နှစ် ၁၀၀ ကျော်ကြာ ဒေါင်းပုံနှင့် ဗစ်တိုးရီးယားအမှတ်ပုံပါ ငွေဒင်္ဂါးပြားများ တွေ့ရှိ




ဒေါင်းပုံနဲ့ ဗစ်တိုးရီးယား အမှတ်တံဆိပ်ပါတဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ ကျော်က ငွေဒင်္ဂါပြားတွေကို စစ်ကိုင်းတိုင်းဒေသကြီးမှာ မနေ့က တူးဖော်တွေ့ရှိပါတယ်။

ကသာခရိုင် ထီးချိုင့်မြို့ အမှတ် ၂ ရပ်ကွက် ဈေးကုန်းရပ်နေ ဦးအောင်ကြည်၊ ဒေါ်ကြည်ကြည်ဝင်း နေအိမ်ခြံဝင်းတွင်းမှာ သန့်စင်ကျင်း မြေတူးရာကနေ ငွေဒင်္ဂါပြားတွေ တွေ့ရှိခဲ့တာဖြစ်ပါတယ်။

မြန်မာသက္ကရာဇ် ၁၂၁၄ ခုနှစ်၊ ခရစ်သက္ကရာဇ် ၁၈၈၆ ခုနှစ် အမှတ်တံဆိပ်ပါ ၁ လက်မ အ၀ိုင်းပတ်လည် ငွေဒင်္ဂါပြား စုစုပေါင်း ၆၁ ပြားကို တွေ့ရှိခဲ့တာပါ။ အဲဒီဒင်္ဂါးပြားတွေကို အိမ်ရှင်ဖြစ်သူတွေက ထီးချိုင့်မြို့မရဲစခန်းကို စာရင်းများပြုစုပြီး အပ်နှံလိုက်တယ်လို့ ဒေသခံ သတင်းထောက်က ပြောပါတယ်။ 

 သတင်းဓာတ်ပုံ – ကိုကျော် (အင်းတော်) / DVB
Previous
Next Post »
Powered by Blogger.