သင့်ရှူးဖိနပ် စီးရတာ အရမ်းကြပ်နေရင် ဒီနည်းကို အသုံးပြုကြည့်စေချင်


သဘာဝပစ္စည်း သားရေ အဓိကဖြင့် ပြုလုပ်ထားတဲ့ ရှူးဖိနပ်တွေ စီးရတာ ကြပ်နေတယ်လို့ ထင်ရင် စိတ်မပျက်ပါနဲ့။ ဒီပြသနာအတွက် ဖြေရှင်းနည်းတစ်ခု ရှိပါတယ်။

ထိပ်ပိတ်ထားနိုင်တဲ့ ပလတ်စတစ်အိတ်နှစ်လုံးယူပြီး ရေထည့်ပါ။ ထိုရေဖြည့်ထားတဲ့ ပလတ်စတစ်အိတ်တွေကို ရှူးဖိနပ်ထဲထည့်ပြီး ဖိနပ်ကို freezer ထဲ ထည့်ထားလိုက်ပါ။

ရေခဲသွားတဲ့အခါ ရှူးဖိနပ်ကို freezer က ထုတ်ယူပြီး ရေခဲ အရည်ပျော်အောင် မိနစ် ၂၀ ထားပါ။ ပလတ်စတစ်အိတ် ဖယ်ရှားပြီး ရှူးဖိနပ်ကို ဆံပင်အခြောက်မှုတ်စက် ဖြင့် မှုတ်ပါ။

ဒီနည်းက သားရေရှူးဖိနပ်အတွက် အထူးသင့်တော်ကောင်းမွန်ပြီး ဖိနပ်တစ်ရံလုံးကို ပိုပြန့်သွားစေနိုင်ပါတယ်။

Ref: finelivingadvice
Victor.PaaTung - Trend Myanmar
Previous
Next Post »
Powered by Blogger.