အမျိုးသားထောင်တွင်း အကြိမ် ၂၀၀၀ ခန့် မုဒိန်းကျင့်ခံရသည့် လိင်ပြောင်း အမျိုးသမီး


သြစတြေးလျနိုင်ငံ ကွင်းစလန်က အမျိုးသားအကျဥ်းထောင်မှာ ကျခံခဲ့ရတဲ့ လိင်ပြောင်း အမျိုးသမီးတဦးက ထောင်တွင်း အကြိမ် ၂၀၀၀ လောက် မတော်မတရားနဲ့ မုဒိန်းကျင့်ခံရတယ်လို့ ဆိုပါတယ်။

နာမည်ဝှက် မာရီလို့ အမည်ရတဲ့ အမျိုးသမီးတဦးက ကားခိုးမှုနဲ့ ထောင် ၄ နှစ်ကျခဲ့ပါတယ်။ ၁၉၉၀ ခုနှစ်နောက်ပိုင်းမှာ သူထောင်ကျခဲ့တဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး မာရီက ပြန်လည် ဖွင့်ဟ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ဘိုဂိုရုဒ် ထောင်ထဲကို ၀င်ဝင်ချင်းမှာပဲ မတော်မတရား လုပ်ဆောင်ခံရပြီး ထောင်ထဲသွားတာထက် သေချင်စိတ်ဖြစ်မိတယ်လို့ မာရီရဲ့အပြောကို ကိုးကားပြီး သတင်းတွေက ဖော်ပြပါတယ်။

တချို့က ကာကွယ်ပေးမယ်လို့ ပြောသလို အပြန်အလှန်အားဖြင့် လိင်ဆက်ဆံခွင့်ပေးရမယ်လို့ ပြောတဲ့ အကြောင်းလည်း ဆိုပါတယ်။
ကြောက်ရွံ့မှုနဲ့ ရှင်သန်ခဲ့ရသလို အမျိုးသမီးအဖြစ် လိင်ပြောင်းလဲခဲ့ပေမယ့် ပြစ်ဒဏ်ကျခံချိန်မှာ အမျိုးသားထောင်အတွင်း ထည့်သွင်းတာကို နားမလည်ဘူးလို့လည်း ဆိုပါတယ်။

တရက်မှာအနည်းဆုံးတကြိမ် မုဒိန်းကျင့်ခံရသလို တချို့ရက်တွေမှာ တကြိမ်မကဘူးလို့လည်း ဆိုပါတယ်။
ဒါအပြင် ထောင်ဧည့်တွေ့ခန်းကို သွားရင်လည်း အ၀တ်အစားအားလုံး ချွတ်ခိုင်းသလို သူကို လူတွေ ကြည့်တဲ့အကြည့်က ကြောက်စရာကောင်းတယ်လို့ မာရီက ပြောပါတယ်။

အကျဉ်းသားတွေနဲ့ လိင်မဆက်ဆံချင်ပေမယ့် ရိုက်နှက်ထုထောင်းတာကို မခံချင်လို့ လုပ်ရတယ်လို့ ဆိုပါတယ်။
တခြားထောင်တွေ ပြောင်းတော့လည်း အလားတူ ဖြစ်ရပ်တွေကို ကြုံတွေ့ရတယ်လို့ သူက ပြောပါတယ်။

DVB
Previous
Next Post »
Powered by Blogger.