ဆီးဂိမ္းစ္အမ်ိဳးသားေဘာလုံး အုပ္စု (က)တြင္ ကေမာၻဒီးယားႏွင့္ ျမန္မာ ထိပ္ဆုံးက ရပ္တည္ေန



Zawgyi ျဖင့္ဖတ္ရန္

အႀကိမ္ ၃၀ ေျမာက္ ဆီးဂိမ္းစ္ၿပိဳင္ပြဲကို ဖိလစ္ပိုင္ႏိုင္ငံမွာ ဆက္လက္က်င္းပေနရာမွာ မေန႔ညေနက ကန္သြားတဲ့ အမ်ိဳးသားေဘာလုံးၿပိဳင္ပြဲ အုပ္စု (က) ပြဲစဥ္ေတြမွာေတာ့ ျမန္မာနဲ႔ ကေမာၻဒီးယားအသင္းတို႔ ၿပိဳင္ဘက္ေတြကို အသီးသီးအႏိုင္ရၿပီး အုပ္စု ထိပ္ဆုံးမွာ ရပ္တည္ေနပါတယ္။

ျမန္မာ ယူ-၂၂ အသင္းက အိမ္ရွင္ ဖိလစ္ပိုင္ ယူ-၂၂ အသင္းကို (၂- ၁) ဂိုးနဲ႔အႏိုင္ခဲ့သလို ကေမာၻဒီးယား ယူ- ၂၂ အသင္းကလည္း အေရွ႕တီေမာ ယူ -၂၂ အသင္းကို (၅-၀) ဂိုးနဲ႔ ဂိုးျပတ္ အႏိုင္ရခဲ့ပါတယ္။

ဒီႏွစ္သင္းစလုံး အုပ္စုတြင္း ႏွစ္ပြဲစီကစားအၿပီးမွာ တပြဲႏိုင္ တပြဲသေရနဲ႔ ရမွတ္ ၄ မွတ္စီ အမွတ္တူရရွိေနၿပီး ကေမာၻဒီးယားက ဂိုးကြာျခားခ်က္အသာနဲ႔ အုပ္စုအမွတ္ေပးဇယား ထိပ္ဆုံးမွာ ရပ္တည္ေနပါတယ္။

ျမန္မာကေတာ့ ကေမာၻဒီးယားရဲ႕ေအာက္ ဒုတိယေနရာမွာ ရပ္တည္ေနၿပီး ျမန္မာရဲ႕ေနာက္မွာ မေလးရွား၊ ဖိလစ္ပိုင္နဲ႔ တီေမာအသင္းေတြက အစဥ္လိုက္ရပ္တည္ေနပါတယ္။

မေန႔ညေနကကန္သြားတဲ့ ျမန္မာယူ-၂၂ အသင္းနဲ႔ အိမ္ရွင္ဖိလစ္ပိုင္ အသင္းတို႔ ပြဲစဥ္မွာေတာ့ ျမန္မာက ၂ဂိုး၁ဂိုးနဲ႔ အႏိုင္ယူၿပီး အုပ္စုတက္ဖို႔အခြင့္အေရးေကာင္းသြားပါတယ္။

မေန႔ကကန္သြားတဲ့ ျမန္မာအသင္းရဲ႕ပြဲထြက္လူစာရင္းမွာ မေလးရွားနဲ႔ပြဲက လူစာရင္းအတိုင္းပဲ အေျပာင္းအလဲမရွိပြဲထြက္ခဲ့ပါတယ္။ ဒါေပမယ့္ျမန္မာ အသင္းအေနနဲ႔ ေဘာလုံးပိုင္ဆိုင္မႈ အသာစီးနဲ႔ ကစားႏိုင္ခဲ့ေပမယ့္အႏိုင္ရဖို႔ ခက္ခက္ခဲခဲ ကစားခဲ့ရတာျဖစ္ပါတယ္။

ပထမပိုင္း ပြဲခ်ိန္၁၇မိနစ္မွာ တိုက္စစ္မႉးေအာင္ေကာင္းမာန္က ျမတ္ေကာင္းခန႔္ရဲ႕ ေပးပို႔ မႈကေန အပိုင္ကန္သြင္းၿပီး ဦးေဆာင္ဂိုးရယူခဲ့ပါတယ္။ ျမန္မာအသင္းက ေဘာလုံးပိုင္ဆိုင္မူအသာ နဲ႔ ထိန္းခ်ဳပ္ႏိုင္ခဲ့ေပမယ့္ဖိလစ္ပိုင္ရဲ႕ တန္ျပန္တိုက္စစ္ေတြနဲ႔ ျဖတ္တင္ေဘာေတြကိုေတာ့ ျမန္မာေနာက္တန္းက ခက္ခက္ခဲခဲကစားခဲ့ရပါတယ္။

ျမန္မာကြင္းလယ္ခံစစ္က ေအာင္ႏိုင္ဝင္းနဲ႔ ဗဟိုခံစစ္ ကစားသမားေတြျဖစ္တဲ့ ရဲမင္းသူ၊ ရဲရင့္ေအာင္တို႔ရဲ႕ ခံစစ္ ကစားပုံဟာလည္းအားနည္းခ်က္ေတြရွိခဲ့ ၿပီး မာကင္လြတ္ေနခဲ့တာကိုေတြ႕ရပါတယ္။ ပထမပိုင္း ပြဲၿပီးခါနီး ၄၅ မိနစ္မွာေတာ့ ျဖတ္တင္ေပးပို႔ တာကေန လူကပ္ခံရျခင္းမရွိတဲ့ ဂ်က္စတင္က အျပန္ကန္သြင္းခ်က္နဲ႔ ဖိလစ္ပိုင္အသင္းကေခ်ပဂိုး သြင္းခဲ့ပါတယ္။

ဒုတိယပိုင္းအစမွာေတာ့ဖိလစ္ပိုင္အသင္းက ဝါရင့္ကြင္းလယ္လူ စတီဖင္ရွ႐ြက္ခ္ ရဲ႕ေပးပို႔မူေတြနဲ႔ အတူ ျမန္မာအသင္းကို ဖိအားေပးကစားႏိုင္ခဲ့ပါတယ္။ ဒါေပမယ့္ ဖိလစ္ပိုင္ တိုက္စစ္ပိုင္းက အခြင့္အေရးတခ်ိဳ႕အသုံးမခ်ႏိုင္လို႔ ျမန္မာအသင္းသက္သာရရခဲ့ပါတယ္။

ျမန္မာအသင္းက ညာေနာက္ခံလူ စိုးမိုးေက်ာ္ရဲ႕ေနရာမွာ ဝင္းမိုးေက်ာ္လူစားလဲခဲ့ပါတယ္ ။အဲဒီေနာက္ ျမန္မာအသင္းကျပန္လည္ဖိအားေပး ကစားႏိုင္ခဲ့ေပမယ့္ တိုက္စစ္မႉးေအာင္ေကာင္းမာန္ရဲ႕ ကန္သြင္းခ်က္ ဂိုးသမားထိထြက္ခဲ့လို႔နစ္နာခဲ့ ရပါတယ္

အဲဒီေနာက္ ေအာင္ေကာင္းမာန္အစား ဝင္းႏိုင္ထြန္းကိုလူစားလဲခဲ့တဲ့ ျမန္မာအသင္းဟာ တိုက္စစ္ပိုင္းပိုမို လႈပ္ကစားႏိုင္ခဲ့ပါတယ္။ ဒါေပမယ့္ အႏိုင္ဂိုးရဖို႔ေတာ့ ခက္ခဲေနခဲ့ၿပီး တိုက္စစ္ပိုင္းက အခ်ိတ္အဆက္မိဖို႔လိုအပ္ေနခဲ့ပါတယ္။ ပြဲခ်ိန္၇၉မိနစ္မွာေတာ့ ျမတ္ေကာင္းခန႔္က ညာေတာင္ပံတေလွ်ာက္ ျဖတ္ေျပးယူသြားၿပီး ျပန္လည္ခ်ေပးခဲ့ရာမွာ အသင့္လိုက္ပါလာတဲ့ ဝင္းႏိုင္ထြန္းက တစ္ခ်က္ထိန္းၿပီး အျပင္းကန္သြင္းခဲ့လို႔ ျမန္မာအသင္းအႏိုင္ဂိုးရ ခဲ့တာျဖစ္ပါတယ္။



အဲဒီေနာက္မွာ ျမတ္ေကာင္းခန႔္အစား ေနမိုးႏိုင္ကို လူစားလဲၿပီး ျမန္မာအသင္းက အႏိုင္ရလဒ္ကိုထိန္းကစားခဲ့ပါတယ္။

ၿပီးခါနီးမွာ ဝင္ႏိုင္ထြန္း ဂိုးသမားနဲ႔တစ္ဦးခ်င္း ကန္သြင္းခြင့္ရခဲ့ေပမယ့္လည္း ဂိုးသမားထိထြက္ခဲ့တာ ေၾကာင့္တဂိုး နစ္နာခဲ့ရပါတယ္။ ၿပီးခါနီးမွာ ဖိလစ္ပိုင္က အျမင့္ေဘာတခ်ိဳ႕နဲ႔ဖိအားေပးခဲ့ေပမယ့္ လည္း ျမန္မာဂိုးသမားနဲ႔ခံစစ္က ခုခံတားဆီးႏိုင္ခဲ့လို႔ ၂ဂိုး၁ဂိုးရလဒ္နဲ႔ပဲပြဲၿပီးခဲ့တာျဖစ္ပါတယ္။

ျမန္မာအသင္းဟာ ဖိလစ္ပိုင္အသင္းနဲ႔ဆီးဂိမ္းၿပိဳင္ပြဲတစ္ေလွ်ာက္ မွာ စုစုေပါင္း ၄ႀကိမ္ေတြ႕ဆုံခဲ့ၿပီး ၄ႀကိမ္စလုံးဂိုးျပတ္ႏိုင္ပြဲေတြရခဲ့ေပမယ့္ အခုႏွစ္ဆီးဂိမ္းမွာေတာ့ ၂ဂိုး ၁ဂိုးရလဒ္နဲ႔ အႏိုင္ရလဒ္ကို ပုံေဖာ္ႏိုင္ခဲ့တာျဖစ္ပါတယ္။

ျမန္မာ-ဖိလစ္ပိုင္ ဆီးဂိမ္းတစ္ေလွ်ာက္ ေတြ႕ဆုံမႈ မွတ္တမ္း

ျမန္မာ ၅-၁ ဖိလစ္ပိုင္ (၂၀၁၅)

ျမန္မာ ၅-၀ ဖိလစ္ပိုင္ (၂၀၁၁)

ျမန္မာ ၄-၁ ဖိလစ္ပိုင္ (၁၉၉၉)

ျမန္မာ ၄-၁ ဖိလစ္ပိုင္ (၁၉၉၅)

Credit: DVB

Unicode ဖြင့်ဖတ်ရန်


ဆီးဂိမ်းစ်အမျိုးသားဘောလုံး အုပ်စု (က)တွင် ကမ္ဘောဒီးယားနှင့် မြန်မာ ထိပ်ဆုံးက ရပ်တည်နေ




အကြိမ် ၃၀ မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲကို ဖိလစ်ပိုင်နိုင်ငံမှာ ဆက်လက်ကျင်းပနေရာမှာ မနေ့ညနေက ကန်သွားတဲ့ အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စု (က) ပွဲစဉ်တွေမှာတော့ မြန်မာနဲ့ ကမ္ဘောဒီးယားအသင်းတို့ ပြိုင်ဘက်တွေကို အသီးသီးအနိုင်ရပြီး အုပ်စု ထိပ်ဆုံးမှာ ရပ်တည်နေပါတယ်။

မြန်မာ ယူ-၂၂ အသင်းက အိမ်ရှင် ဖိလစ်ပိုင် ယူ-၂၂ အသင်းကို (၂- ၁) ဂိုးနဲ့အနိုင်ခဲ့သလို ကမ္ဘောဒီးယား ယူ- ၂၂ အသင်းကလည်း အရှေ့တီမော ယူ -၂၂ အသင်းကို (၅-ဝ) ဂိုးနဲ့ ဂိုးပြတ် အနိုင်ရခဲ့ပါတယ်။

ဒီနှစ်သင်းစလုံး အုပ်စုတွင်း နှစ်ပွဲစီကစားအပြီးမှာ တပွဲနိုင် တပွဲသရေနဲ့ ရမှတ် ၄ မှတ်စီ အမှတ်တူရရှိနေပြီး ကမ္ဘောဒီးယားက ဂိုးကွာခြားချက်အသာနဲ့ အုပ်စုအမှတ်ပေးဇယား ထိပ်ဆုံးမှာ ရပ်တည်နေပါတယ်။

မြန်မာကတော့ ကမ္ဘောဒီးယားရဲ့အောက် ဒုတိယနေရာမှာ ရပ်တည်နေပြီး မြန်မာရဲ့နောက်မှာ မလေးရှား၊ ဖိလစ်ပိုင်နဲ့ တီမောအသင်းတွေက အစဉ်လိုက်ရပ်တည်နေပါတယ်။

မနေ့ညနေကကန်သွားတဲ့ မြန်မာယူ-၂၂ အသင်းနဲ့ အိမ်ရှင်ဖိလစ်ပိုင် အသင်းတို့ ပွဲစဉ်မှာတော့ မြန်မာက ၂ဂိုး၁ဂိုးနဲ့ အနိုင်ယူပြီး အုပ်စုတက်ဖို့အခွင့်အရေးကောင်းသွားပါတယ်။

မနေ့ကကန်သွားတဲ့ မြန်မာအသင်းရဲ့ပွဲထွက်လူစာရင်းမှာ မလေးရှားနဲ့ပွဲက လူစာရင်းအတိုင်းပဲ အပြောင်းအလဲမရှိပွဲထွက်ခဲ့ပါတယ်။ ဒါပေမယ့်မြန်မာ အသင်းအနေနဲ့ ဘောလုံးပိုင်ဆိုင်မှု အသာစီးနဲ့ ကစားနိုင်ခဲ့ပေမယ့်အနိုင်ရဖို့ ခက်ခက်ခဲခဲ ကစားခဲ့ရတာဖြစ်ပါတယ်။

ပထမပိုင်း ပွဲချိန်၁၇မိနစ်မှာ တိုက်စစ်မှူးအောင်ကောင်းမာန်က မြတ်ကောင်းခန့်ရဲ့ ပေးပို့ မှုကနေ အပိုင်ကန်သွင်းပြီး ဦးဆောင်ဂိုးရယူခဲ့ပါတယ်။ မြန်မာအသင်းက ဘောလုံးပိုင်ဆိုင်မူအသာ နဲ့ ထိန်းချုပ်နိုင်ခဲ့ပေမယ့်ဖိလစ်ပိုင်ရဲ့ တန်ပြန်တိုက်စစ်တွေနဲ့ ဖြတ်တင်ဘောတွေကိုတော့ မြန်မာနောက်တန်းက ခက်ခက်ခဲခဲကစားခဲ့ရပါတယ်။

မြန်မာကွင်းလယ်ခံစစ်က အောင်နိုင်ဝင်းနဲ့ ဗဟိုခံစစ် ကစားသမားတွေဖြစ်တဲ့ ရဲမင်းသူ၊ ရဲရင့်အောင်တို့ရဲ့ ခံစစ် ကစားပုံဟာလည်းအားနည်းချက်တွေရှိခဲ့ ပြီး မာကင်လွတ်နေခဲ့တာကိုတွေ့ရပါတယ်။ ပထမပိုင်း ပွဲပြီးခါနီး ၄၅ မိနစ်မှာတော့ ဖြတ်တင်ပေးပို့ တာကနေ လူကပ်ခံရခြင်းမရှိတဲ့ ဂျက်စတင်က အပြန်ကန်သွင်းချက်နဲ့ ဖိလစ်ပိုင်အသင်းကချေပဂိုး သွင်းခဲ့ပါတယ်။

ဒုတိယပိုင်းအစမှာတော့ဖိလစ်ပိုင်အသင်းက ဝါရင့်ကွင်းလယ်လူ စတီဖင်ရှရွက်ခ် ရဲ့ပေးပို့မူတွေနဲ့ အတူ မြန်မာအသင်းကို ဖိအားပေးကစားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဖိလစ်ပိုင် တိုက်စစ်ပိုင်းက အခွင့်အရေးတချို့အသုံးမချနိုင်လို့ မြန်မာအသင်းသက်သာရရခဲ့ပါတယ်။

မြန်မာအသင်းက ညာနောက်ခံလူ စိုးမိုးကျော်ရဲ့နေရာမှာ ဝင်းမိုးကျော်လူစားလဲခဲ့ပါတယ် ။အဲဒီနောက် မြန်မာအသင်းကပြန်လည်ဖိအားပေး ကစားနိုင်ခဲ့ပေမယ့် တိုက်စစ်မှူးအောင်ကောင်းမာန်ရဲ့ ကန်သွင်းချက် ဂိုးသမားထိထွက်ခဲ့လို့နစ်နာခဲ့ ရပါတယ်

အဲဒီနောက် အောင်ကောင်းမာန်အစား ဝင်းနိုင်ထွန်းကိုလူစားလဲခဲ့တဲ့ မြန်မာအသင်းဟာ တိုက်စစ်ပိုင်းပိုမို လှုပ်ကစားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် အနိုင်ဂိုးရဖို့တော့ ခက်ခဲနေခဲ့ပြီး တိုက်စစ်ပိုင်းက အချိတ်အဆက်မိဖို့လိုအပ်နေခဲ့ပါတယ်။ ပွဲချိန်၇၉မိနစ်မှာတော့ မြတ်ကောင်းခန့်က ညာတောင်ပံတလျှောက် ဖြတ်ပြေးယူသွားပြီး ပြန်လည်ချပေးခဲ့ရာမှာ အသင့်လိုက်ပါလာတဲ့ ဝင်းနိုင်ထွန်းက တစ်ချက်ထိန်းပြီး အပြင်းကန်သွင်းခဲ့လို့ မြန်မာအသင်းအနိုင်ဂိုးရ ခဲ့တာဖြစ်ပါတယ်။



အဲဒီနောက်မှာ မြတ်ကောင်းခန့်အစား နေမိုးနိုင်ကို လူစားလဲပြီး မြန်မာအသင်းက အနိုင်ရလဒ်ကိုထိန်းကစားခဲ့ပါတယ်။

ပြီးခါနီးမှာ ဝင်နိုင်ထွန်း ဂိုးသမားနဲ့တစ်ဦးချင်း ကန်သွင်းခွင့်ရခဲ့ပေမယ့်လည်း ဂိုးသမားထိထွက်ခဲ့တာ ကြောင့်တဂိုး နစ်နာခဲ့ရပါတယ်။ ပြီးခါနီးမှာ ဖိလစ်ပိုင်က အမြင့်ဘောတချို့နဲ့ဖိအားပေးခဲ့ပေမယ့် လည်း မြန်မာဂိုးသမားနဲ့ခံစစ်က ခုခံတားဆီးနိုင်ခဲ့လို့ ၂ဂိုး၁ဂိုးရလဒ်နဲ့ပဲပွဲပြီးခဲ့တာဖြစ်ပါတယ်။

မြန်မာအသင်းဟာ ဖိလစ်ပိုင်အသင်းနဲ့ဆီးဂိမ်းပြိုင်ပွဲတစ်လျှောက် မှာ စုစုပေါင်း ၄ကြိမ်တွေ့ဆုံခဲ့ပြီး ၄ကြိမ်စလုံးဂိုးပြတ်နိုင်ပွဲတွေရခဲ့ပေမယ့် အခုနှစ်ဆီးဂိမ်းမှာတော့ ၂ဂိုး ၁ဂိုးရလဒ်နဲ့ အနိုင်ရလဒ်ကို ပုံဖော်နိုင်ခဲ့တာဖြစ်ပါတယ်။

မြန်မာ-ဖိလစ်ပိုင် ဆီးဂိမ်းတစ်လျှောက် တွေ့ဆုံမှု မှတ်တမ်း

မြန်မာ ၅-၁ ဖိလစ်ပိုင် (၂၀၁၅)

မြန်မာ ၅-၀ ဖိလစ်ပိုင် (၂၀၁၁)

မြန်မာ ၄-၁ ဖိလစ်ပိုင် (၁၉၉၉)

မြန်မာ ၄-၁ ဖိလစ်ပိုင် (၁၉၉၅)

Credit: DVB


Previous
Next Post »
Powered by Blogger.