Zawgyi ျဖင့္ဖတ္ရန္
ထိုင္းႏိုင္ငံက အေမအိုတစ္ဦးဟာ ေဟာ္လိုဂစ္တာကို ကိုယ္တိုင္တီးရင္း သူ႔ရဲ႕အခ်စ္ေတာ္ အိမ္ေမြးတိရိစာၦန္ေလးေတြျဖစ္တဲ့ ေခြး ၄ ေကာင္နဲ႔ ေၾကာင္ ၁ ေကာင္တို႔ကို ေန႔စဥ္သီခ်င္းဆိုျပရင္း မ်က္ႏွာတစ္ျခမ္းေလျဖတ္ေနတဲ့ ေဝဒနာသက္သာေပ်ာက္ကင္းလာခဲ့ပါတယ္။
‘မလင္ဒါ’ လို႔အမည္ရတဲ့ အေမအိုဟာ ယာဥ္မေတာ္တဆမႈျဖစ္ခဲ့ၿပီးေနာက္ သူမရဲ႕ မ်က္ႏွာ ဘယ္ဘက္တစ္ျခမ္း ေလျဖတ္သလို အေၾကာေသသြားခဲ့ပါတယ္။ သူ႔ရဲ႕အခ်စ္ေတာ္ တိရိစာၦန္ေလးေတြကို ဂစ္တာတီးရင္း သီခ်င္းဆိုျပတာဟာ အေၾကာေသသြားတဲ့ မ်က္ႏွာတစ္ျခမ္းကိုလည္း ေလ့က်င့္ခန္းလုပ္ေနသလို ျဖစ္ေစတယ္လို႔ ဆိုပါတယ္။
‘မလင္ဒါ’ သီခ်င္းဆိုတဲ့အခါမွာ ရွီဝါးဝါးေခြးေလး ‘ဂ်ဴးဂ်မ္’ က အဖြားရဲ႕ ရင္ခြင္ထဲမွာ ေခါင္းတို႔ေဝွ႔ၿပီး သီခ်င္းေတြ နာေထာင္ေနတာကိုေတြ႕ရသလို ေၾကာင္ေလးကလည္း သီခ်င္းေတြလိုက္ဆိုေနတာကို ႐ုပ္သံမွာ ေတြ႕ခဲ့ရပါတယ္။ ဒါ့အျပင္ တယ္ရီယာေခြးေလးေတြကလည္း အဖြားရဲ႕ သီခ်င္းသံနဲ႔အတူ ညအိပ္ယာဝင္ၾကတာကို ခ်စ္စဖြယ္ ေတြ႕ရပါတယ္။
သူမအမ်ားဆုံးသီဆိုတဲ့သီခ်င္းေတြကေတာ့ နာမည္ေက်ာ္ အဂၤလိပ္ဂႏၳဝင္သီခ်င္းေတြျဖစ္ၿပီး The Beatles သီခ်င္းေတြ ဆိုတာမ်ားပါတယ္။ အဖြားဟာ သီခ်င္းဆိုေကာင္းသလို စႏၵယားနဲ႔ ဂစ္တာကိုလည္း ကြၽမ္းက်င္စြာတီးတတ္ပါတယ္။
အခုလို တိရိစာၦန္ေလးေတြကို သီခ်င္းဆိုျပရင္းနဲ႔ သူမရဲ႕ ေရာဂါဟာ ၇၅% ေလာက္ တိုးတက္ေကာင္းမြန္လာတယ္လို႔ ဆိုပါတယ္။ သူရဲ႕႐ုပ္သံေတြဟာ ထင္မွတ္မထားပဲ အြန္လိုင္းေပၚမွာ အလြန္နာမည္ႀကီးသြားပါတယ္။ YouTube ေပၚမွာ ႐ုပ္သံေပါင္း ၁၀၀ ဝန္းက်င္ တင္ထားၿပီး ေစာင့္ၾကည့္နားေထာင္ေနသူေပါင္း ၆ သိန္းခြဲေက်ာ္ ရွိေနပါတယ္။
“မလင္ဒါ” ရဲ႕အေၾကာင္းကို ပိုၿပီး ထဲထဲဝင္ဝင္ သိခ်င္တယ္ဆိုရင္ေတာ့ သူရဲ႕တရားဝင္ Facebook စာမ်က္ႏွာကို ဒီေနရာမွာ ႏွိပ္ၿပီး သြားၾကည့္ႏိုင္ပါေသးတယ္။
Credit : popolay
Unicode ဖြင့်ဖတ်ရန်
လေဖြတ်နေတဲ့ အမေအို တိရိစ္ဆာန်လေးများကို သီချင်းဆိုပြရင်း ပြန်ကောင်းလာ (ရုပ်သံ)
ထိုင်းနိုင်ငံက အမေအိုတစ်ဦးဟာ ဟော်လိုဂစ်တာကို ကိုယ်တိုင်တီးရင်း သူ့ရဲ့အချစ်တော် အိမ်မွေးတိရိစ္ဆာန်လေးတွေဖြစ်တဲ့ ခွေး ၄ ကောင်နဲ့ ကြောင် ၁ ကောင်တို့ကို နေ့စဉ်သီချင်းဆိုပြရင်း မျက်နှာတစ်ခြမ်းလေဖြတ်နေတဲ့ ဝေဒနာသက်သာပျောက်ကင်းလာခဲ့ပါတယ်။
‘မလင်ဒါ’ လို့အမည်ရတဲ့ အမေအိုဟာ ယာဉ်မတော်တဆမှုဖြစ်ခဲ့ပြီးနောက် သူမရဲ့ မျက်နှာ ဘယ်ဘက်တစ်ခြမ်း လေဖြတ်သလို အကြောသေသွားခဲ့ပါတယ်။ သူ့ရဲ့အချစ်တော် တိရိစ္ဆာန်လေးတွေကို ဂစ်တာတီးရင်း သီချင်းဆိုပြတာဟာ အကြောသေသွားတဲ့ မျက်နှာတစ်ခြမ်းကိုလည်း လေ့ကျင့်ခန်းလုပ်နေသလို ဖြစ်စေတယ်လို့ ဆိုပါတယ်။
‘မလင်ဒါ’ သီချင်းဆိုတဲ့အခါမှာ ရှီဝါးဝါးခွေးလေး ‘ဂျူးဂျမ်’ က အဖွားရဲ့ ရင်ခွင်ထဲမှာ ခေါင်းတို့ဝှေ့ပြီး သီချင်းတွေ နာထောင်နေတာကိုတွေ့ရသလို ကြောင်လေးကလည်း သီချင်းတွေလိုက်ဆိုနေတာကို ရုပ်သံမှာ တွေ့ခဲ့ရပါတယ်။ ဒါ့အပြင် တယ်ရီယာခွေးလေးတွေကလည်း အဖွားရဲ့ သီချင်းသံနဲ့အတူ ညအိပ်ယာဝင်ကြတာကို ချစ်စဖွယ် တွေ့ရပါတယ်။
သူမအများဆုံးသီဆိုတဲ့သီချင်းတွေကတော့ နာမည်ကျော် အင်္ဂလိပ်ဂန္ထဝင်သီချင်းတွေဖြစ်ပြီး The Beatles သီချင်းတွေ ဆိုတာများပါတယ်။ အဖွားဟာ သီချင်းဆိုကောင်းသလို စန္ဒယားနဲ့ ဂစ်တာကိုလည်း ကျွမ်းကျင်စွာတီးတတ်ပါတယ်။
အခုလို တိရိစ္ဆာန်လေးတွေကို သီချင်းဆိုပြရင်းနဲ့ သူမရဲ့ ရောဂါဟာ ၇၅% လောက် တိုးတက်ကောင်းမွန်လာတယ်လို့ ဆိုပါတယ်။ သူရဲ့ရုပ်သံတွေဟာ ထင်မှတ်မထားပဲ အွန်လိုင်းပေါ်မှာ အလွန်နာမည်ကြီးသွားပါတယ်။ YouTube ပေါ်မှာ ရုပ်သံပေါင်း ၁၀၀ ဝန်းကျင် တင်ထားပြီး စောင့်ကြည့်နားထောင်နေသူပေါင်း ၆ သိန်းခွဲကျော် ရှိနေပါတယ်။
“မလင်ဒါ” ရဲ့အကြောင်းကို ပိုပြီး ထဲထဲဝင်ဝင် သိချင်တယ်ဆိုရင်တော့ သူရဲ့တရားဝင် Facebook စာမျက်နှာကို ဒီနေရာမှာ နှိပ်ပြီး သွားကြည့်နိုင်ပါသေးတယ်။
Credit : popolay
Sign up here with your email
ConversionConversion EmoticonEmoticon