ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း ဥဘုံရက်ချနာဘူရီခရိုင်အပေါ် ကောင်းကင်ယံမှာ မေလ ၃၁ ရက် ညနေပိုင်းက ဆူနာမီ တိမ်တိုက်ထုကြီးတွေ ဖြစ်ပေါ်နေတယ်ဆိုတဲ့ ရုပ်သံဗွီဒီယိုဖိုင်တွေ၊ ဓာတ်ပုံတွေဟာ အင်တာနက် လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာ ပျံ့နှံ့လာခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။
ဒါဟာ မိုးလေ၀သနဲ့ ဇလဗေဒဆိုင်ရာ ဖြစ်တောင့်ဖြစ်ခဲ ဖြစ်စဉ်တခုလို့ ဖော်ပြနေကြတာပါ။
ထိုင်းအမျိုးသားသိပ္ပံနဲ့ နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ (အန်အက်စ်တီဒီအေ) မှ ပညာရှင် ဘန်ချာသနာဘန်ဆွန်ဘတ်ကတော့ ဒီ အာကက်စ် (arcus) တိမ်ထုကြီးတွေဟာ ကောင်းကင်ပေါ်မှာ အလျားလိုက် ခပ်နိမ့်နိမ့် ဖြစ်တည်နေလေ့ ရှိတယ်လို့ ပြောပါတယ်။
သူတို့ဟာ ကီလိုမီတာ ရာနဲ့ချီပြီး ဖြန့်ကျက်နိုင်ကာ မိုးကြိုးမုန်တိုင်းတွေလည်း ဖြစ်စေနိုင်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
DVB
Sign up here with your email
ConversionConversion EmoticonEmoticon