



Zawgyi ဖြင့်ဖတ်ရန်










Unicode ဖြင့်ဖတ်ရန်


ကြောင်လေး တစ်ကောင်ကို လျှာနဲ့ လျက်ခိုင်းပြီး ဝက်ခြံပျောက်အောင် လုပ်လို့ ရမယ့် နည်းလမ်း



ကလေးဘဝကနေ လူကြီးဖြစ်စအရွယ်ရောက်လာရင် တစ်နည်းအားဖြင့် အပျိုဖော် လူပျိုဖြစ်လာရင် ဝက်ခြံတွေ ပေါက်တတ်လာပါတယ်…..ဝက်ခြံဆိုတာ မျက်နှာရဲ့ အလှကို တမျိုးပျက်စီးစေတာမို့ ဘယ်သူမှ ဝက်ခြံပေါက်တာမလိုလားကြဘူး…အခန့်မသင့်လို့ ဝက်ခြံညှစ်ရင်လည်း အမာရွတ်တွေကျန်ခဲ့တာမို့ ခုခေတ်မှာ ဝက်ခြံမထွက်အောင် skin care အမျိုးမျိုးသုံးကြတာပါ…skin care တွေသုံးလွန်းလို့ ပိုက်ဆံတွေလည်း ကုန်လှပါတယ်…



ဒီတစ်ခါမှာတော့ ငွေမကုန်တဲ့ အံ့ဖွယ်သဘာဝနည်းလေးတစ်ခုဖော်ပြပေးပါ့မယ်…အဲတာကတော့ ကြောင်ရဲ့ လျှာနဲ့ လျက်ပေးယုံနဲ့ ဝက်ခြံပျောက်တဲ့နည်းလေးပါ….အင်ဒိုနီးရှားနိုင်ငံက ဒင်ဒါအမည်ရတဲ့ အမျိုးသမီးတစ်ဦးဟာ ဒီနည်းလေးအသစ်ကို စတင်တွေ့ရှိခဲ့တာပါ…အဲတာကတော့ သူမရဲ့ ကြောင်လေး ဖြစ်တဲ့ နီယာရဲ့ လျှာနဲ့ အလျက်ခံလိုက်တာနဲ့ ဝက်ခြံတွေ ပျောက်ကင်းတာကို သူမ သတိထားမိတာပါ….. ဒါ့အပြင် အသားအရည်ကိုပါ နူးညံ့ချောမွတ်စေတာကို တွေ့ရှိခဲ့ပါတယ်…..



ခုလိုဝက်ခြံပျောက်တာကို သူမရဲ့ ညီမ ဒက်ဘီကလည်း ဒါကို မှန်ကန်ကြောင်း ပြောဆိုခဲ့ပါတယ်….ဒင်ဒါဟာ ဝက်ခြံတွေထွက်တဲ့ သူမရဲ့ မျက်နှာကို လွန်ခဲ့တဲ့ သုံးလလောက်က သူမကြောင်လေးကို လျှာနဲ့ လျက်ခိုင်းခဲ့ပါတယ်…ခုချိန်မှာတော့ အဲလိုလျှာနဲ့ လျက်ပေးတာကြောင့် ဝက်ခြံတွေဟာ တဖြည်းဖြည်းပျောက်ကင်းလာတယ်လို့ သိရပါတယ်….ခုဆို ဒီနည်းလမ်းလေးက လူပြောများလာပါပြီ…ဘယ်လိုဓာတ်တွေနဲ့ ဝက်ခြံတွေပျောက်သွားလည်းဆိုတာတော့ သိပ္ပံနည်းကျမသိသေးပါဘူး….ခုလို အံ့သြဖွယ်သတင်းလေးကို ပရိသတ်ကြီးတို့သိအောင် ပြန်လည်ဖော်ပြလိုက်ရပါတယ်…

Writer – HW (Shwe Yaung Lan)


Previous
Next Post »
Powered by Blogger.