"လက်​ရှိ​အ​လုပ်​ကို​မ​နှစ်​သက်​တော့​တဲ့​အ​ခါ ​ဘာ​ဆက်​လုပ်​သ​င့်​သ​လဲ"

ကိုယ့်​ရဲ့​အ​လုပ်​က ​ကိုယ့်​အ​တွက် ​တော့ ​ကြီး​မား​တဲ့​ဘ၀​အ​စိတ်​အ​ပိုင်း​တစ်​ခု ​ပါ​ပဲ။ ​တ​ကယ်​လို့​ကိုယ်​ရဲ့​အ​လုပ်​ကို​မှ ​ကိုယ် ​ကိုယ်​တိုင်​က ​မ​နှစ်​သက်​တော့​တဲ့​အ​ခါ ​အဲ​ဒီ ​က​ရ​ရှိ​လာ​နိုင်​မယ့် ​သက်​ရောက်​မှု​တွေ​က ​ဘ၀​ကို​တစ်​စုံ​တစ်​ရာ​ထိ​ခိုက်​လာ​နိုင်​ပါ​တယ်။ ​အဲ​ဒီ​မှာ ​ကိုယ့်​ရဲ့​ပျော်​ရွ​ငှ်​မှု​တွေ၊ ​ကိုယ့်​ရဲ့ ​လူ​မှု​ဘ၀​တွေ​အ​ပါ​အ​ဝင် ​အား​လုံး​ကို​အ ​ကျိုး​သက်​ရောက်​မှု​တွေ​ဖြစ်​လာ​စေ​နိုင်​ပါ ​တယ်။

နေ့​ရက်​တိုင်း​မှာ ​ပျော်​ရွ​ငှ်​တဲ့​နေ့​တွေ ​ဖြစ်​ဖို့၊ ​ကိုယ့်​ရဲ့​အ​လုပ်​ကို​ချစ်​မြတ်​နိုး​ဖို့၊ ​နှစ်သက်​ဖို့​လည်း​လို​အပ်​ပါ​တယ်။ ​ဒီ​လို​မှ​မ​ဟုတ် ​ဘဲ ​ကိုယ့်​ရဲ့​အ​လုပ်​ကို ​ကိုယ်​ကိုယ်​တိုင်​က ​မ​နှစ်​သက်​တော့​ဘူး​ဆို​လျှင် ​ဘာ​တွေ​ဆက် ​လုပ်​သ​င့်​သ​လဲ။ ​တော်​တော်​များ​များ​က ​တော့ ​အဲ​ဒီ​လို​မျိုး​ဖြစ်​နေ​လျှင် ​အ​ကြံ​ပေး ​တတ်​တာ​က ​လက်​ရှိ​အ​လုပ်​က​နေ​ထွက် ​လိုက်​ပါ၊ ​အ​လုပ်​သစ်​ရှာ​ပါ​ဆို​တာ​မျိုး​ပဲ​ဖြစ် ​ပါ​တယ်။ ​ဒီ​အ​ချက်​က​ထိ​ရောက်​တဲ့ ​ဖြေ ​ရှင်း​နည်း​လား။ ​တ​ချို့​တွေ​အ​တွက်​တော့ ​ကိုယ်​နှစ်​သက်​တဲ့​အ​လုပ်​ထက် ​တ​ခြား​အ ​လုပ်​က ​ကိုယ့်​ရဲ့​လို​အပ်​ချက်​တွေ​ကို ​ပို​ပြည့် ​စုံ​စေ​တာ​ဖြစ်​လို့ ​လက်​ရှိ​အ​လုပ်​ကို​မ​စွန့်​ခွာ ​နိုင်​သူ​တွေ​လည်း​ရှိ​ပါ​တယ်။

ဆ​ရာ​ကြီး​ဒေါက်​တာ​အောင်​ထွန်း ​သက်​က​တော့ ​အ​ခု​လို​ပြော​ထား​ပါ​တယ်။ ​ကိုယ်​နှစ်​သက်​တဲ့၊ ​ကိုယ်​ချစ်​တဲ့ ​အ​လုပ်​ကို ​လုပ်​ပါ။ ​တ​ကယ်​လို့ ​ကိုယ်​နှစ်​သက်​တဲ့​အ ​လုပ်​ကို​လုပ်​ဖို့​အ​ခွ​င့်​မ​သာ​ခဲ့​လျှင်​လည်း ​ကိုယ်​လုပ်​တဲ့​အ​လုပ်​ကို​ချစ်​ဖို့​ကြိုး​စား​ပါ​လို့ ​ဆို​ထား​ပါ​တယ်။ ​ဒီ​တစ်​ပတ်​မှာ​တော့ ​ကိုယ့် ​ရဲ့​လက်​ရှိ​အ​လုပ်​ကို ​မ​နှစ်​သက်​တော့​တဲ့ ​အ​ခါ ​ဘာ​တွေ​ဆက်​လုပ်​သ​င့်​သ​လဲ​ဆို ​တာ​ကို​ဖော်​ပြ​ပေး​သွား​ပါ​မယ်။

ကိုယ်​မ​နှစ်​သက်​တဲ့​အ​ရာ​ကို ​သိ​အောင်လုပ်​ပါ

လက်​ရှိ​အ​လုပ်​ကို ​ကိုယ်​က​မ​နှစ်​သက် ​တော့​ဘူး၊ ​မုန်း​နေ​ပြီ​ဆို​ပါ​တော့။ ​အဲ​ဒီ​မှာ ​ကိုယ်​က ​ဘယ်​အ​ရာ​ကို​မုန်း​နေ​တာ​လဲ။ ​ဥ​ပ ​မာ​အား​ဖြ​င့် ​လ​စာ​က ​ကိုယ်​မျှော်​မှန်း​ထား ​သ​လောက်​မ​ရ​လို့ ​ဒီ​အ​လုပ်​ကို​မုန်း​တာ ​လား။ ​ဒါ​မှ​မ​ဟုတ် ​အ​လုပ်​ရှင်​ကြောင့်​လား၊ ​ဒါ​မှ​မ​ဟုတ် ​လုပ်​ဖော်​ကိုင်​ဖက်​တွေ​ကြောင့် ​လား၊ ​ဒီ​အ​လုပ်​က​ရှေ့​ဆက်​တက်​လမ်း​မ​ရှိ ​တာ​ကြောင့်​လား​စ​တဲ့​အ​ကြောင်း​အ​ချက်​တွေ ​တစ်​ခု​ခု​ကြောင့်​လား​ဆို​တာ​ကို ​သေ​ချာ ​အောင်​လုပ်​ပါ။ ​ပြ​ဿ​နာ​တစ်​ခု​ရဲ့ ​ဇာစ် ​မြစ်​ကို​သိ​အောင်​လုပ်​ပြီး​မှ ​အဲ​ဒါ​ကို​ဘယ်​လို ​ဖြေ​ရှင်း​မ​လဲ​ဆို​တာ​ကို ​အ​ဖြေ​ရ​မှာ​ပါ။

ကိုယ့်​ရဲ့​အ​ချိန်​တွေ​ကို​အ​မြော်​အ​မြင်​ရှိ​ရှိ​နဲ့ ​အ​လုပ်​မှာ​အ​သုံး​ချ​ပါ

ဒီ​အ​လုပ်​ကို​ကိုယ်​က​မ​နှစ်​သက် ​တော့ ​လို့​အ​လုပ်​မှာ ​တ​ခြား​အ​ရာ​တွေ​နဲ့ ​အ​ချိန် ​ဖြုန်း​နေ​မယ့်​အ​စား ​နောက်​အ​လုပ်​အ​သစ် ​အ​တွက် ​ကျွမ်း​ကျင်​မှု​ပ​ညာ​ရပ်​တွေ​ကို ​လေ့​လာ​သင်​ယူ​ပါ။ ​ကိုယ့်​ရဲ့​စွမ်း​ဆောင်​ရည် ​တွေ​ကို​တည်​ဆောက်​ပါ။ ​ကိုယ့်​ရဲ့​အ​ချိန် ​တွေ​ကို ​အ​လ​ဟ​ဿ​ဖြုန်း​တီး​ပစ်​မယ့် ​အ​စား​နောက်​အ​လုပ်​အ​သစ်​အ​တွက် ​လို​အပ်​မယ့်​ပ​ညာ​ရပ်​တွေ၊ ​ကျွမ်း​ကျင်​မှု​တွေ ​ကို​လေ့​လာ​သင်​ယူ​ဖို့​အား​ထုတ်​တာ​က ​နောက်​ထပ်​အ​လုပ်​ကောင်း​တစ်​ခု​ရ​ဖို့ ​ကောင်း​မွန်​တဲ့​အ​ခွ​င့်​အ​လမ်း​တစ်​ရပ်​ပါ​ပဲ။

အ​လုပ်​ချိန်​ပြင်​ပ​မှာ ​ကိုယ့်​ရဲ့​စိတ်​ကို ​လွတ်​လပ်​ပျော်​ရွ​ငှ်​စွာ​ထား​ပါ

ကိုယ်​မ​နှစ်​သက်​တဲ့​အ​လုပ်​တစ်​ခု​က ​ကိုယ့်​ရဲ့​ဘ၀​ကို ​ပျက်​စီး​စေ​နိုင်​ပါ​တယ်။ ​ဒါ ​ကြောင့်​အ​လုပ်​ခွင်​ပြင်​ပ​မှာ ​ကိုယ့်​ရဲ့​စိတ်​ကို ​ပျော်​ပျော်​ရွ​ငှ်​ရွ​ငှ်၊ ​လွတ်​လွတ်​လပ်​လပ်​ထား ​သ​င့်​ပါ​တယ်။ ​ကိုယ်​က ​လက်​ရှိ​အ​လုပ်​ကို ​မ​နှစ်​သက်​ပေ​မဲ့ ​နောက်​ထပ်​အ​လုပ်​အ​သစ် ​ရ​ဖို့​က​လည်း ​သ​င့်​တော်​တဲ့​အ​ရည်​အ​ချင်း ​တစ်​ခု​မ​ရ​သေး​တဲ့​အ​ချိန်​မှာ ​လက်​ရှိ​အ​လုပ် ​မှာ​ပဲ​အ​ချိန်​တစ်​ခု​အ​ထိ ​ကြိုး​စား​ရပ်​တည် ​သွား​ရ​ပါ​မယ်။

အဲ​ဒီ​လို​အ​ချိန် ​အ​လုပ်​ခွင်​ထဲ​မှာ ​ကိုယ့်​ရဲ့​ပျော်​ရွ​ငှ်​မှု​က ​မ​ရ​နိုင်​ပေ​မဲ့ ​အ​လုပ်​ခွင် ​ပြင်​ပ​မှာ ​ကိုယ့်​ရဲ့​ပျော်​ရွ​ငှ်​မှု၊ ​လွတ်​လပ်​မှု​တို့ ​ကို​ရှာ​ဖွေ​နိုင်​ပါ​တယ်။ ​ကိုယ်​နှစ်​သက်​တဲ့ ​အ​လုပ်​တစ်​ခု​ခု​ဖြစ်​တဲ့ ​စာ​ဖတ်​တာ​ပဲ​ဖြစ် ​ဖြစ်၊ ​သူ​ငယ်​ချင်း​တွေ​နဲ့ ​ဈေး​ဝယ်​ထွက်​တာ ​ပဲ​ဖြစ်​ဖြစ်၊ ​ရုပ်​ရှင်​ကြည့်​တာ​ပဲ​ဖြစ်​ဖြစ်၊ ​ခ​ရီး​တို ​တစ်​ခု​သွား​တာ​ပဲ​ဖြစ်​ဖြစ်၊ ​လေ့​ကျ​င့်​ခန်း ​တစ်​ခု​ခု​ကို​လုပ်​တာ​ပဲ​ဖြစ်​ဖြစ်၊ ​တ​ရား​ထိုင် ​တာ​ပဲ​ဖြစ်​ဖြစ်၊ ​ကိုယ်​ဝါ​သ​နာ​ပါ​တဲ့ ​အား​က ​စား​တစ်​ခု​ခု​ကို​လေ့​လာ​လိုက်​စား​တာ​ပဲ​ဖြစ် ​ဖြစ်​စ​တဲ့​အ​ချက်​တွေ​နဲ့ ​ကိုယ့်​ရဲ့​ပျော်​ရွ​ငှ်​မှု​ကို ​ရှာ​ဖွေ​နိုင်​ပါ​တယ်။

အ​ခွ​င့်​အ​လမ်း​ရှာ​ဖွေ​ပါ

လက်​ရှိ​ကိုယ်​မ​နှစ်​သက်​တဲ့​အ​လုပ် ​မှာ​ရှိ​နေ​တဲ့​အ​ချိန်​အ​တော​အ​တွင်း ​တ​ခြား ​အ​လုပ်​ကို​အ​ချိန်​မ​ရွေး​ပြောင်း​ရွေ့​နိုင်​ဖို့ ​အ​ခွ​င့်​အ​လမ်း​အ​သစ်​တွေ​ကို ​အ​မြဲ​ရှာ​ဖွေ ​နေ​ဖို့​လို​ပါ​တယ်။ ​အဲ​ဒီ​လို​ရှာ​ဖွေ​နေ​ချိန်​မှာ ​ကိုယ့်​ကို​အ​ထောက်​အ​ကူ​ပြု​နိုင်​တာ​က​တော့ ​အ​ဆက်​အ​သွယ်​ချိတ်​ဆက်​ခြင်း​တွေ​ပါ။ ​လက်​ရှိ​အ​လုပ်​လုပ်​နေ​တဲ့ ​သူ​ငယ်​ချင်း၊ ​မိတ် ​ဆွေ​တွေ​ကို​ပဲ​ဖြစ်​ဖြစ်၊ ​လူ​မှု​ကွန်​ရက်​ပေါ်​က ​မိတ်​ဆွေ​တွေ​ကို​ပဲ​ဖြစ်​ဖြစ် ​ကိုယ်​က ​အ​လုပ် ​အ​သစ်​ရှာ​ဖွေ​နေ​တယ်​ဆို​တာ ​သူ​တို့​ကို​သိ ​အောင်​ပြော​ပြ​ထား​ပါ။ ​ကိုယ်​နဲ့​ကိုက်​ညီ​တဲ့ ​အ​လုပ်​တစ်​ခု​ခု​ရှိ​လျှင် ​ဆက်​သွယ်​ပေး​ဖို့ ​ပန်​ကြား​ထား​ပါ။

အ​ခု​ခေတ်​မှာ ​အ​လုပ်​ခေါ်​စာ​တွေ​က ​ဂျာ​နယ်၊ ​မ​ဂ္ဂ​ဇင်း​တွေ​တင်​မ​က​တော့​ဘဲ ​လူ​မှု​ကွန်​ရက်​တွေ​ပေါ်​မှာ​ပါ​ရှာ​ဖွေ​နိုင်​နေ​ပါ ​ပြီ။ ​ကိုယ်​က ​လူ​မှု​ကွန်​ရက်​ကို​အ​သုံး​ပြု​ပြီး ​ကိုယ့်​နဲ့​သင့်​တော်​မယ့် ​အ​လုပ်​အ​ကိုင်​အ​ခွ​င့် ​အ​လမ်း​တွေ​ကို​ရှာ​ဖွေ​နိုင်​ပါ​တယ်။

အ​ကောင်း​ဆုံး ​အ​လုပ်​လျှောက်​လွှာ​တစ်​စောင်​ကို​ပြင်​ဆင်​ထား​ပါ

ကိုယ်​က ​ဒီ​အ​လုပ်​မှာ​မ​ပျော်​တော့​ဘူး၊ ​နောက်​ထပ်​အ​လုပ်​သစ်​တစ်​ခု​ခု​ရှာ​ကို​ရှာ​မှ ​ဖြစ်​မယ်​ဆို​တဲ့ ​ဆုံး​ဖြတ်​ချက်​ကို​ချ​လိုက်​ပြီ ​ဆို​တာ​နဲ့ ​ကိုယ့်​အ​တွက်​အ​ဆင်​သ​င့်​ပြင်​ဆင် ​ထား​ရ​မှာ​က ​အ​လုပ်​လျှောက်​လွှာ​တစ် ​စောင်​ကို​ပါ။ ​အ​ချိန်​ပေး​ပြီး​အ​ကောင်း​ဆုံး ​ပြင်​ဆင်​ထား​ပါ။ ​ဒါ​ပေ​မဲ့ ​လက်​ရှိ​အ​လုပ်​ရဲ့ ​မ​ကောင်း​တဲ့​အ​ချက်​တွေ၊ ​သူ​ဌေး​ရဲ့ ​မ​ကောင်း​တဲ့​အ​ချက်​တွေ၊ ​လုပ်​ဖော်​ကိုင် ​ဖက်​တွေ​ရဲ့ ​မ​ကောင်း​တဲ့​အ​ချက်​တွေ ​မ​ပါ​မိ ​ပါ​စေ​နဲ့။

လက်​ရှိ​အ​လုပ်​မှာ​ကိုယ်​က ​အ​ဆင် ​မ​ပြေ​လို့​ထွက်​တဲ့​တိုင်​အောင် ​ဒီ​အ​လုပ်​က ​ဆိုး​ရွား​တဲ့​အ​ချက်​တွေ​ကို ​နောက်​အ​လုပ် ​မှာ​မ​ပြော​မိ​ပါ​စေ​နဲ့။ ​အင်​တာ​ဗျူး​တဲ့​အ​ခါ ​သူ​တို့​ဘက်​က​မေး​ခဲ့​လျှင်​တောင် ​အ ​ကောင်း​မြင်​စိတ်​နဲ့​ပဲ​ဖြေ​ပေး​ဖို့​လို​ပါ​တယ်။ ​တစ်​ခါ​တစ်​ရံ​မှာ ​အ​လုပ်​အ​သစ်​တစ်​ခု​က ​ခေါ်​နေ​တယ်၊ ​ကိုယ့်​ဘက်​က​ဘာ​မှ​မ​ပြင် ​ဆင်​ထား​ရ​သေး​ဘူး။ ​ဒီ​တော့​ရ​တဲ့​အ​ချိန်​မှာ ​ဖြစ်​သ​လို​ပဲ ​အ​လုပ်​လျှောက်​လွှာ​တစ်​စောင် ​ရေး​လိုက်​တယ်။ ​အဲ​ဒါ​နဲ့​ပဲ ​သွား​လျှောက် ​လိုက်​တယ်။ ​ဒါ​က​ကိုယ့်​အ​တွက်​ကြီး​မား​တဲ့ ​အ​ခွ​င့်​အ​ရေး​တစ်​ခု​ကို ​လက်​လွတ်​ဆုံး​ရှုံး​စေ ​နိုင်​တယ်​ဆို​တာ​ကို ​အ​မြဲ​တမ်း​သ​တိ​ပြု​ရ​ပါ ​မယ်။

အ​လုပ်​လျှောက်​လွှာ​တစ်​စောင်​ကို ​ဖြစ်​က​တတ်​ဆန်း​မ​လုပ်​ပါ​နဲ့။ ​သေ​သေ​ချာ ​ချာ​အ​ချိန်​ပေး​ပြီး​ပြင်​ဆင်​ပါ။ ​အဲ​ဒီ​လို​ပြင် ​ဆင်​တာ​က ​ကိုယ့်​အ​တွက်​အ​ကျိုး​မဲ့​တဲ့ ​ပြင်​ဆင်​မှု​မ​ဟုတ်​ပါ​ဘူး။ ​အ​လုပ်​လျှောက် ​လွှာ​တစ်​စောင်​က ​ကိုယ်​နဲ့​အ​လုပ်​ရှင်​ကြား ​လူ​ချင်း​မ​တွေ့​ခင် ​ပ​ထ​မ​ဆုံး​ထင်​မြင်​ချက် ​ဖြစ်​တယ်​ဆို​တာ ​မ​မေ့​ပါ​နဲ့။ ​အ​လုပ်​ထွက် ​တော့​မယ်​ဆို​တာ​ကို ​ဆုံး​ဖြတ်​လိုက်​ပြီ​ဆို ​လျှင် ​အ​လုပ်​လျှောက်​လွှာ​တစ်​စောင်​ကို ​သေ​သေ​ချာ​ချာ​ပြန်​ပြင်​ရေး​ပါ။ ​အ​ရင် ​လျှောက်​ခဲ့​ဖူး​တဲ့ ​ဖိုင်​အ​ဟောင်း​ကို​ပဲ ​အ ​နည်း​ငယ်​ပြင်​ဆင်​ပြီး ​ထပ်​လျှောက်​တာ​မျိုး ​တွေ​မ​လုပ်​ပါ​နဲ့။ ​လူ​တိုင်း ​ကိုယ့်​ရဲ့​စိတ်​ကူး​ထဲ ​က​အ​လုပ်​နဲ့ ​လက်​ရှိ​အ​လုပ်​တစ်​ထပ်​တည်း ​ကျ​ပါ​စေ​လို့ ​ဆ​န္ဒ​ပြု​လိုက်​ရ​ပါ​တယ်။

Credit :opportunity.com.mm
Credit : ​ကျော့​ကေ​ခိုင်
Previous
Next Post »
Powered by Blogger.