ျမင္ခ်က္ေတြ၊ အယူအဆေတြကိုျဖစ္ေစ ေစာ္ကားေလွာင္ေျပာင္ေနတဲ့သူမ်ိဳးဆိုရင္ေတာ့ အခုပဲ သူငယ္ခ်င္းစာရင္းကေန ထုတ္လိုက္သင့္ပါၿပီ။
(၄) အယူပဲရိွၿပီး အေပးမရိွသူေတြ
တခ်ိဳ႕သူေတြဟာ ကိုယ့္ဆီက အကူအညီကိုသာ အားမနာတမ္း ေတာင္းတတ္ၾကေပမယ့္ ကိုယ္တကယ္ လိုအပ္ေနခ်ိန္မွာ မသိခ်င္ေယာင္ေဆာင္ေနမယ္၊ လိုလိုလားလား မရိွဘူးဆိုရင္ေတာ့ ဒီလိုလူမ်ိဳးကို သူငယ္ခ်င္းအေနနဲ႔ ဆက္ေပါင္းသင့္၊ မေပါင္းသင့္ကို ျပန္လည္စဥ္းစားသင့္ေနပါၿပီ။
(၅) ပ်က္စီးရာပ်က္စီးေၾကာင္းကိုပဲ တြန္းပို႔သူေတြ
ကိုယ့္အတြက္ ဆိုးဆိုးရြားရြား ျဖစ္သြားေစမွာေတြကိုသာ အေျပာခ်ိဳခ်ိဳနဲ႔ တိုက္တြန္းတတ္ၿပီး ပ်က္စီးရာပ်က္စီးေၾကာင္းကိုသာ အျမဲတြန္းပို႔ေနတဲ့ သူမိ်ဳးေတြကိုလည္း မိတ္ေဆြစာရင္းထဲကေန ထုတ္ပစ္ဖို႔ ဝန္မေလးသင့္ပါဘူး။
Calcifer
Credit:Aunty May
Unicodeဖြင့်ဖတ်ရန်
မိတ်ဆွေအပေါင်းအသင်းစာရင်းထဲကနေ ထုတ်ကိုထုတ်ပစ်ရမယ့် လူ (၅) မျိုး
ကိုယ့်အပေါင်းအသင်း သူငယ်ချင်းတွေထဲမှာ ကိုယ်ကသာ စိတ်ရင်းအမှန်နဲ့ ခင်မင်ရင်းနှီးပေမယ့် ကိုယ့်အပေါ် မလိုမုန်းထားသူတွေကလည်း ရှိတတ်ပါတယ် ပျိုမေတို့ရေ။ ဒီလိုလူမျိုးတွေ ကိုယ့်သူငယ်ချင်းစာရင်းထဲမှာ ရှိနေမှန်း ရိပ်မိနေပြီဆိုရင်တော့ သေချာပြန်လည်ဆန်းစစ်သင့်ပြီး ဘယ်လိုလူမျိုးတွေကို friend list ထဲကနေ ထုတ်သင့်လဲဆိုတာကိုပါ ပြောပြပေးချင်ပါတယ်။
(၁) တစ်ကိုယ်ကောင်းသမားတွေ
သူတို့အကူအညီလိုအပ်တဲ့ အချိန်လောက်မှသာ ကိုယ့်ဆီရောက်လာပြီး ကျန်တဲ့အချိန်တွေမှာတော့ ဘယ်နားရောက်နေမှန်းတောင် မသိတဲ့ တစ်ကိုယ်ကောင်းသမားတွေကို အပေါင်းအသင်းစာရင်းထဲမှာ မထားသင့်တော့ပါဘူး။ ဒီလိုလူမျိုးတွေဟာ သူတို့အကျိုးကိုပဲကြည့်တတ်တာကြောင့် ကိုယ့်ကို ချနင်းသွားဖို့လည်း ဝန်လေးကြမယ့်သူတွေ မဟုတ်ပါဘူး။
(၂) နောက်ကျောကို ဓားနဲ့ထိုးမယ့်သူတွေ
ရှေ့မှာတော့ ဘယ်လောက်ပဲချစ်ခင်ပါတယ် ပြောပြော၊ ကွယ်ရာမှာ အမြဲတမ်း ကိုယ့်မကောင်းကြောင်းတွေ၊ အတင်းအဖျင်းတွေ ပြောနေတတ်သူဆိုရင်တော့ ဒီလူဟာ တချိန်ချိန်မှာ နောက်ကျောကို ဓားနဲ့ ထိုးမယ့်သူတွေဖြစ်ပြီး အမြဲတမ်း ချောက်တွန်းဖို့ ကြိုးစားနေတတ်သူတွေပါ။
(၃) Respect မရှိသူတွေ
သူငယ်ချင်းအချင်းချင်း နောက်ပြောင်ကြတာမျိုးက သဘာဝပေမယ့် ကိုယ်တိုင်ပင်လိုက်တဲ့ ကိစ္စရပ်တိုင်းမှာဖြစ်စေ၊ ကိုယ့်ရဲ့ ထင်မြင်ချက်တွေ၊ အယူအဆတွေကိုဖြစ်စေ စော်ကားလှောင်ပြောင်နေတဲ့သူမျိုးဆိုရင်တော့ အခုပဲ သူငယ်ချင်းစာရင်းကနေ ထုတ်လိုက်သင့်ပါပြီ။
(၄) အယူပဲရှိပြီး အပေးမရှိသူတွေ
တချို့သူတွေဟာ ကိုယ့်ဆီက အကူအညီကိုသာ အားမနာတမ်း တောင်းတတ်ကြပေမယ့် ကိုယ်တကယ် လိုအပ်နေချိန်မှာ မသိချင်ယောင်ဆောင်နေမယ်၊ လိုလိုလားလား မရှိဘူးဆိုရင်တော့ ဒီလိုလူမျိုးကို သူငယ်ချင်းအနေနဲ့ ဆက်ပေါင်းသင့်၊ မပေါင်းသင့်ကို ပြန်လည်စဉ်းစားသင့်နေပါပြီ။
(၅) ပျက်စီးရာပျက်စီးကြောင်းကိုပဲ တွန်းပို့သူတွေ
ကိုယ့်အတွက် ဆိုးဆိုးရွားရွား ဖြစ်သွားစေမှာတွေကိုသာ အပြောချိုချိုနဲ့ တိုက်တွန်းတတ်ပြီး ပျက်စီးရာပျက်စီးကြောင်းကိုသာ အမြဲတွန်းပို့နေတဲ့ သူမျိုးတွေကိုလည်း မိတ်ဆွေစာရင်းထဲကနေ ထုတ်ပစ်ဖို့ ဝန်မလေးသင့်ပါဘူး။
Calcifer
Credit:Aunty May
Sign up here with your email
ConversionConversion EmoticonEmoticon