သဘာဝဘေးဒဏ် သင့်ခဲ့သော ဂျပန် အရှေ့မြောက်ပိုင်းဒေသသို့ မြန်မာက ဗုဒ္ဓဆင်းတုတော်တစ်ဆူအား လှူဒါန်း




Zawgyiဖြင့်ဖတ်ရန်










Unicode ဖြင့်ဖတ်ရန်


ဂျပန် နိုင်ငံအ ရှေ့မြောက်ပိုင်းတွင်  ဖြစ်ပေါ်ခဲ့ သော (၂၀၁၁) မြေငလျင်နှင့် ဆူနာ မီအတွင်း သေဆုံး သူများအတွက် မြန်မာက ဗုဒ္ဓဆင်းတုတော် တစ်ဆူ လှူဒန်းခဲ့ရာ အခမ်းအနားကို နိုဝင်ဘာ (၂၅) ရက် က ကျင်းပခဲ့သည် ။ (၂၀၀၄) က အိန္ဒိယ သမုဒ္ဒရာ ဆူနာမီဒဏ်ကို မြန်မာ နိုင်ငံလည်း ခံခဲ့ရပြီး ဉာဏ်တော် အမြင့် ငါးမီတာရှိသော စကျင်ကျောက် ရုပ်တုရှေ့တွင် မြန်မာဘုန်းတော် ကြီးများက ဆုတောင်းရွတ် ဖတ်ကြသည် ။



ယင်းဆင်း တုတော်ကို မီနာ မီဆန်ရီ ကူမြို့ရှိ ရှီဂူဂါဝါ ပင်လယ် အော်ကို အုပ်မိုး ထားသောတောင် ကုန်းတစ် ခုပေါ်တွင် ပြီးခဲ့သည့် လက ထားရှိခဲ့သည် ။ ယင်း တောင်ကုန်း သည် လူ (၁၅,၀၀၀) ကျော် သေဆုံးခဲ့သောယင်းသဘာ ဝဘေးအထိမ်းအမှတ်အဖြစ် မီနာ မီဆန်ရီကူ ဟိုတယ်ဖွင့် ထားသော လုပ်ငန်းက ဖန်တီးနေသည့်သစ် တောဥယျာဉ်တစ်ခုအတွင်း တည်ရှိသည်။

မြန်မာ ကုန်သည် အိမ်တစ် အိမ် က ထိုဆင်းတုတော် ကို ယင်းဟိုတယ်လုပ်ငန်းသို့ပေးအပ် ခဲ့ပြီး ယင်းသဘာဝဒဏ်သင့် ဒေ သတစ်ဝန်း ကုမ္ပဏီအရာရှိများ ကို ပြသခဲ့သည် ။

‘‘ဒါက ပြန်လည်တည် ဆောက်ရေး အတွက် အသေး အ မွှားဖြစ် နိုင်ပေမယ့် လူတွေကြား အပြန်အလှန် ဆက်ဆံရေးဆောင် ကြဉ်းမ ယ့် ခရီးသွား ရင်းမြစ်တစ်ခု ဖြစ်မယ် လို့ ကျွန်တော် မျှော်လင့်ပါ တယ်’’ ဟု တိုမိုဆာဒါ နိုင်ငံတ ကာကုန်သွယ် ရေးကုမ္ပဏီပူး တွဲ ခေါင်းဆောင် ဦးထက်မြတ်ဦး (၅၂) နှစ် က ပြောကြားသည်။

‘‘ကျွန်တော် တို့ အသိုင်းအ ဝိုင်းကို စီးကြည့်နေတဲ့ နေရာတစ် ခုမှာ ထားရှိတဲ့ဗုဒ္ဓဆင်းတုတော်ကို ဖူးမြော်နေတာ ကျွန်တော်စိတ်ခံ စားချက် အပြည့်ပါပဲ’’ ဟု ဟိုတယ် လုပ်ငန်းအဘီချို ရှိတန်ကုမ္ပဏီ ဥက္ကဋ္ဌ ယာဆူဟီရိုအာဘေး (၅၆) နှစ်က ပြောကြားသည်။

အာဘေး ၏ ကုမ္ပဏီသည် ယင်းဒေသတစ်ဝန်း ဘတ်စ်ကား ခရီးသွားလာရေးလုပ်ကိုင်နေပြီး လူ ၃၀၀ ကျော် ခိုလှုံခဲ့သော ဆူနာ မီဒဏ် သင့် လက်ထပ်ပွဲစင်တာ ၏ လက်ကျန်အစိတ်အပိုင်းများ ကို ထိန်းသိမ်းထားသည် ။

Credit: Burmese Asia 


Previous
Next Post »
Powered by Blogger.