“ပုပ္ပားတောမီး ငြိမ်းသတ်နိုင်ခဲ့ပြီ”











၂၀၁၆ ခုနှစ် ဧပြီလ(၂၀)ရက်နေ့ ညနေ(၄)နာရီခန့် အချိန်က စတင်လောင်ကျွမ်းခဲ့သော မန္တလေးတိုင်း ဒေသကြီး၊ ကျောက်ပန်းတောင်း မြို့နယ်ရှိ အမြင့်(၄၉၈၁) ပေမြင့်သော ပုပ္ပာတောင်မကြီးထိပ် တွင် လောင်ကျွမ်းနေသော ပုပ္ပားတောမီးကို ယနေ့ ဧပြီလ (၂၂)ရက်နေ့ တွင် ငြိမ်းသတ်နိုင်ခဲ့ပြီ ဖြစ်သည်။

တောမီးစတင်လောင်ကျွမ်းပြီးနောက် ပုပ္ပားတောင် ထိန်းသိမ်းရေး သစ်တောဝန်ထမ်းများနှင့် ခလရ(၇၈)မှ စစ်သည်များ တောင်ပေါ်သို့ သွားရောက် မီးငြိမ်းသတ်သော်လည်း လေပြင်းများ တိုက်ခတ်မှုကြောင့် တောမီးမှာ ဆက်လက်လောင်ကျွမ်းနေခဲ့သည်။

ဧပြီလ (၂၂)ရက်နေ့ ယနေ့ နံနက်(၇)နာရီတွင် ထူးဖောင်ဒေးရှင်း နာယက ဦးတေဇ၏ စီစဉ်ညွှန်ကြားမှုဖြင့် ပုပ္ပားသို့ ရောက်ရှိနေသော ထူးဖောင်ဒေးရှင်းမှ တာဝန်ရှိသူများ၊ ပုပ္ပား Resort ၊ Aureum နှင့် Myanmar Treasure တို့မှ ဟိုတယ်ဝန်ထမ်း အင်အား (၄၀) သည် သစ်တောညွှန်ကြားရေးမှူး ဦးဝင်းနိုင်သော် ဦးဆောင်သော ပုပ္ပားတောင် ပြုပြုင်ထိန်းသိမ်းရေး သစ်တောဝန်ထမ်း (၃၀) ၊ မိတ္တီလာ ၊မြင်းခြံ၊ ကျောက်ပန်းတောင်၊ ညောင်ဦး တို့မှ သစ်တောဝန်ထမ်း အင်အား (၅၀) တို့နှင့် ပူးပေါင်းပြီး မီးသတ်ဆေးဗူး အလုံး(၁၀၀)ဖြင့် လောင်ကျွမ်းလျက်ရှိသော ပုပ္ပါးတောမီးကို ငြိမ်းသတ်ခဲ့ကြရာ နံနက်(၁၁)နာရီကျော်တွင် အလုံးစုံ ငြိမ်းသတ်နိုင်ခဲ့သည်။

မီးလောင်ကျွမ်းခဲ့သည့် ဧရိယာမှာ (၂၀) ဧက (၂) နေရာ၊ (၁၀)ဧက (၁) နေရာ၊ (၅)ဧက (၁) နေရာ၊ စုစုပေါင်း (၄) နေရာ လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး ယခုလောင်ကျွမ်းခဲ့သည့် ပုပ္ပားတောမီးအား အောက်ခြေ အပင်ငယ်များသာ လောင်ကျွမ်းသည့် ground burning ဟု သစ်တောဦးစီးဌာနမှ သတ်မှတ်ခဲ့ကြောင်း သိရသည်။

ပုပ္ပားတောင်ထိပ်တွင် မီးငြိမ်းသတ်နေသည့် အချိန်တွင် တောင်ပေါ်သို့ မတက်နိုင်သည့်အတွက် သစ်တောဦးစီးဌာနမှ ရေကား (၅)စီး နှင့် ထူးဖောင်ဒေးရှင်းမှ ရေကား(၃)စီးတို့ လူနေအိမ်ခြေများသို့ ကူးဆက်လောင်ကျွမ်းမှု မရှိစေရန်အတွက် မီးတားလမ်းတွင် အသင့်စောင့်ဆိုင်းနေခဲ့ကြသည်။

ပုပ္ပားတောင်သည် ပူပြင်းခြောက်သွေ့သည့် ၎င်းဒေသအတွက် အိုအေစစ်သဖွယ်ဖြစ်သည်။ ယခု ပုပ္ပားတောမီးတွင် အပင်ငယ်များ လောင်ကျွမ်းခဲ့သော်လည်း အပင်ကြီးများ မလောင်ကျွမ်းခင် ထိန်းချုပ်နိုင်ခဲ့ခြင်းကြောင့် ပုပ္ပားတောင်၏ စိမ်းလန်းစိုပြေမှုကို ကာကွယ်နိုင်ခဲ့ပါသည်။ ပုပ္ပားတောမီး လောင်ကျွမ်းမှုတွင် ကြိုးစားပမ်းစား မီးငြိမ်းသတ်ခဲ့ကြသည့် ပုပ္ပားတောင်ပြုပြုင်ထိန်းသိမ်းရေး သစ်တောဝန်ထမ်းများ၊ ခလရ(၇၈)မှ စစ်သည်များ နှင့် ဟိုတယ်ဝန်ထမ်းများအား အသိအမှတ်ပြု ချီးကျူးဂုဏ်ပြုအပ်ပါသည်။

Htoo Foundation
Previous
Next Post »
Powered by Blogger.