ပွဲဆူခဲ့တဲ့ ည ၁၁ နာရီ ဂယက်

ရန်ကုန်မြို့ရှိ နိုက်ကလပ်တစ်ခုတွင် Dancer တစ်ဦး ဖျော်ဖြေနေစဉ် (ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ))
ရန်ကုန်မြို့ရှိ နိုက်ကလပ်၊ ဘား၊ ကေတီဗီ၊ အနှိပ်ခန်းနှင့် အ ရက်ဆိုင်များကို ည ၁၁ နာရီပိတ် သိမ်းရန် ဆောင်ရွက်နေမှုကြောင့် ရန်ကုန်တိုင်းအစိုးရအဖွဲ့အပေါ် ကန့်ကွက်သူများနှင့် ထောက်ခံ သူများဖြင့်ပါ ပွဲဆူခဲ့သည်။

နိုက်ကလပ်၊ ဘား၊ ကေတီဗီ နှင့် အရက်ဆိုင်များကို ည၁၁နာရီ အထိသာ ဖွင့်ရန်လိုက်လံ သတိ ပေး စစ်ဆေးမှုများကိုရန်ကုန်ခရိုင် ရဲတပ်ဖွဲ့၊ မြို့နယ်ရဲစခန်းနှင့် ထွေ အုပ်ရုံးများက မေလ ၁၀ရက်တွင် စတင်ပြုလုပ်နေခြင်းဖြစ်ကြောင်း ဘားဆိုင်အချို့၏ ဆိုင်မန်နေဂျာ များကပြောသည်။

မြို့နယ်ရဲတပ်ဖွဲ့နှင့်အုပ်ချုပ် ရေးမှူးများက ရက်တစ်ရာစီမံ ချက်ကြောင့် ပိတ်သိမ်းရန်ဆောင် ရွက်နေခြင်းဖြစ်သော်လည်း အဓိ က တာဝန်အရှိဆုံးဖြစ်သူမှာ ၀န် ကြီးချုပ် ဦးဖြိုးမင်းသိန်းဖြစ်ခြင်း ကြောင့် ယခင်ပုံစံဟောင်း ဖြေ ရှင်းနည်းကိုသာ အသုံးပြုခဲ့၍ ၀န် ကြီးချုပ်အပေါ် ဝေဖန်သူများ လည်းရှိသည်။

နိုက်ကလပ်၊ ဘား၊ ကေတီဗီ နှင့် အနှိပ်ခန်းများကို ည ၁၁ နာရီ တွင် ပိတ်သိမ်းရန် ညွှန်ကြားထား ခြင်းမရှိကြောင်း မေလ ၁၂ ရက် ၌ ပြုလုပ်သည့် သတင်းစာ ရှင်း လင်းပွဲ၌ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားထား သည်။

သို့သော် ၀န်ကြီးချုပ် ဦးဖြိုး မင်းသိန်းပြောကြားသည့်နေ့တွင် ပင်ရဲတပ်ဖွဲ့က မြို့နယ်များရှိ နိုက် ကလပ်၊ ဘား၊ ကေတီဗီနှင့်အရက် ဆိုင်များကို လိုက်လံသတိပေးမှု များပြုလုပ်ခဲ့ကြောင်း စုံစမ်းမှုအရ သိရသည်။

ညွှန်ကြားချက် ထုတ်ပြန် ထားခြင်းမရှိကြောင်း ငြင်းဆိုထား သော်လည်း ယင်းကိစ္စကို ကိုင် တွယ်ရန် စီစဉ်နေကြောင်းလည်း ၀န်ကြီးချုပ်က ထပ်မံပြောဆို သည်။ အဆိုပါလုပ်ငန်းများမှာ မလုပ်သင့်ကြောင်း၊ ကိုယ်ပိုင် အ သိတရားရအောင် ပညာပေးမည် ဖြစ်ကြောင်းလည်း ၎င်းကဆို သည်။

ဝန်ကြီးချုပ်က ည ၁၁ နာရီ ပိတ်ရန် အမိန့်ထုတ်ပြန်ထားခြင်း မရှိဟုပြောထား၍ အဆိုပါဆိုင် များကို မည်သည့်အတွက်ကြောင့် ပိတ်ပင်ရသနည်းဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ရဲ မှူးကြီး ၀င်းဗိုလ်အား 7Day က မေးမြန်းရာ ယင်းဆိုင်များသည် ဆိုင်ဖွင့်ရန် ခွင့်ပြုချက်ပေးကတည်းက ည ၁၁ နာရီအထိသာ ဖွင့်ရမည်ဟု စည်းကမ်းချက်တွင် ဖော်ပြထားခြင်းကြောင့် ယင်းစည်းကမ်းချက်နှင့်အညီ ရှိ၊ မရှိ လိုက်လံစစ်ဆေးနေခြင်းသာဖြစ်ကြောင်း ပြောသည်။

‘‘သီးခြားအမိန့်တော့မရှိဘူး။ ကျွန်တော် သိသလောက်တော့ ကေတီဗီတို့ ဘားတို့က ခွင့်ပြုချက် ချပေးကတည်းက စည်းကမ်းချက် တွေရှိတယ်။ အဲဒီစည်းကမ်းချက် မှာ ည ၁၁ နာရီပိတ်ရမယ်လို့ ပါ ပြီးသားဗျ။ သီးခြားညွှန်ကြားထား တာကတော့ မရှိပါဘူး။ ည ၁၁ နာရီအချိန်မှာ ပိတ်၊ မပိတ်ပဲ စစ် ဆေးတဲ့သဘောပါ။ အခုချိန်အထိ ကတော့ အရေးယူထားတဲ့ဆိုင် မ ရှိသေးပါဘူး။ ည ၁၁ နာရီထက် ကျော်ဖွင့်ရင်တော့ အရေးယူမှာ ပေါ့’’ဟု ရဲမှူးကြီးဝင်းဗိုလ်ကပြော သည်။

နိုက်ကလပ်၊ ဘား၊ ကေတီဗီ နှင့် အရက်ဆိုင်များကို လိုင်စင်ချ ပေးကတည်းက ည ၁၁ နာရီထိ သာ ခွင့်ပြုသည်ဟု စည်းကမ်းပါရှိ သော်လည်း နားလည်မှုဖြင့် အ ဆင်ပြေသလို ဖွင့်နေကြခြင်းဖြစ် သည်။

‘‘အရက်လိုင်စင်ကျတော့ ထွေအုပ်က ထုတ်ပေးတယ်။ ကေတီဗီတို့ဆိုရင် စည်ပင်ကပေါ့။ သူတို့ကို နှစ်စဉ်အခွန်ထမ်းဆောင် ဖို့ လုပ်တဲ့နေရာမှာ စည်းကမ်း ချက်တွေရှိတယ်။ စည်းကမ်းချက် တွေဖောက်ဖျက်လား၊ မဖောက် ဖျက်ဘူးလားဆိုရင် အဲဒီသက် ဆိုင်ရာ အဖွဲ့တွေက စိစစ်ရမယ်။ စစ်လို့ ဖောက်ဖျက်တယ်ဆိုရင် သူတို့က တရားလိုလုပ်ပြီးကျွန် တော်တို့ဆီကို အမှုဖွင့်မယ်။ အဲဒီ အတွက်ကို ကျွန်တော်တို့ ရဲတပ် ဖွဲ့က ပူးပေါင်းဆောင်ရွက်ပေး တာ။ အများအမြင်မှာက ရဲတပ် ဖွဲ့ဝင်တွေကို သူတို့က အချိန် ၁၁ နာရီကျော်ရင် ရဲတပ်ဖွဲ့တွေက လိုက်ပိတ်တယ်လို့ မြင်နေတာ။ ကျွန်တော်တို့က သတိပေးတာပဲ ရှိမယ်။ တိုက်ရိုက်မပတ်သက်ဘူး။ ရောပြီးမြင်နေကြတာ’’ဟုရန်ကုန် တိုင်းရဲတပ်ဖွဲ့မှရဲမှူးကြီး ၀င်းဗိုလ် ကပြောသည်။

ရန်ကုန်မြို့တွင် နိုက်ကလပ် လေးဆယ်ကျော်ရှိပြီး ကေတီဗီ နှင့်အနှိပ်ခန်းများမှာ တစ်ရာခန့် အထိရှိကြောင်း သိရသည်။

‘‘ဒီလုပ်ငန်းတွေကို လုပ်တဲ့ သူတွေက ဒါတွေဟာ ငါတို့မလုပ် သင့်တော့ဘူးလို့ သူတို့ကိုကျွန် တော်တို့က စပြီးအသိပေးမှာဖြစ် ပါတယ်။ အဲဒီလိုမှ မလိုက်နာဘူး ဆိုရင် ကျွန်တော်တို့က အရေးယူ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အဲဒါနဲ့ပတ်သက်ပြီးတော့ ကျွန် တော်တို့အစိုးရအဖွဲ့ရုံးကနေ တိ တိကျကျ ပုံစံချပေးမှာဖြစ်ပါ တယ်’’ဟု ဦးဖြိုးမင်းသိန်းက ပြော သည်။

ဝန်ကြီးချုပ်၏ ပြောစကား သည် နိုက်ကလပ်၊ ဘား၊ ကေတီ ဗီနှင့် အရက်ဆိုင်များ ဖွင့်လှစ် ရောင်းချသူများကို မကောင်း သည့် အလုပ်များ လုပ်ကိုင်နေသူ များဖြစ်သည်ဟု ခိုင်းနှိုင်းပြောဆို ခြင်းနှင့်တူနေကြောင်း မင်္ဂလာ တောင်ညွန့်မြို့နယ်တွင် ဖွင့်လှစ် သော နိုက်ကလပ်မန်နေဂျာ တစ် ဦးကပြောသည်။

‘‘ကျွန်တော်တို့လည်း စီးပွား ရေးလုပ်နေတာပဲ။ တရားဝင်လုပ် နေတဲ့ လုပ်ငန်းပါ။ နိုင်ငံတကာ မှာလည်း ဒါနဲ့ပဲ စီးပွားရှာနေတာ ပါ။ ၀န်ကြီးချုပ်က ဒီစကားပြော တာ စိတ်မကောင်းဘူး။ သူတို့ ၁၁ နာရီပိတ်ရမယ်ဆိုလည်း ပိတ်ပေး ရတာပဲ။ တောင်းဆိုလို့မှ မရတာ’’ ဟု ၎င်းကပြောသည်။

ယင်းလုပ်ငန်းများသည် မ ကောင်းတာလုပ်သည့် စီးပွားရေး လုပ်ငန်းများဟု ပြောဆို၍မရ ကြောင်း စီးပွားရေးဆောင်းပါးရှင် စောနိုင်(အသုံးချ ဘောဂဗေဒ)က ပြောသည်။

‘‘ကာရာအိုကေခန်းဖွင့်ထား ပြီးမှ အထဲမှာ ဘာခန်းရှိသလဲ။ မာဆတ်ဆိုတဲ့အခန်းဖွင့်ပြီးမှ အ ထဲမှာ ဘာရှိနေလဲ။ အနှိပ်ခန်းဆို ပြီးမှ တကယ့်အနှိပ်ခန်းလားဆို တာ စစ်ဆေးရမယ်။ ကလပ်တွေ ကို မကောင်းတာလုပ်တာလို့ ပြောလို့မရဘူး။ ရောင်းသူနဲ့ဝယ် သူရှိလို့ ဈေးကွက်ဖြစ်ပေါ်လာ တာပဲ။ ဒီဈေးကွက်ကို ဖျက်လိုက် ရင် ဒီအလုပ်မှာ မှီခိုလုပ်နေတဲ့သူ တွေ အများအပြား ထိခိုက်နစ်နာ သွားမှာပေါ့။. အစိုးရက အထိန်း အကျောင်း လုပ်ပေးရမယ်။ စည်း ကမ်းဘောင်ထဲမှာ လုပ်ကြဆိုပြီး ထိန်းပေးရမယ်’’ဟု စောနိုင် (အ သုံးချဘောဂဗေဒ)ကပြောသည်။

လူဦးရေ ငါးသောင်းကျော်ရှိ သော စီးပွားရေးမြို့တော်တွင် လူမျိုးပေါင်းစုံနှင့် နိုင်ငံခြားသားများ နေထိုင်၍ နိုင်ငံတကာရှိ မြို့ကြီး များကဲ့သို့ Night Life အတွက် အစီအစဉ်များရှိရန်လိုပြီး အစိုးရ က တရားဥပဒေစိုးမိုးရေး၊ ဥပဒေ နှင့်အညီ အုပ်ချုပ်ရန်သာလိုသည် ဟုရှုမြင်သူများရှိသည်။

‘‘မဖြစ်သင့်ဘူးလို့မြင်တယ်။ ဘာလို့လဲဆိုရင် night club ညဘက်မှ ပျော်တဲ့ပါးတဲ့သူတွေ အတွက် သီးသန့်ဆိုတော့ အရမ်း စောလွန်းတယ်။ အဲဒီအချိန်ဆို တာ တကယ့်တကယ်တော့ စဖွင့် တဲ့အချိန်ကျော်ကျော်လေးရှိသေးတာ။ ရာဇ၀တ်မှု ကင်းရှင်းစေ ချင်ရင် သေသေချာချာ Mana- gement လုပ်သင့်တယ်။ တခြား တိုင်းပြည်တွေမှာလည်း ရှိနေကြ တာပဲ။ ဒီလိုအပျော်အပါးတွေ ရှိနေရင် မူးတဲ့လူလည်း ရှိနေမှာ ပဲလေ။ အဲဒီတော့ သေသေချာချာ လုံခြုံအောင်၊ အန္တရာယ်ကင်း အောင် ဘယ်လိုလုပ်မလဲဆိုတဲ့ လမ်းကိုရွေးသင့်တယ်’’ဟု နိုက် ကလပ်၊ ကေတီဗီများကို အချိန် ကန့်သတ်ဖွင့်ခွင့်ပြုခြင်းနှင့်ပတ် သက်၍ အင်န်ဂျီအိုဝန်ထမ်း မနန့် မေသဉ္ဇာက ပြောသည်။

‘‘ကိုဖြိုးမင်းသိန်း လုပ်နေ တာတွေက ဆိုရှယ်လစ်ခေတ်ကို ပြန်သွားနေသလို ခံစားရတယ်။ ဒီလုပ်ငန်းတွေဆိုတာက ဈေး ကွက်လိုအပ်ချက်အရ ပေါ်ပေါက် လာတဲ့ လုပ်ငန်းတွေပါ။ ရန်ကုန် မြို့မှာ လူဦးရေငါးသန်းကျော် နေ ထိုင်တယ်လို့ သိထားပါတယ်။ ဒီ မြို့တော်သူ မြို့တော်သားတွေ အတွက် စိတ်ရောကိုယ်ပါ အပန်း ဖြေဖို့ သူဘယ်လိုစီစဉ်ပေးပါမယ် ဆိုတာ အရင်ပြောသင့်တယ်။ အခုတော့ ငွေကြေးတတ်နိုင်တဲ့သူ ရော၊မတတ်နိုင်တဲ့သူရော အပန်း ဖြေစရာ မရှိတော့ဘူးလို့ပြောမယ် ဆို ပြောလို့ရတယ်။ ဒီဘားတို့၊ ကလပ်တို့၊ ကေတီဗီတို့ဆိုတာ ငွေကြေးတတ်နိုင်တဲ့သူတွေ အပန်းဖြေစရာနေရာတွေလို့ ပြောလို့ ရတယ်။ ဖြစ်သင့်တာက ဒီနေရာ တွေကို အခွန်ကြပ်မတ်ပြီး ကောက်သင့်တယ်’’ဟု ဓာတ်ပုံ သတင်းထောက် ကိုအောင်ပြည့် က သူ၏အမြင်ကို ပြောသည်။

‘‘ကျွန်တော်တို့ဆိုင်ကို လာ ပြီး သတိပေးသွားတာ လေးရက် ရှိပြီ။ ရဲတပ်ဖွဲ့က ရက်တစ်ရာစီမံ ချက်လို့ပြောတာပဲ။ ဆိုင်ကို ည ၁၁ နာရီပိတ်ရမယ်ပြောလို့ ကျွန် တော်တို့ဆိုင် အဲဒီအချိန်ဆို ပိတ် နေပါပြီ။ ဆိုင်ကို ညနေ ၆ နာရီမှာ ဖွင့်တာ။ ည ၁၁ နာရီပိတ်ရမယ်ဆို ဘယ်လိုအဆင်ပြေမလဲဗျာ’’ဟု လပ်စ်ဗီးဂတ် ကေတီဗီဆိုင်မန်နေ ဂျာ ကိုသီဟစိုးကပြောသည်။

ထို့အပြင် ဘီယာရောင်းချ နေသည့် ဆိုင်ရှင်များကိုလည်း သက်ဆိုင်ရာမြို့နယ်များရှိ အာ ဏာပိုင်များက ည ၁၁ နာရီအထိ သာ ဆိုင်ဖွင့်ကြရန် မေလ ၁၂ ရက်တွင် ခေါ်ယူသတိပေးခဲ့ကြောင်း သတင်းရရှိသည်။

‘‘ကျွန်တော်တို့ တောင်ဥက္က လာက ဘီယာဆိုင်တွေအကုန်လုံး ကိုလည်း မြို့နယ်ထွေအုပ်ကခေါ် ပြီး သတိပေးထားတယ်။ တစ်မြို့ နယ်လုံးကဆိုင်တွေ အကုန်ပဲ။ ည ၁၁ နာရီထိပဲ ဆိုင်ဖွင့်ဖို့ပြောတာ ပါ’’ဟု တောင်ဥက္ကလာပမြို့နယ် တွင် ဘီယာရောင်းချသူတစ်ဦးက ပြောသည်။

‘‘ဒီလိုမျိုးပိတ်လိုက်တာ ကျွန်တော်တို့ စီးပွားရေးအရမ်း ထိခိုက်တာပေါ့။ ကျွန်တော်တို့က ညဘက်ပဲ အလုပ်လုပ်နေရတာ လေ။ ဒါနဲ့ပဲ စီးပွားရှာနေရတာ လေ။ ၀န်ထမ်းတွေအတွက်လည်း ထိခိုက်တယ်။ ည ၁၁ နာရီပိတ်ရ မယ်ဆိုရင် ၀န်ထမ်းတွေကတက္ကစီ နဲ့ ပြန်ရတော့မယ်လေ။ကျွန်တော် တို့ဖြစ်စေချင်တာတော့ အများ ကြီးမဟုတ်တောင် ည ၂ နာရီ လောက်အထိ တိုးပေးရင် နည်း နည်းအဆင်ပြေတာပေါ့ဗျာ။ ၁၁ နာရီအထိဆိုရင် လုံးဝအဆင်မ ပြေနိုင်ဘူး’’ဟု ရန်ကုန်မြို့ရှိ DJ Bar Club မန်နေဂျာကိုထင်ကျော် ထက်ကပြောသည်။

သို့သော်အထက်ပါ ည ၁၁ နာရီတွင်ပိတ်ရန် ထောက်ခံသူများစွာလည်းရှိသည်။

‘‘ထောက်ခံပါတယ်။ ဘာ ကြောင့်ဆို ဒီလိုမျိုးပိတ်လိုက်မယ် ဆိုရင် အကုန်မဟုတ်တောင်တော် တော်များများ ကိုယ့်အိမ်ကိုယ်ပြန် ကြမယ်လို့ ထင်ပါတယ်။ ဆယ့် တစ်နာရီဆိုတာကတော့ တစ်နေ ကုန် မောမောပန်းပန်း အလုပ် လုပ်လာပြီး အနားယူရမယ့်အ ချိန်ပါ။ ကိုယ့်အိမ်မှာ ကိုယ်ပြန် အိပ်နေခြင်းက အပြင်မှာ အပန်း ဖြေခြင်းနဲ့ယှဉ်ရင် ပြဿနာနည်း မှာအမှန်ပါပဲ’’ဟု တတိယနှစ် နည်းပညာကျောင်းသူ မထက် ထက်ဝင်းကဆိုသည်။

အာဏာပိုင်များသည် ည ၁၁ နာရီအထိသာ ဖွင့်ခွင့်ပေးထား သော ဆိုင်များ၏ စည်းမျဉ်းများကို လိုအပ်သလို အသုံးပြုနေခြင်း ကြောင့် ထိခိုက်မှုများရှိကြောင်း NHK သတင်းဌာနမှ သတင်း ထောက် ကိုသီဟသွေးက ပြော သည်။

‘‘ည ၁၁ နာရီနောက်ပိုင်းမှာ ထွက်တဲ့သူတွေက လူကောင်း မဟုတ်ဘူးဆိုတဲ့ အယူအဆက နောက်ကျကျန်နေခဲ့ပါပြီ။ တ ကယ်အပြင်မထွက်တဲ့သူတွေက ခန့်မှန်းပြီး ပြောဆိုနေကြတာပါ။ တစ်ညလုံး အလုပ်လုပ်နေတဲ့သူ တွေရှိတယ်။ ကျွန်တော်တို့ဆို လည်း တစ်ညလုံးအလုပ်လုပ် တယ်။ ခဏရပ်ပြီး ထမင်းကြော် ထွက်စားတာတို့ လုပ်တာပဲ။ အ ပြင်ထွက်ပြီးတော့ ညလုံးပေါက် ဖွင့်တဲ့ လက်ဖက်ရည်ဆိုင်တွေဆီ သွားသောက်တယ်ပေါ့။ အဲဒီဆိုင် တွေမှာလည်း လူတွေအများကြီး ရှိတယ်။ မိသားစုလိုက် ထွက်စား ကြတာလည်းရှိတာပဲ။ ညဘက် ထွက်နေတဲ့သူတွေမှာ လူကောင်း က ၈၀ ရာခိုင်နှုန်းလောက်ပါ တယ်’’ဟု ကိုသီဟထွေးကပြော သည်။

ည ၁၁ နာရီပိတ်ရန်သတိ ပေးပြီးနောက်ပိုင်း ဘားနှင့်အရက်ဆိုင်၊ ဘီယာဆိုင်များ ၁၁နာရီတွင် ပိတ်သိမ်းကြောင်း သိရသည်။ ထို့အပြင် မင်္ဂလာဈေးရှိ ကလပ်များမှာ ည ၁၂ နာရီတွင် ပိတ်သိမ်းပြီး နာမည်ကြီးသောဘားများနှင့် ကလပ်များမှာ နံနက် ၂ နာရီအချိန်အထိ ပုံမှန်ဖွင့်လှစ်နေကြောင်းသတင်းရရှိသည်။

‘‘လက်ရှိပေါ်ပေါက်နေတဲ့ ဈေးကွက်လေးကို ထိန်းထားရ မယ်။ နောက်ပြီး ဒါကို ကြီးလာ အောင်မဖြစ်ဖို့လည်း ထိန်းထားရ မယ်။ ဒီဟာက ယဉ်ကျေးမှုချင်း မတူဘူးလေ။ နိုင်ငံတကာက ယဉ်ကျေးမှုကို လက်ခံရမယ်။ ကိုယ့်ယဉ်ကျေးမှုကိုလည်း မထိ ခိုက်အောင် လုပ်ရမှာပေါ့။ အဲဒီ နှစ်ခုကြားထဲမှာ စီးပွားရှာရမှာပဲ’’ ဟု စီးပွားရေးပညာရှင်စောနိုင် (အသုံးချဘောဂဗေဒ) က ပြောသည်။

‘‘ကေတီဗီတို့၊ ဘားတို့က ည ၁၁ နာရီပိတ်တော့ အဲဒီအချိန်က အချိန်ကောင်း၊ နိုင်ငံတကာမှာက အလင်းပေါက်ရတယ်လို့ ပြောကြ တာရှိတယ်။ အဲဒါက စည်းကမ်း ချက်ကို ပြင်လိုက်ရင် စည်းကမ်း ချက်က မနက် ၃ နာရီမှ ပိတ်ပါဆို ရင် ခွင့်ပြုတဲ့ဌာနက ရေးဆွဲရမှာ ပဲ။ တစ်ညလုံး ဖွင့်ခွင့်ပေးတယ်ဆို ရင်လည်း သတ်မှတ်တဲ့အဖွဲ့က ရေးဆွဲရမှာပဲ။ ကျွန်တော်တို့ရဲ တပ်ဖွဲ့က စည်းကမ်းကိုဖောက် ဖျက်လို့ သူတို့က အမှုဖွင့်တယ်ဆို ရင် အရေးယူရမှာပဲ။ လူတွေပြော နေကြတဲ့ ည ၁၁ နာရီက စော လွန်းတယ်ဆိုရင် စည်းကမ်းကို ပြင်လို့ရအောင် လုပ်ကြပါလို့ ပြောချင်ပါတယ်’’ဟု ရန်ကုန် တိုင်းရဲတပ်ဖွဲ့မှ ရဲမှူးကြီးဝင်းဗိုလ် ကပြောသည်။

ငြိမ်းချမ်း - 7day
Previous
Next Post »
Powered by Blogger.