လူတွေ ဘာလို့ မငြိမ်းချမ်းသလဲ?


လူတွေ ဘာလို့ မငြိမ်းချမ်းသလဲ ဆိုတာကို အရိုးရှင်းဆုံးဖြေရင် မငြိမ်းချမ်းတာကို တွေးနေလို့မငြိမ်းချမ်းတာပါ။

ငါးမိနစ်လောက်မငြိမ်းချမ်းတာကိုမတွေးဘဲနေလိုက်ပါ။ သူ့အလိုလိုငြိမ်းချမ်းလာပါလိမ့်မယ်။

အတွေးတွေရဲ့အစွမ်းသတ္တိတွေကိုသိဖို့အင်မတန်လိုအပ်တယ်။

မကောင်းတာတွေးနေရင် မကောင်းတာတွေပဲဖြစ်လာမှာပဲ။ ကောင်းတာတွေးနေရင်ကောင်းတာတွေ ဖြစ်တာများမှာပဲ။ဖြစ်လာတဲ့ ပြဿ နာတွေကိုသတိကြီးကြီးဉာဏ်ကြီးကြီးနဲ့ ဖြေရှင်းမယ်။

ငါ့ဘ၀မှာ ငါရည်မှန်းချက်အောင်မြင်ဖို့အတွက်ငါ့မှာဆန္ဒပြင်းပြမှုလည်းရှိတယ်။ဝီရိယလည်းရှိတယ်။စိတ်လည်းရှိတယ်။ဘယ်လိုလုပ်ရင်ရမယ်ဆိုတဲ့နည်းလမ်းကိုလည်း ငါသိတယ်ဆိုတဲ့အဲ့ဒီလေးပါးနဲ့ညီညွတ်တဲ့သူဟာမျှော်လင့်ချက်ရှိတဲ့သူပဲ။

ဆရာတော် ဦးဇောတိက
Previous
Next Post »
Powered by Blogger.