ဒီတစ်ခါတော့ ထိုင်းစတိုင် ငါးခူမွကြော်သုပ် ပြုလုပ်နည်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။
ငါးခူမွကြော်သုပ် ပြုလုပ်ဖို့အတွက် လိုအပ်သော ပစ္စည်းများ
၁။ ငါးခူ
၂။ ဆီ
၃။ ပေါင်မုန့်ခြောက်မှုန့်(Bread Crumbs)
၎။ ကြက်သွန်နီ
၅။ ငရုတ်သီးအနီ
၆။ သံပုရာသီး
၇။ သကြား
၈။ ငံပြာရည်
၉။ သီဟိုဠ်စေ့
၁၀။ သရက်သီး
၁၁။ နံနံပင်
ငါးခူမွကြော်သုပ် ပြုလုပ်နည်း
၁။ ငါးခူကို ရေဆေးသန့်စင်ထားပြီး အသားလွှာထားပါ။
၂။ ကြက်သွန်နီ၊ ငရုတ်နီနဲ့ သရက်သီးတို့ကို ရေဆေးသန့်စင်ထားပြီးပါးပါးလှီးထားပါ။
၃။ နံနံပင်ကို ရေဆေးသန့်စင်ထားပါ။
၎။ သံပရာရည်နှစ်ဇွန်း၊ သကြားနှစ်ဇွန်းနဲ့ ငံပြာရည်နှစ်ဇွန်း တို့ကို ရောမွှေပြီး ဆော့စ်ပြုလုပ်ထားပါ။
၅။ အားလုံးပြင်ဆင်ပြီးသွားရင် အသားလွှာထားတဲ့ ငါးခူကို ကြော်ပါ။
၆။ ငါးခူကြော်တွေကို ဆီစစ်ပြီး အရေခွံနွှာ၊ နုတ်နုတ်စဉ်းပါ။
၇။ နုတ်နုတ်စဉ်းထားတဲ့ ငါးခူးကြော်တွေကို ပေါင်မုန့်ခြောက်မှုန့်နဲ့ ရောနယ် ဒါမှမဟုတ် ထောင်းပေးပါ။ ပြီးရင် ကြော်ပါ။
၈။ ကျွတ်ရွလာပြီဆိုရင် ဆယ်ယူပြီး ဆီစစ်ထားပါ။ ငါးခူမွကြော်တွေကို ပန်းကန်ထဲထည့်ပြီး အပေါ်ကနေ ဆော့စ်လောင်းပေးပါ။
၉။ ပါးပါးလှီးထားတဲ့ ကြက်သွန်နီ၊ ငရုတ်သီးအနီ၊သရက်သီနဲ့ သီဟိုဠ်စေ့တို့ကို ဖြူးပေးပြီး နံနံပင်ကို အပေါ်က တင်ပေးပါ။
ဒါဆိုရင် ငါးခူမွကြော်သုပ်တစ်ပွဲရပါပြီ။ အရသာရှိတဲ့ ငါးခူမွကြော်သုပ်လေးကို ကိုယ်တိုင် လုပ်စားကြည့်လိုက်ပါဦးနော်။
Source : April Lwin
Photos : flickriver, dessertcomesfirs
credit: duwun
Sign up here with your email
ConversionConversion EmoticonEmoticon