တစ်နာရီစောပြီး အိပ်ရာဝင်တဲ့လူတွေဟာ ဝိတ်ကျဖို့အတွက် ထူးထူးခြားခြား ဘာမှလုပ်ဆောင်ရခြင်းမရှိဘဲ တစ်နှစ်ကြာတဲ့အခါမှာ လေး၊ ငါးပေါင်လျော့ကျတတ်ပါတယ်။
စောစောအိပ်ရာဝင်တဲ့လူတွေဟာ ပိုကျန်းမာတဲ့လူတွေ ဖြစ်တယ်လို့ စစ်တမ်းတစ်ခုက ဖော်ပြပါတယ်။ စောစောအိပ်ရာဝင်တဲ့လူတွေဟာ အစားအသောက်စားရာမှာ ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာတွေကို ပိုစားလေ့ရှိတယ်လို့ Jawbone UP ကပြုလုပ်ခဲ့တဲ့ အဆိုပါစစ်တမ်းက ဖော်ပြတာ ဖြစ်ပါတယ်။
Jawbone UP ဟာ ကျန်းမာရေးနဲ့ပတ်သက်ပြီး ခြေရာခံစောင့်ကြည့်ပေးတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ယခုစစ်တမ်းက ကမ္ဘာတစ်ဝန်းက လူပေါင်း ရှစ်သောင်းငါးထောင်ကို သုတေသနပြုလေ့လာထားတာ ဖြစ်ပါတယ်။ ညတိုင်း ၁၁ နာရီထက်စောပြီး အိပ်ရာဝင်တဲ့လူတွေဟာ ကယ်လိုရီပိုနည်းပြီး ကျန်းမာတဲ့အစားအသောက်တွေကို စားကြတယ်လို့ ဆိုပါတယ်။ ၁၁ နာရီနဲ့ ၃ နာရီကြားအိပ်ရာဝင်သူတွေကတော့ အယ်ကိုဟော၊ကဖိန်းဓာတ်များတဲ့အစားအသောက်၊ သကြားများတဲ့အစားအသောက်၊ အဆီများတဲ့အစားအသောက်တွေနဲ့ စတဲ့ ကျန်းမာရေးနဲ့မညီညွတ်တာတွေကို ပိုမိုစားလေ့ရှိပါတယ်။
အိပ်တာနဲ့ဝိတ်ကျတာဟာလည်း ဆက်စပ်မှုရှိပြီး တစ်နာရီစောပြီး အိပ်ရာဝင်တဲ့လူတွေဟာ ဝိတ်ကျဖို့အတွက် ထူးထူးခြားခြား ဘာမှလုပ်ဆောင်ရခြင်းမရှိဘဲ တစ်နှစ်ကြာတဲ့အခါမှာ လေး၊ငါးပေါင်လျော့ကျတတ်တယ်လို့ Jawbone က အချက်အလက်ဆိုင်ရာပညာရှင် ဒေါက်တာခါးစတင်က ပြောကြားထားပါတယ်။
Photos & Source: Huffington
duwun
Sign up here with your email
ConversionConversion EmoticonEmoticon