ကြမ်းပိုးတွေဟာ အစိမ်းရောင်၊ အဝါရောင်နဲ့ အဖြူရောင်တွေကို မုန်းတယ်လို့ ဆိုပါတယ်။
လေ့လာချက်တစ်ခုအရ ကြမ်းပိုးတွေမှာလည်း သူတို့ ကြိုက်တဲ့ အရောင်ရှိသလို သူတို့မကြိုက်တဲ့အရောင်တွေ ရှိတယ်လို့ သိရပါတယ်။
ဆေးပညာဆိုင်ရာ ပိုးမွှားဗေဒဂျာနယ်မှာ ဖော်ပြခဲ့တဲ့ သုတေသနတစ်ခုအရ ကြမ်းပိုးတွေဟာ အနက်ရောင်နဲ့ အနီရောင်အောက်မှာ နေထိုင်ဖို့ ပိုမိုသဘောကျတတ်ပြီး အစိမ်းရောင်၊ အဝါရောင်နဲ့ အဖြူရောင်တွေကို မုန်းတယ်လို့ ဆိုပါတယ်။ ဒီလိုမုန်းရတာဟာ အဆိုပါအရောင်တွေက ပေါ်လွင်မှုရှိပြီး ကြမ်းပိုးတွေမနေချင်ကြတာ ဖြစ်တယ်လို့ သိရပါတယ်။
Union College က အဆိုပါသုတေသနကို ပြုလုပ်ခဲ့တာဖြစ်ပြီး ပိုးမွှားထောင်ချောက်လုပ်သူတွေအတွက် အခုတွေ့ရှိတဲ့အချက်အလက်တွေဟာ အသုံးဝင်မှုရှိလာမယ်လို့ ဆိုပါတယ်။
Photos & Source: Metro
duwun
Sign up here with your email
ConversionConversion EmoticonEmoticon