Zawgyiျဖင့္ဖတ္ရန္
ကက္ကတစ္ငါး အေကာင္ကို အေၾကးထိုးျပီး ေရစင္ၾကယ္ေအာင္ေဆး၍ အကြင္းေလးေတြ တုံးပါ။
ဆား၊စိမ္းစားငါးပိ၊နႏြင္းမႈန့္ အနည္းငယ္စီ တိုု့ျဖင့္ နယ္ကာနာရီဝက္ခန့္ႏွပ္ထားပါ။
ျပီးလွ်င္ ညက္ေအာင္ေထာင္းထားေသာ ၾကက္သြန္ျဖဴ၊ ၾကက္သြန္ နီ၊ ငရုုတ္တိုု့ကိုု အိုုးထဲသိုု့ ဆီသင့္ရံုုထည့္ကာ ဆီသတ္ပါ။
ၾကက္သြန္ေၾကာ္န႕ံ ေမႊးလာပါက ငရုတ္သီးအေရာင္တင္မႈန္႕ အနည္းငယ္ ထည္႔ ျပီးေမႊကာ နယ္ျပီးႏွပ္ထားေသာ ငါးမ်ားကို ထည္႔ကာ အသာေမႊေပးပါ။
ခဏၾကာလွ်င္ အဆင္သင့္ ဓားနဲ႔ ေပါက္ထားေသာ သရက္သီးအစိမ္းမ်ားကို ထည္႔ျပီး ေရအနည္းငယ္ႏွင့္ ပြက္ပြက္ဆူကာ ဆီျပန္လာသည္အထိ တည္ထားပါ။
ပြက္ပြက္ဆူလာျပီး ဆီျပန္လာလွ်င္ အေပါ့အငံျမည္းကာ အခ်ိဳေပါ့လွ်င္ ပုစြန္ငံျပာရည္အခ်ိဳ အနည္းငယ္ထည္႔၍ နံနံပင္ႏွင့္ ငရုုတ္သီးစိမ္းမ်ားမ်ား အုုပ္ကာ အရသာေကာင္းမြန္ေသာ သရက္သီးစိမ္း ကက္ကတစ္ခ်ဥ္စပ္ဟင္းေလး သံုုးေဆာင္လို႕ ရပါျပီရွင္။
Credit:ခ်က္နည္း ျပဳတ္နည္း စုစည္းမွု
Unicodeဖြင့်ဖတ်ရန်
သရက်သီးစိမ်းကက်ကတစ်ချဉ်စပ်ဟင်း
ကက်ကတစ်ငါး အကောင်ကို အကြေးထိုးပြီး ရေစင်ကြယ်အောင်ဆေး၍ အကွင်းလေးတွေ တုံးပါ။
ဆား၊စိမ်းစားငါးပိ၊နနွင်းမှုန့် အနည်းငယ်စီ တို့ဖြင့် နယ်ကာနာရီဝက်ခန့်နှပ်ထားပါ။
ပြီးလျှင် ညက်အောင်ထောင်းထားသော ကြက်သွန်ဖြူ၊ ကြက်သွန် နီ၊ ငရုတ်တို့ကို အိုးထဲသို့ ဆီသင့်ရုံထည့်ကာ ဆီသတ်ပါ။
ကြက်သွန်ကြော်နံ့ မွှေးလာပါက ငရုတ်သီးအရောင်တင်မှုန့် အနည်းငယ် ထည့် ပြီးမွှေကာ နယ်ပြီးနှပ်ထားသော ငါးများကို ထည့်ကာ အသာမွှေပေးပါ။
ခဏကြာလျှင် အဆင်သင့် ဓားနဲ့ ပေါက်ထားသော သရက်သီးအစိမ်းများကို ထည့်ပြီး ရေအနည်းငယ်နှင့် ပွက်ပွက်ဆူကာ ဆီပြန်လာသည်အထိ တည်ထားပါ။
ပွက်ပွက်ဆူလာပြီး ဆီပြန်လာလျှင် အပေါ့အငံမြည်းကာ အချိုပေါ့လျှင် ပုစွန်ငံပြာရည်အချို အနည်းငယ်ထည့်၍ နံနံပင်နှင့် ငရုတ်သီးစိမ်းများများ အုပ်ကာ အရသာကောင်းမွန်သော သရက်သီးစိမ်း ကက်ကတစ်ချဉ်စပ်ဟင်းလေး သုံးဆောင်လို့ ရပါပြီရှင်။
Credit:ချက်နည်း ပြုတ်နည်း စုစည်းမှု
Sign up here with your email
ConversionConversion EmoticonEmoticon