(ကျေးဇူးပြုပြီး ဒီကလေးရဲ့ပုံများအား ဟာသ ဖိုတိုကောမန့်များတွင် အသုံးမပြုကြရန် ကြိုတင်တောင်းပန်အပ်ပါသည် ။)
ခလေးနာမည်က သားလေးညီညီမင်းခန့်တဲ့။
မီးဖွားပြီးချိန်ကစပြီး ၃လထိ ဝတုတ်နေတာပါပဲ။
ခုဆို ၉နှစ်သားလေးဖြစ်နေပြီ။ အရပ်က ၄ပေ ၁၀လက္မ ၊ ပေါင်ချိန် ၂၂၀တောင် ရှိနေပါပြီ။ အရမ်းဝလွန်းနေတာ။
ဧရာဝတီတိုင်း ဟင်္သာတခရိုင် ကြံခင်းမြို့နယ် သောကြာဒူးအုပ်စု အလယ်ကျွန်းကျေးရွာ မူလတန်းကျောင်းမှာ
ပညာသင်ကြားနေပါပြီ။ ဥာဏ်ကောင်းလွန်းတဲ့ ခလေးပါ။
မိဘတွေက ခလေးဝလွန်းလို့စိတ်ပူနေကြတာပါ။
ခလေးကို ပုံမှန်လေ့ကျင့်ခန်းလုပ်ခိုင်း ဝမယ့်အစားအစာကိုရှောင်စားစေပါတယ်။ အဝလွန်ရောဂါလို့ ထင်မြင်မိပါတယ်။
မိဘတွေ ဆေးကုဖို့ ငွေကြေးမပြည့်စုံ၊ ကျောင်းမှာလဲ အိမ်သာတက်တာကအစ လူကြီးပါမှ အဆင်ပြေတာပါ။
သားလေးညီညီမင်းခန့်ကို ဆေးပညာအကြံဥာဏ် ပေးချင်သော်လည်းကောင်း၊ ငွေကြေးထောက်ပံ့စေသော်လည်းကောင်း
ဖုန်း ၀၉ ၇၉၄၃၂၈၃၅၉ ကို ဆက်သွယ် မေးမြန်း
နိုင်ကြပါတယ်။
လူ့ဘဝထူးရသူချင်း ကူညီနိုင်ကြပါစေ။
ဆက်လက်ဝေမျှကြပါ မိတ်ဆွေ။
Aung Khit Htoo facebook
Sign up here with your email
ConversionConversion EmoticonEmoticon