ဝိုင်မြို့တော် လို့ ခေါ်တဲ့ နေရာ တစ်ခု ပေါ်ပေါက်လာပါတယ်။ အဲဒါကတော့ ပြင်သစ်နိုင်ငံ ၊ Bordeaux မြို့မှာ ဇွန်လ ၁ ရက်နေ့ကနေ စတင်ဖွင့်လှစ်မယ့် ပုံစံငယ် ပန်းခြံတစ်ခုရဲ့  အမည်ဖြစ်ပါတယ်။
တကယ်တော့ ထို ပန်းခြံရဲ့  နာမည်ဟာ ပြင်သစ်လိုတော့ “La Cite’ du Vin” လို့ခေါ်ပြီး အင်္ဂလိပ်စာ သို့ ဘာသာပြန်လိုက်တဲ့အခါမှာတော့ “The City of Wine” အဖြစ် အမည်တွင်သွားတာ ဖြစ်ပါတယ်။ ၀ိုင် သောက်ရတာ နှစ်သက်သူတွေအတွက်တော့ အဲဒီ ပန်းခြံဟာ တော်တော် ဆန်းကြယ်နေတာကို တွေ့ရမှာပါ။ ထိုပန်းခြံထဲ ၀င်ရောက်မယ်ဆိုရင်တော့ ၀င်ကြေးလက်မှတ် က တစ်ယောက် ကို ကန်ဒေါ်လာ ၂၂ တန်ဖိုးရှိနေပါတယ်။ အခြေခံအားဖြင့်တော့ ထိုပန်းခြံဟာ ၀ိုင်နဲ့ ပတ်သက်တဲ့ သမိုင်းကြောင်းတွေ ၊ ယဉ်ကျေးမှုတွေ နဲ့ တည်ဆောက်ထားတာဖြစ်ပြီး ယမကာ နဲ့ ပတ်သက်တာတွေကိုလည်း ပြသ သင်ကြားပေးမှာပါ။ ဒါ့အပြင် ထို ပန်းခြံပုံစံ အဆောက်အဦးကြီးအတွင်းမှာတင် လှေစီးခြင်း ကစားနည်းတွေ ပြုလုပ်နိုင်မှာဖြစ်ပြီး ၀ိုင် ပေါင်းမြောက်များစွာကိုလည်း မြည်းစမ်း သောက်သုံး ကြည့်နိုင်တယ်လို့ သိရပါတယ်။
တစ်ကယ်တော့ ဒီ ၀ိုင်မြို့တော် ဆိုတဲ့ Theme Park ဟာ ၀ိုင် တစ်ခုတည်းကြောင့် ဆန်းကြယ်ခမ်းနားနေတာ မဟုတ်ပါဘူး။ ထိုအဆောက်အဦး ရဲ့  ဗိသုကာ လက်ရာတွေဟာလည်း ခေတ်မှီလှပ လွန်းတာကြောင့် ဆန်းကြယ်ခမ်းနားနေရတာပဲ ဖြစ်ပါတယ်။
Ref:elitedaily
Mario - Trend Myanmar
Sign up here with your email
ConversionConversion EmoticonEmoticon