ပုံပြောကောင်းရင် စော်ကြည်နိုင်ကြောင်း သုတေသန တစ်ခုက တွေ့ရှိ


လတ်တလော ပြုလုပ်ထားတဲ့ လေ့လာမှု တစ်ခုအရတော့ အမျိုးသမီး တွေ သဘောကျတတ်တဲ့ အမျိုးသား တစ်ယောက်ရဲ့  အရည်အချင်းမျိုးကို ရှာဖွေတွေ့ရှိခဲ့ကြတယ်လို့ သိရပါတယ်။ မြောက်ကယ်ရိုလိုင်းနား တက္ကသိုလ်က သုတေသီတစ်ယောက်ဖြစ်တဲ့ John Donahue နဲ့ ထိုတက္ကသိုလ်မှာပဲ ပရော်ဖက်ဆာ တစ်ယောက်အဖြစ် ရပ်တည်နေတဲ့ Melanie Green တို့ဟာ အမေရိကန်ပြည်ထောင်စုမှာ ရှိတဲ့ ဘွဲ့မရသေးတဲ့ ကောလိပ်ကျောင်းသား ၃၈၈ ယောက်ကို သူတို့အတွက် ဆန့်ကျင်ဘက် လိင်အမျိုးအစား လက်တွဲဖော်တွေရဲ့  ဆွဲဆောင်မှုအရှိဆုံးအရာတွေကို စစ်တမ်းကောက်ယူကြည့်ခဲ့ကြပါတယ်။

အဲဒီအခါမှာ ထွက်ပေါ်လာတဲ့ ရလဒ်ကတော့ ယောကျာင်္း လေးတွေအတွက်ရော မိန်းကလေးတွေအတွက်ပါ အားလုံးဟာ ကိုယ့်လက်တွဲဖော်ရဲ့  ဇာတ်လမ်းတစ်ခုကို ပြောပြနိုင်ခြင်း (သို့) ပုံပြင်ပြောတတ်ခြင်းတို့ဟာ ဆွဲဆောင်မှု အရှိဆုံး ဖြစ်နေတာကိုတွေ့ခဲ့ရပါတယ်။

British Philosophical Society Research Digest ဆိုတဲ့ စာစောင်မှာ ဖော်ပြထားတာကတော့ ယောကျာင်္းလေးတစ်ယောက်ရဲ့  ပုံပြောစွမ်းရည်(ဇာတ်လမ်းပုံဖော်နိုင်စွမ်း)တို့ဟာ မိန်းကလေးတွေအပေါ် အရမ်းကို ဆွဲဆောင်မှု ရှိနေပေမယ့် မိန်းကလေးတွေရဲ့  ပုံပြောစွမ်းရည်(ဇာတ်လမ်းပုံဖော်နိုင်စွမ်း)တို့ဟာ ယောကျာင်္းလေးတွေအပေါ် တူညီတဲ့ သက်ရောက်မှုမျိုးတော့ မရှိဘူးလို့ ဖော်ပြထားပြန်ပါတယ်။

မိန်းကလေးတစ်ယောက်ရဲ့  ဖန်တီးတွေးခေါ်နိုင်စွမ်းတွေဟာ ခရင်း ဘယ်လိုကိုင်ရမလဲမသိတဲ့ ကာတွန်းထဲက ရိုးရိုးအေးအေး ကောင်မလေးတစ်ယောက်လောက် ယောကျာင်္းလေးတွေအပေါ် ဆွဲဆောင်မှု မရှိနိုင်ဘူးလို့လည်း British Philosophical Society Research Digest စာစောင်က ထည့်သွင်းဖော်ပြထားပါသေးတယ်။

Ref:elitedaily
Mario - Trend Myanmar
Previous
Next Post »
Powered by Blogger.