လက်ရှိမှာ စာရေးဆရာမ ရွှေရေးထင်ထင်နဲ့ချစ်သူရှိသည် ဗီဒီယိုကားလေးကို ရိုက်ကူးနေသူကတော့ ဇေရဲထက်ပဲဖြစ်ပါတယ်။ ဒီကားလေးပြီးတာနဲ့ဘန်ကောက်မှာ အဘွားဖြစ်သူကို Medical Check Up သွားလုပ်မှာဖြစ်ပြီး ပြန်ရောက်တာနဲ့ ဗီဒီယိုကားတွေအပြင် ကားကြီး၃ကားကိုပါ နယ်ထွက်ပြီး ရိုက်ကူးမယ်လို့ပြောပြလာပါတယ်။ ၂၀၁၆ ထဲမှာ ကားကြီး သုံးဆယ်ကျော် လက်ခံထားပြီး မကြာခင်မှာ ထွက်ရှိတော့မဲ့ Bad Boy ကားအပြင် လက်ရှိမှာ ရိုက်ကူးနေတဲ့ ဗီဒီယိုကားလေးအကြောင်းကိုပြောပြလာတဲ့အခါ
"အခုရိုက်နေတဲ့ကားလေးက ချစ်သူအလိုရှိသည်တဲ့။ ဒါရိုက်တာ ဦးသိန်းဟန်၊ မင်းသမီးကရွှေရေးထင်ထင်ပါ။ သူကအသစ်ဆိုပေမဲ့ စာရေးဆရာမလဲဖြစ်နေတယ်။ သူတို့တွေရဲ့ Flow ကမှန်ပြီးသား နောက်သူကိုယ်တိုင်ရေးထားတဲ့ဇာတ်ညွှန်းဆိုတော့ ပြောစရာမလိုဘူး။ အိုက်တင်လဲကောင်းတယ်။ အားလုံးအဆင်ပြေပါတယ်။ သူနဲ့ရိုက်မယ်ဆိုတော့ ကောင်းပါတယ်လို့စာရေးဆရာမလဲဖြစ်တယ်။ သူ့ပရိသတ်လဲရှိပြီးသားဆိုတော့လေ။ ကျွန်တော်ကတော့ မင်းသမီးကို အသစ်တွေ အဟောင်းတွေဆိုပြီးမရွေးဘူး။
ကာရိုက်တာနဲ့လိုက်မဲ့ မင်းသမီးဖြစ်ရင်ရပြီ။ နောက်တစ်ခုက ဈေးကွက်ဝင်တဲ့ မင်းသမီးဖြစ်ဖို့ဆိုတာ မင်းသမီးအသစ်ကနေပဲ စရတာလေ။ ကျွန်တော်တို့ကိုယ်တိုင်လဲ အသစ်ကတက်လာတာဖြစ်တဲ့အတွက်စာနာတယ်။ ကူညီတယ်။ ကိုယ်တွေအသစ်ဘ၀တုန်းကလဲ တွဲခေါ်ပေးမဲ့သူကိုစောင့်ဆိုင်းရတာမျိုးလေးတွေရှိခဲ့တယ်။ အဲ့ဒါကြောင့်ကိုယ်ကိုတိုင်ကလဲ ဘာမှမဟုတ်သေးတဲ့အတွက် ကျွန်တော့်အတွက်ကြောင့်နဲ့ဘာကိုမှ အခက်အခဲမရောက်စေချင်ဘူး။ ဒါရိုက်တာက သူ့ဇာတ်ညွှန်းနဲ့အဆင်ပြေတယ်ဆိုရပြီ။ ကျွန်တော်မင်းသမီးမရွေးပါဘူး။"လို့ သူက ပြောပါတယ်။
အခုဆိုအွန်လိုင်းမှာ ဒီကားနဲ့ပတ်သက်ပြီး ရွှေရေးထင်ထင်နဲ့ဇေရဲထက်တွေ့ကြပြီဆိုတဲ့ စာသားလေးတွေ၊ ပုံလေးတွေနဲ့ပတ်သက်ပြီးတော့လဲ "စိတ်ခံစားချက်ကတော့ မရှိတော့ပါဘူး။ အစ်မတို့သိတဲ့အတိုင်း အတိုက်အခိုက်တွေကမျိုးစုံခံရပြီးပြီ။ အခုလဲခံနေရတုန်းပဲ။ နောက်ထပ်လဲထပ်ခံရဦးမှာသိပြီးသားပဲ။ အဲ့ဒီအတိုက်အခိုက်ကို ခေါင်းထဲထည့်ထားရင် စိတ်ညစ်သွားတာကအပ ခေါင်းထဲရလာဒ်ဆိုတာ ရှိလာမှာမဟုတ်ဘူး။ ကျွန်တော့်အနေနဲ့ ဖေ့စ်ဘုတ်ကကျွန်တော့် ပရိသတ်တွေ အားပေးစကားပြောလာရင် အကောင်းဆုံးဖြစ်အောင်ပဲနေတယ်။ ကျွန်တော်တို့သရုပ်ဆောင်တွေဆိုတာ တစ်ယောက်အပေါ်တစ်ယောက်နားလည်တယ်။ ညီအစ်ကိုမောင်နှမသားချင်းစိတ်ပဲရှိတယ်။

ဇာတ်ကို အကောင်းဆုံး ပီပြင်အောင်ဖန်တီးဖို့ပဲခေါင်းထဲမှာရှိတယ်။ တခြားစိတ်တွေ ဘာမှမရှိဘူး။ အဲ့ဒီတော့ ကျွန်တော်တို့ကမှန်နေတဲ့အတွက်ခေါင်းထဲမထည့်ဘူး။ သူတို့ပြောလာရင်လဲခေါင်းထဲမထည့်ဘူး။ ပြောတယ်ဆိုတာကလဲ ဖေ့စ်ဘုတ်ပေါ်မှာ cele ပုံစံမျိုး post တစ်ခုတင်လိုက်ရင် Like တွေအများကြီးရချင်တဲ့စိတ်နဲ့ဖွချင်တယ်။ ပြောရရင်တော့ တင်တဲ့သူကလဲ ဘာမှမဟုတ်ဘူးတင်လိုက်တာ ဒါပေမဲ့ ခံရတဲ့သူ စိတ်ထဲမှာ ဘယ်လိုခံစားသွားရမယ်ဆိုတာသူတို့မသိကြဘူး။ အဲ့ဒါကိုပြန်ရှင်းပြဖို့လဲခေါင်းထဲမရှိတော့ဘူး။ အခုဖြစ်သမျှအားလုံးကနောင်ဘ၀က ဒီလိုလုပ်ခဲ့လို့ပြန်ခံရတာပဲဆိုပြီး တရားသဘောနဲ့ပဲဖြေလိုက်ပါတယ်"တဲ့။
ဒါ့အပြင် သူက ဆက်ပြီး "ဒီကားပြီးရင် ကျွန်တော့်ရဲ့မားသားကြီးကို ဘန်ကောက်မှာ Medical Check Up သွားလုပ်ရမယ်။ ၃ ရက်နေ့သွားမယ်။ တစ်ပတ်လောက်ပဲကြာယ်။ အဲ့ဒီကပြန်လာရင် ဗီဒီယိုလေးတွေဆက်ရိုက်မယ်။ အဲ့ဒါပြီးရင် ၆ ၊ ၇၊ ၈ သုံးလကို ပြင်ဦးလွင်၊ ပုပ္ပါးနဲ့ ပုဂံညောင်ဦးမှာ ရုပ်ရှင်ကားကြီးပြန်ရိုက်မယ်။ ပြီးရင်ဗီဒီယိုလေးတွေကြားညှပ်ရိုက်မယ်။ နောက်နှစ်ဆန်းပိုင်းလောက်မှ ထိုင်းမှာ ကားကြီးတွေပြန်ရိုက်ပါမယ်။ ကားကြီးက ဒီနှစ်ထဲမှာကားကြီးပဲသုံးဆယ်ကျော်လက်ခံထားတယ်။ ဒါပေမဲ့ ပြည့်အောင်ရိုက်ချင်မှလဲ ရိုက်မယ်။ ဗီဒီယိုနဲ့ကားကြီးကို မျှချင်လို့ပါ"လို့ ပြောသွားပါတယ်။
ထိုင်းမင်းသားမာရီယိုရဲ့ True Friend ကားကိုပြန်ရိုက်ထားတဲ့ Bad Boy ဇာတ်ကားနဲ့ပတ်သက်ပြီးတော့ သူက "ဟုတ်တယ်။ ထိုင်းကကားလေးပါ။ F4 ဆိုတာက တရုတ်ကားလဲရှိတယ်။ ဂျပန်ကားလဲရှိတယ်။ ကိုရီးယားလဲရှိတယ်။ ထိုင်းကလဲရှိတယ်။ ကားကောင်းတယ်ဆိုရင် နိုင်ငံတိုင်းက သူတို့လဲရိုက်နိုင်တယ်ဆိုပြီး ရိုက်ပြကြတယ်။ ကျွန်တော့်အနေနဲ့ဒီကားကို ကော်ပီကားဆိုတာ လက်ခံတယ်။ ဒါပေမဲ့ ကျွန်တော်လိုချင်တာက ဒီကားမှာက ဒီကောင်လေးက မိဘမေတ္တာမရတဲ့အတွက် သူငယ်ချင်းတွေဆီက မေတ္တာကိုလိုချင်တဲ့အတွက် သူငယ်ချင်း တွေအရေးကဒို့အရေးပဲဆိုတဲ့စိတ်နဲ့နောက်ဆုံးအသက်ဆုံးရှုံးတဲ့အထိဖြစ်သွားတယ်။

အဲ့ဒီမက်ဆေ့ခ်ျကိုကြိုက်တယ်။ နောက်တစ်ခုက သူတို့နိုင်ငံမှာ လေးငါးလ ရိုက်ခဲ့တဲ့ကားကို ကျွန်တော်တို့နိုင်ငံမှာ ငါးရက်နဲ့ရိုက်ခဲ့တဲ့ကားလေး အဲ့ဒီတော့ ယှဉ်ကြည့်စေချင်တယ်။ သူတို့တွေဆီမှာက အဖက်ဖက်ကပြည့်စုံစွာနဲ့ရိုက်ခဲ့တဲ့ကားမျိုး ကျွန်တော်တို့မှာက အဖက်ဖက်ကမပြည့်စုံစွာနဲ့ကျဉ်းထဲကျပ်ထဲကနေ ရိုက်ခဲ့ရတဲ့ကားမျိုး ဒါပေမဲ့ ယှဉ်ကြည့်လိုက်ရင် သရုပ်ဆောင်တဲ့ရုပ်တွေကလဲ အများကြီး ကွာပါတယ်။ ကျွန်တော်တို့နိုင်ငံက သရုပ်ဆောင်တွေ၊ ဒါရိုက်တာတွေ၊ ထုတ်လုပ်သူတွေ၊ မှန်ထိုးမီးထိုးတွေအဆုံး အားလုံးတော်ကြတယ်။
ဘာလို့လဲဆိုတော့ အချိန်တိုတိုလေးကို ဒီကာရိုက်တာကို ထိမိနေအောင်သူတို့ရိုက်ပြပေးတယ်။ တခြားနိုင်ငံမှာ ငါးရက်လောက်နဲ့မရိုက်ပေးနိုင်ဘူး။ ဥပမာ လေးငါးလလောက် ရိုက်ဖို့ကို အရင်ဆုံးကြိုတင်ပြင်ဆင်မှုတွေရှိတယ်။ အေးအေးဆေးဆေး ရိုက်ရတယ်။ ရောက်လာရင်လဲ ဘာမှယူလာစရာမလိုဘူး။ ကျွန်တော်တို့ဆီမှာက အစစအရာရာ အားလုံးကိုယ်ချည်းပဲ။ ဒါပေမဲ့ သူတို့ရိုက်ထားတဲ့ကားနဲ့ကျွန်တော်တို့ရိုက်ထားတဲ့ကားယှဉ်ကြည့်ရင်ကျွန်တော်ရိုက်ထားတဲ့ ကားလေးကိုပိုအားရတယ်။ ဒါကိုယ့်ကားမို့လို့ကိုယ်ပြောတာမဟုတ်ပါဘူး"တဲံ။
ခင်ဆွေသက် - Trend Myanmar
ခင်ဆွေသက် - Trend Myanmar
Sign up here with your email
ConversionConversion EmoticonEmoticon