ကေလးေတြကို လိင္ပိုင္းဆိုင္ရာေစာ္ကားမႈနဲ႔ ကက္သလစ္ဘုန္းေတာ္ႀကီးႏွစ္ဦးကို ေထာင္ဒဏ္ႏွစ္ ( ၄၀ ) ေက်ာ္ခ်မွတ္





Zawgyi ျဖင့္ဖတ္ရန္

ခ်ာ့ခ်္ေက်ာင္းက အၾကားအာ႐ုံခ်ိဳ႕ယြင္းေနတဲ့ကေလးငယ္ေတြကို အဓမၼျပဳက်င့္မႈနဲ႔ အာဂ်င္တီးနားတရား႐ုံးက ကက္သလစ္ဘုန္းေတာ္ႀကီးႏွစ္ပါးကို အႏွစ္ ၄၀ ေက်ာ္ ေထာင္ဒဏ္ခ်မွတ္လိုက္ပါတယ္။

Horacio Corbacho ၊ Nicola Corradi နဲ႔ ဥယ်ာဥ္မႉးတစ္ဦးတို႔ဟာ ၂၀၀၄ မွ ၂၀၁၆ ခုႏွစ္အထိ Mendoza ျပည္နယ္ရွိ ေက်ာင္းမွာ အဓမၼျပဳက်င့္မႈ၊ အလႊဲသုံးစားမႈေတြနဲ႔ အျပစ္ရွိေၾကာင္းေတြ႕ရွိခဲ့ပါတယ္။ အဓမၼက်ဴးလြန္ခံရသူေတြက တနလၤာေန႔မွာ စီရင္ခ်က္ခ်တာကိုၾကည့္ဖို႔အတြက္ တရား႐ုံးမွာေရာက္ရွိေနခဲ့ၾကပါတယ္။အခုလိုျဖစ္ပ်က္ခဲ့တဲ့ကိစၥဟာ ပုပ္ရဟန္းမင္းႀကီးဖရန္စစ္ရဲ႕ ဇာတိေျမျဖစ္တဲ့ အာဂ်င္တီးနားကို ထိတ္လန႔္တုန္လႈပ္ေစခဲ့ၿပီး စြပ္စြဲျပစ္တင္သံေတြ တျဖည္းျဖည္းမ်ားလာေနပါတယ္။ၿပီးခဲ့တဲ့ဆယ္စုႏွစ္အနည္းငယ္အတြင္းမွာ ကက္သလစ္ဘုရားရွိခိုးေက်ာင္းေတြဟာ ကမာၻတစ္ဝန္းမွာ ကေလးသူငယ္မ်ားအား လိင္ပိုင္းဆိုင္ရာအၾကမ္းဖက္မႈဆိုတဲ့ စြပ္စြဲခ်က္ေတြနဲ႔ ရင္ဆိုင္ေနခဲ့ရပါတယ္။



တနလၤာေန႔မွာ ျပည္နယ္ၿမိဳ႕ေတာ္ Mendoza မွာရွိတဲ့တရား႐ုံးက အာဂ်င္တီးနားဘုန္းေတာ္ႀကီး Corbacho ကို ၄၅ ႏွစ္ ေထာင္ဒဏ္က်ခံေစဖို႔ အမိန႔္ခ်မွတ္ခဲ့ပါတယ္။ အသက္ ၅၉ ႏွစ္ရွိ Corbacho ကို Lujan de Cuyo ၿမိဳ႕မွာရွိတဲ့ Instituto Antonio Provolo de Mendoza မွာ ကေလးမ်ားအားလိင္ပိုင္းဆိုင္ရာေစာ္ကားမႈနဲ႔ အျပစ္ရွိေၾကာင္းေတြ႕ရွိခဲ့တာျဖစ္ပါတယ္။
အသက္ ၈၃ ႏွစ္ရွိ အီတလီလူမ်ိဳး Corradi ကိုေတာ့ ၄၂ ႏွစ္ ျပစ္ဒဏ္ခ်မွတ္္ခဲ့ပါတယ္။ သူဟာ ၁၉၇၀ ျပည့္ႏွစ္ေတြမွာ အီတလီမွာရွိတဲ့ Verona ေက်ာင္းမွာလည္း အလႊဲသုံးစားမႈေတြအတြက္ အစစ္ေဆးခံခဲ့ရေပမယ့္လည္း ဘယ္ေသာအခါမွ စြဲခ်က္တင္မခံခဲ့ရပါဘူး။Lujan de Cuyo ေက်ာင္းရဲ႕ ဥယ်ာဥ္မႉး Armando Gomez ကိုေတာ့ ေထာင္ဒဏ္ ၁၈ ႏွစ္ခ်မွတ္ခဲ့ပါတယ္။ အဆိုပါျပစ္ဒဏ္အတြက္ေတာ့ အယူခံဝင္ခြင့္မရွိပါဘူး။

ျပစ္ဒဏ္ကိုဖတ္ၾကားၿပီးတဲ့ေနာက္မွာေတာ့ တရားခံတစ္ဦးတစ္ေယာက္ကမွ ဘာမွတ္ခ်က္မွမေပးခဲ့ပါဘူး။ တရားခြင္မွာေရာက္ ရွိေနတဲ့ အဓမၼျပဳက်င့္ခံရသူကေလးေတြရဲ႕မိခင္ေတြကေတာ့ တစ္ဦးနဲ႔တစ္ဦးေပြ႕ဖက္ၿပီးငိုေႂကြးေနၾကတာေတြ႕ရပါတယ္။ အဲဒီအခ်ိန္ တရား႐ုံးအျပင္ဘက္မွာေရာက္ရွိေနတဲ့ လူငယ္အုပ္စုကေတာ့ စီရက္ခ်က္ကို ခ်ီးက်ဴးခဲ့ၾကပါတယ္။ျပစ္မႈက်ဴးလြန္ခံရသူကေလးတစ္ဦးရဲ႕ဖခင္ စက္႐ုံအလုပ္သမား Ariel Lizarraga ကေတာ့ ‘ဒါဟာ ငါတို႔အတြက္ေရာ ကမာၻႀကီးအတြက္ပါ ဘယ္ေလာက္အေရးႀကီးတယ္ဆိုတာ မင္းမသိပါဘူး’လို႔ ၀ါရွင္တန္ပို႔စ္ကေန ေျပာၾကားခဲ့ပါတယ္။

‘ဘုရားေက်ာင္းက ဒီခ်ိဳးေဖာက္မႈေတြကိုဖုံးကြယ္ဖို႔ ႀကိဳးစားေနခဲ့တာ။ ဒါေပမယ့္ ဒီဘုန္းေတာ္ႀကီးေတြက ငါတို႔ကေလးေတြကို အဓမၼျပဳက်င့္ၿပီး ႏွိပ္စက္တယ္။ အၾကားအာ႐ုံခ်ိဳ႕ယြင္းေနတဲ့ကေလးေတြေနာ္။ ဒီေန႔ေတာ့ ဘုန္းႀကီးေတြကိုစြပ္စြဲတာကို တားျမစ္ပိတ္ပင္ထားတာက ဒီေလာက္အထိပဲ”လို႔ သူကေျပာခဲ့ပါတယ္။



ဘီဘီစီ၏ Candace Piette ရဲ႕သုံးသပ္ခ်က္ –
အခုအမႈစီရင္ခ်က္ဟာ ကမာၻတစ္ဝန္းမွာရွိတဲ့ လိင္အၾကမ္းဖက္မႈေတြကို ႐ိုမန္ကက္သလစ္ခ်ာ့ခ်္ရဲ႕ကိုင္တြယ္မႈနဲ႔ပတ္သက္ၿပီး ေနာက္ဆုံးအမည္းစက္တစ္ခုပါ။
ဒီျဖစ္ရပ္ဟာ မၾကာေသးမီႏွစ္မ်ားအတြင္း ကက္သလစ္ဘုရားရွိခိုးေက်ာင္းမွာ ႏွိပ္စက္ညႇဥ္းပန္းမႈမ်ားစြာျဖစ္ခဲ့တဲ့ အာဂ်င္တီးနားႏိုင္ငံက ျပည္သူေတြကို ထိတ္လန႔္တုန္လႈပ္ေစခဲ့ပါတယ္။
Mendoza က ကေလးေတြအေနနဲ႔က ၄င္းတို႔ကို လက္ဟန္ျပဘာသာစကားအသုံးျပဳျခင္းကိုတားျမစ္ထားတဲ့အတြက္ သူတို႔ဘာေတြျဖစ္ေနတယ္ဆိုတာကို ဆက္သြယ္ေျပာဆိုႏိုင္ျခင္းမရွိခဲ့ပါဘူးလို႔ဆိုပါတယ္။

Writer_Aung Moe ( XYZ NEWS )


Unicode ဖြင့်ဖတ်ရန်

ကလေးတွေကို လိင်ပိုင်းဆိုင်ရာစော်ကားမှုနဲ့ ကက်သလစ်ဘုန်းတော်ကြီးနှစ်ဦးကို ထောင်ဒဏ်နှစ် ( ၄၀ ) ကျော်ချမှတ်




ချာ့ချ်ကျောင်းက အကြားအာရုံချို့ယွင်းနေတဲ့ကလေးငယ်တွေကို အဓမ္မပြုကျင့်မှုနဲ့ အာဂျင်တီးနားတရားရုံးက ကက်သလစ်ဘုန်းတော်ကြီးနှစ်ပါးကို အနှစ် ၄၀ ကျော် ထောင်ဒဏ်ချမှတ်လိုက်ပါတယ်။

Horacio Corbacho ၊ Nicola Corradi နဲ့ ဥယျာဉ်မှူးတစ်ဦးတို့ဟာ ၂၀၀၄ မှ ၂၀၁၆ ခုနှစ်အထိ Mendoza ပြည်နယ်ရှိ ကျောင်းမှာ အဓမ္မပြုကျင့်မှု၊ အလွှဲသုံးစားမှုတွေနဲ့ အပြစ်ရှိကြောင်းတွေ့ရှိခဲ့ပါတယ်။ အဓမ္မကျူးလွန်ခံရသူတွေက တနင်္လာနေ့မှာ စီရင်ချက်ချတာကိုကြည့်ဖို့အတွက် တရားရုံးမှာရောက်ရှိနေခဲ့ကြပါတယ်။အခုလိုဖြစ်ပျက်ခဲ့တဲ့ကိစ္စဟာ ပုပ်ရဟန်းမင်းကြီးဖရန်စစ်ရဲ့ ဇာတိမြေဖြစ်တဲ့ အာဂျင်တီးနားကို ထိတ်လန့်တုန်လှုပ်စေခဲ့ပြီး စွပ်စွဲပြစ်တင်သံတွေ တဖြည်းဖြည်းများလာနေပါတယ်။ပြီးခဲ့တဲ့ဆယ်စုနှစ်အနည်းငယ်အတွင်းမှာ ကက်သလစ်ဘုရားရှိခိုးကျောင်းတွေဟာ ကမ္ဘာတစ်ဝန်းမှာ ကလေးသူငယ်များအား လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ရင်ဆိုင်နေခဲ့ရပါတယ်။



တနင်္လာနေ့မှာ ပြည်နယ်မြို့တော် Mendoza မှာရှိတဲ့တရားရုံးက အာဂျင်တီးနားဘုန်းတော်ကြီး Corbacho ကို ၄၅ နှစ် ထောင်ဒဏ်ကျခံစေဖို့ အမိန့်ချမှတ်ခဲ့ပါတယ်။ အသက် ၅၉ နှစ်ရှိ Corbacho ကို Lujan de Cuyo မြို့မှာရှိတဲ့ Instituto Antonio Provolo de Mendoza မှာ ကလေးများအားလိင်ပိုင်းဆိုင်ရာစော်ကားမှုနဲ့ အပြစ်ရှိကြောင်းတွေ့ရှိခဲ့တာဖြစ်ပါတယ်။
အသက် ၈၃ နှစ်ရှိ အီတလီလူမျိုး Corradi ကိုတော့ ၄၂ နှစ် ပြစ်ဒဏ်ချမှတ််ခဲ့ပါတယ်။ သူဟာ ၁၉၇၀ ပြည့်နှစ်တွေမှာ အီတလီမှာရှိတဲ့ Verona ကျောင်းမှာလည်း အလွှဲသုံးစားမှုတွေအတွက် အစစ်ဆေးခံခဲ့ရပေမယ့်လည်း ဘယ်သောအခါမှ စွဲချက်တင်မခံခဲ့ရပါဘူး။Lujan de Cuyo ကျောင်းရဲ့ ဥယျာဉ်မှူး Armando Gomez ကိုတော့ ထောင်ဒဏ် ၁၈ နှစ်ချမှတ်ခဲ့ပါတယ်။ အဆိုပါပြစ်ဒဏ်အတွက်တော့ အယူခံဝင်ခွင့်မရှိပါဘူး။

ပြစ်ဒဏ်ကိုဖတ်ကြားပြီးတဲ့နောက်မှာတော့ တရားခံတစ်ဦးတစ်ယောက်ကမှ ဘာမှတ်ချက်မှမပေးခဲ့ပါဘူး။ တရားခွင်မှာရောက် ရှိနေတဲ့ အဓမ္မပြုကျင့်ခံရသူကလေးတွေရဲ့မိခင်တွေကတော့ တစ်ဦးနဲ့တစ်ဦးပွေ့ဖက်ပြီးငိုကြွေးနေကြတာတွေ့ရပါတယ်။ အဲဒီအချိန် တရားရုံးအပြင်ဘက်မှာရောက်ရှိနေတဲ့ လူငယ်အုပ်စုကတော့ စီရက်ချက်ကို ချီးကျူးခဲ့ကြပါတယ်။ပြစ်မှုကျူးလွန်ခံရသူကလေးတစ်ဦးရဲ့ဖခင် စက်ရုံအလုပ်သမား Ariel Lizarraga ကတော့ ‘ဒါဟာ ငါတို့အတွက်ရော ကမ္ဘာကြီးအတွက်ပါ ဘယ်လောက်အရေးကြီးတယ်ဆိုတာ မင်းမသိပါဘူး’လို့ ၀ါရှင်တန်ပို့စ်ကနေ ပြောကြားခဲ့ပါတယ်။

‘ဘုရားကျောင်းက ဒီချိုးဖောက်မှုတွေကိုဖုံးကွယ်ဖို့ ကြိုးစားနေခဲ့တာ။ ဒါပေမယ့် ဒီဘုန်းတော်ကြီးတွေက ငါတို့ကလေးတွေကို အဓမ္မပြုကျင့်ပြီး နှိပ်စက်တယ်။ အကြားအာရုံချို့ယွင်းနေတဲ့ကလေးတွေနော်။ ဒီနေ့တော့ ဘုန်းကြီးတွေကိုစွပ်စွဲတာကို တားမြစ်ပိတ်ပင်ထားတာက ဒီလောက်အထိပဲ”လို့ သူကပြောခဲ့ပါတယ်။



ဘီဘီစီ၏ Candace Piette ရဲ့သုံးသပ်ချက် –
အခုအမှုစီရင်ချက်ဟာ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ လိင်အကြမ်းဖက်မှုတွေကို ရိုမန်ကက်သလစ်ချာ့ချ်ရဲ့ကိုင်တွယ်မှုနဲ့ပတ်သက်ပြီး နောက်ဆုံးအမည်းစက်တစ်ခုပါ။
ဒီဖြစ်ရပ်ဟာ မကြာသေးမီနှစ်များအတွင်း ကက်သလစ်ဘုရားရှိခိုးကျောင်းမှာ နှိပ်စက်ညှဉ်းပန်းမှုများစွာဖြစ်ခဲ့တဲ့ အာဂျင်တီးနားနိုင်ငံက ပြည်သူတွေကို ထိတ်လန့်တုန်လှုပ်စေခဲ့ပါတယ်။
Mendoza က ကလေးတွေအနေနဲ့က ၄င်းတို့ကို လက်ဟန်ပြဘာသာစကားအသုံးပြုခြင်းကိုတားမြစ်ထားတဲ့အတွက် သူတို့ဘာတွေဖြစ်နေတယ်ဆိုတာကို ဆက်သွယ်ပြောဆိုနိုင်ခြင်းမရှိခဲ့ပါဘူးလို့ဆိုပါတယ်။

Writer_Aung Moe ( XYZ NEWS )


Previous
Next Post »
Powered by Blogger.