လက်ရှိမှာ မဂ္ဂဇင်းကာဗာတွေနဲ့ကြော်ငြာတွေအရိုက်များနေတယ်လို့ပြောလာတဲ့ ခင်ဝင့်ဝါက မထွက်သေးတဲ့ ဇာတ်ကားထွေလာအချို့ကြောင့် ပရိသတ်ရဲ့ စိတ်ပူခြင်းကို ခံခဲ့ရသလို အဲ့ဒါနဲ့တစ်ပြိုင်နက်မှာ အမျိုးသားပရိသတ်တော်တော်များများရဲ့ အားပေးနှစ်ခြိုက်ခြင်းကို ခံခဲ့ရသူလဲဖြစ်ပါတယ်။ ၂၀၁၆ ထဲမှာ ကားကြီးတွေရိုက်ဖို့ရှိသလို ဗီဒီယိုကားလေးတွေလဲ ပုံမှန်ရိုက်ကူးဖို့ရှိတယ်လို့ပြောပြလာတာကြောင့် သူမရဲ့ အနုပညာရေးရာ အချို့အကြောင်းကို တွေ့ဆုံမေးမြန်းဖြစ်တဲ့အခါ
-အခုလက်ရှိအနုပညာလှုပ်ရှားမှုလေးကိုလဲသိချင်ပါတယ်။
အခုလက်ရှိက ညီမ မဂဇင်းတွေကြော်ငြာတွေလက်ခံထားတာများတယ်။ သီရိလင်္ကာမှာ ကိုနိုင်းနိုင်းနဲ့ရေသန့်ကြော်ငြာသွားရိုက်ဖို့ရှိတယ်။ အဲ့ဒါပြီးရင် ၁၆ ရက်နေ့လောက် ကိုနေဒွေးနဲ့ဗီဒီယိုကားတစ်ကားဝင်ပါမယ်။
-၂၀၁၆ ထဲမှာ ကာရိုက်တာရွေးချယ်မှုအပိုင်းနဲ့ပတ်သက်ပြီးတော့ရော ဘယ်လိုမျိုးပြင်ဆင်လာတာတွေရှိမလဲ။
ကာရိုက်တာပိုင်းနဲ့ပတ်သက်ပြီး အရင်ကထက်အများကြီးပြင်ဆင်လာတယ်။ ဘာလုပ်မှာလဲ ။ ဘယ်လိုကာရိုက်တာလဲ ။ ကိုယ်ဘယ်လို သရုပ်ဆောင်မှာလဲ ။ ဘယ်လိုမျိုးဝတ်မှာလဲပေါ့။ အစရှိတဲ့ဟာတွေကိုပြင်ဆင်လာတယ်။ ၂၀၁၆ ထဲမှာကားကြီးတွေလဲလက်ခံထားတယ်။ ရက် အတိအကျမသိရသေးလို့သိရရင်ပြောပြပါ့မယ်။
-လက်ရှိမှာ ထွက်ထားတဲ့ ဂျာကင်ဟောင်းလေးဇာတ်ကားကလဲ ပရိသတ်တော်တော်များများအားပေးကြတဲ့ ဇာတ်ကားတစ်ကားထဲမှာလဲ ပါဝင်နေတယ်နော်။
ပရိသတ်တွေကကြိုက်ကြတယ်။ တချို့ဆို ညီမကိုတွေ့ရင် ပိုးဥလို့လှမ်းခေါ်ကြတယ်။ ကိုယ်ကမသိဘူး။ သူများကိုခေါ်တယ်ထင်လို့အမှန်က ညီမရဲ့ကာရိုက်တာနာမည်လေးကိုခေါ်တာပေါ့။ ဘာပဲဖြစ်ဖြစ် အရမ်းပျော်ပါတယ်။ ဇာတ်ကားထဲက ပိုးဥနဲ့ညီမကိုတစ်ထပ်တည်းကျအောင် အားပေးတဲ့အတွက်ပေါ့။ ကိုလွှမ်းပိုင်ကိုကြိုက်ကြတဲ့ ပရိသတ်တွေက ဒီဇာတ်ကားလေးကိုကြည့်ပြီးအားပေးကြတယ်။ အဲ့ဒီအတွက်လဲ အရမ်းပျော်ပါတယ်။ အရမ်းလဲဝမ်းသာပါတယ်။ ကျေးဇူးလဲတင်ပါတယ်။
-အရှေ့မှာ ကိုဇေရဲထက်နဲ့ဇာတ်ကားထွေလာလေး ဖေ့စ်ဘုတ်မှာပြန့်ပြီး ခင်ဝင့်ဝါဖက်ကနေ၀ိုင်းနာနေကြတဲ့ ပရိသတ်တွေအပေါ် ညီမရဲ့ အမြင်လေးကဘယ်လိုရှိလဲ။
ဒါကကိုဇေရဲထက်အပြစ်လဲ မဟုတ်ပါဘူး။ ဒါရိုက်တာ အပြစ်လဲမဟုတ်ပါဘူး။ ဒါကလဲ အမှတ်မထင်ဖြစ်သွားတာပါ။ ပရိသတ်တွေ နားလည်ပေးပါလို့တောင်းဆိုချင်ပါတယ်။ အမှားပါသွားရင်လဲ ခွင့်လွှတ်ပေးပါလို့တောင်းပန်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဒါက အနုပညာမောင်နှမတွေဖြစ်တဲ့အတွက် ဘယ်သူဘယ်သူမှလဲ အပြစ်မရှိပါဘူး။ အဲ့ဒီတော့ အားလုံးအတွက် ညီမကပဲတောင်းပန်ပါတယ်။
-ဖေ့စ်ဘုတ်က ပရိသတ်တင်တဲ့ စာသားအချို့မှာ ခင်ဝင့်ဝါကို အခိုင်အမာအားပေးတဲ့ အမျိုးသားပရိသတ်ဦးရေများပြားလာတာကိုလဲတွေ့ရတယ်ပေါ့။ အဲ့ဒါလေးနဲ့ပတ်သက်ပြီး စိတ်ခံစားချက်လေးကိုလဲသိချင်ပါတယ်။
ဟုတ်မှာပေါ့နော်။ ညီမလဲမသိဘူး။ ဘာပဲဖြစ်ဖြစ်ပျော်ပါတယ်။ မိန်းကလေးပရိသတ်၊ ယောကျာ်းလေး ပရိသတ်မဟုတ်ပါဘူး။ ညီမပရိသတ်တွေ တစ်ဦးတစ်ယောက်ချင်းစီကိုကျေးဇူးတင်ပါတယ်။ သူတို့ရှိလို့လဲညီမဒီလိုအချိန်နေရာတစ်နေရာလေးမှာ ရပ်တည်ခွင့်ရတာပါ။ ဒီပရိသတ်တွေက အားမပေးဘူးဆိုရင် ညီမဆိုတာကလဲဖြစ်လာမှာ မဟုတ်ပါဘူး။
-ပြည်မြို့တစ်ဖက်ကမ်းက စေတီတော်ကြီးအတွက်လဲ အလှူငွေကောက်ခံပေးတာတွေ့ရတယ်နော်။
အဲ့ဒါက ဦးကျော်သူနာရေးကူညီမှုအသင်းက မတည်ထားတဲ့ ပြည်မြို့တစ်ဖက်ကမ်း ပန်းတောင်းမြို့နယ်က မဟာပဏ္ဍိတ ပရဟိတ အေင်တော်မူစေတီ ပေါ့။ အဲ့ဒီဘုရား စတည်တုန်းက ဌာပနာအတွက်လဲ ညီမသွားလှူတယ်။ ပုလဲဝမ်းဆက်တွေဘာတွေ အလှူငွေတွေလဲသွားလှူဖြစ်တယ်။ ဒါကတော့ ဘုရားကို ဌာပနာပိတ်ဖို့အတွက် ဘက်စုံပြုပြင်မွမ်းမံဖို့လိုအပ်တဲ့အတွက်ကိုဖိုးချစ်ကနေသူ့ဇာတ်သဘင်ကရရှိတဲ့အနုပညာကြေးတွေအကုန်လုံးရယ်၊ ရရှိတဲ့အလှူငွေတွေအကုန်လုံးရယ်ကို ဘုရားကြီးအတွက်လှူဒါန်းမှာပေါ့။ ညီမအနေနဲ့ အဲ့ဒါကိုတစ်ဖက်တစ်လမ်းကနေအလှူခံပေးတာပေါ့။
-အဲ့ဒီလိုပရဟိတလုပ်ငန်းသေးသေးလေးတွေမှာ ပါဝင်ကူညီပေးရတဲ့ စိတ်ခံစားချက်လေးကိုလဲသိချင်ပါတယ်။
ပျော်ပါတယ်။ ကျေလဲကျေနပ်တယ်။ ကျေနပ်တယ်ဆိုတာ ကိုယ်က ဒီလိုပရဟိတအလုပ်လေးတွေကိုအမြဲတမ်းလုပ်ချင်တာ။ နောက်ပြီးဖောင်ဒေးရှင်းဆိုတာလဲ ကိုယ့်အသက်အရွယ်နဲ့မဖြစ်နိုင်သေးဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်တတ်နိုင်တဲ့ဖက်ကနေ တစ်စိတ်တစ်ဒေသပါဝင်ကူညီပေးခွင့်ရတဲ့အတွက်ပျော်တယ်။ ပရိသတ်တွေလဲ တစ်တပ်တစ်အားနဲ့ပါဝင်ကူညီပေးမယ်ဆိုရင်စိတ်ချမ်းမြေ့မှုရနိုင်တယ်။ အဲ့ဒီရတဲ့ ခံစားချက်ကဘယ်အရာနဲ့မှမတူပါဘူး။
-ကိုယ်ရတဲ့ အနုပညာကြေးနဲ့လှူဒါန်းခွင့်ရတဲ့ စိတ်ခံစားချက်ကိုလဲသိချင်ပါတယ်။
ပျော်တယ်။ ဘာလို့လဲဆိုတော့ ညီမငယ်ငယ်တုန်းကဆို မုန့်ဖိုးပဲရှိတယ်။ အဲ့ဒီထဲကနေ လှူရတော့ နည်းတယ်။ အခုကိုယ့်အနုပညာကြေးနဲ့ကိုယ်လှူရတယ်။ မိဘကို ကန်တော့ခွင့်ရတယ်။ ကိုယ်လှူဒါန်းချင်တဲ့နေရာလှူဒါန်းခွင့်ရတယ်။ အဲ့ဒါကြောင့် ကိုယ်ဘယ်လောက် ပင်ပန်းပင်ပန်း ကိုယ်ဒီလိုမျိုးလှူဒါန်းခွင့်ရတယ် ဆိုတဲ့စိတ်နဲ့တစ်ဖက်မှာလဲ အလုပ်ကိုအကောင်းဆုံးကြိုးစားပြီးလုပ်နိုင်တယ်။ ဒီဖက်မှာလှူဒါန်းခွင့်ရတဲ့အတွက်ပီတိလဲဖြစ်တယ်။ ၀မ်းလဲသာတယ်။
-၃ ရက်နေ့မှာကျင်းပမဲ့ အကယ်ဒမီပေးပွဲအတွက်ဘယ်လိုမျိုးပြင်ဆင်မှုတွေရှိနေလဲ။
သဇင်နွယ်ပိုးထည်တိုက်၊ ဒီဇိုင်နာက မဂျိုကာပါ။
-၂၀၁၆ မှာထူးထူးခြားခြားပြောင်းလဲဖို့ဘာတွေရှိဦးမလဲ။
အရင်တုန်းကတော့ မိတ်ကပ်ပြင်ဆင်မှုအပိုင်းနဲ့ပတ်သက်ပြီး Cuttie ကိုအရမ်းကြိုက်တယ်။ အခုနောက်ပိုင်းတော့ အညိုဖက်သွားတဲ့ဟာကို သဘောကျတယ်။ မိတ်ကပ်ပြင်ဆင်မှုပိုင်းလောက်ပဲပြောင်းလဲဖြစ်မယ်။ ကျန်တာထူးထူးခြားခြားတော့ ပြောင်းလဲဖို့မရှိပါဘူး။
ခင်ဆွေသက် - Trend Myanmar
Sign up here with your email
ConversionConversion EmoticonEmoticon