ငွေကုန်ကြေးကျမများဘဲ အသုံးလည်းတည့်မယ့်ပစ္စည်းတွေဆိုရင် အဆင်ပြေတယ်မဟုတ်လား
ဗယ်လင်တိုင်းဒေးမှာ ချစ်သူကို လက်ဆောင်ပေးဖို့ ဆန်းပြားတဲ့စိတ်ကူးတွေလည်း ရှိကြမှာပါ။ ဘာလက်ဆောင်ပေးရင်ကောင်းမလဲလို့လည်း စဉ်းစားနေကြလောက်ပါပြီ။ ပုံသေကားချပ်အတွေးတွေကနေ ခွဲထွက်ပြီး ရိုးရှင်းအသုံးဝင်မယ့် လက်ဆောင်ပစ္စည်းလေးတွေကို ရွေးချယ်ကြည့်မယ်ဆိုရင်တော့ ဒါလေးတွေကို လက်ဆောင်အဖြစ်ပေးနိုင်ပါတယ်။
၁။ ဖုန်းအားသွင်းကြိုး
ကိုယ့်ချစ်သူကိုင်တဲ့ ဖုန်းအမျိုးအစားကိုတော့ သိပြီးသားဖြစ်မှာပါ။ ဒီဇိုင်းဆန်းတဲ့ ဖုန်းအားသွင်းကြိုးလေးတွေကို သူ့ကိုလက်ဆောင်အဖြစ်ပေးနိုင်ပါတယ်။
၂။ အနွေးဓာတ်ပေးတဲ့ခေါင်းအုံး
ဘေးမှာ အမြဲတမ်း ရှိမနေပေးနိုင်တဲ့အခါ ခေါင်းအုံးလေးက အနွေးဓာတ်ပေးနိုင်ပါလိမ့်မယ်။ အသဲပုံဒီဇိုင်းနဲ့ အနွေးဓာတ်ပေး ခေါင်းအုံးလေးကို သူ့ကိုလက်ဆောင်ပေးပြီး ကိုယ့်ရဲ့ကိုယ်ပွားလေးအဖြစ် သူ့ဘေးမှာထားလိုက်တာပေါ့။
၃။ Memory Stick
ဒါလေးလည်းပဲ အသုံးဝင်ပါတယ်။ ဒီဇိုင်းလှလှလေးတွေ ရှာဖွေဖို့တော့လိုတာပေါ့။ မိန်းကလေးတွေအတွက် ချစ်စရာဒီဇိုင်းလေးတွေနဲ့ ရှိသလို ယောက်ျားလေးတွေအတွက်လည်း ဒီဇိုင်းဆန်းဆန်းတွေရှိပါတယ်။
၎။ Power Bank
ကိုယ်နဲ့မခွာ အမြဲတမ်းရှိနေတဲ့ ဖုန်းတွေအတွက်လည်း power bank လေးတွေက အဖော်အဖြစ် ရှိနေကြပါပြီ။ ချစ်သူနဲ့ကိုယ်နဲ့ မခွဲတမ်း ရှိနေသလိုမျိုး ဖုန်းနဲ့ power bank လေးကိုလည်း အတူတူရှိနေတော့ လိုအပ်တဲ့အချိန်မှာ ဖုန်းအားသွင်းလို့ရတယ်လေ။
၅။ Web Cam
အနေဝေးနေရတဲ့ ချစ်သူတွေကတော့ အမြဲတမ်းလိုလို ဖုန်းတွေ၊ ကွန်ပျူတာတွေကနေပဲ ချစ်သူကို ထိတွေ့ခွင့်ရကြတာပါ။ ဒီအတွက် web camera ကောင်းကောင်းလေး ရှိဖို့ လိုအပ်ပါတယ်။ video call နဲ့ စကားပြောတဲ့အခါ တစ်ယောက်ကိုတစ်ယောက် ကြည်ကြည်လင်လင်လေး မြင်တွေ့ရနိုင်ဖို့ ကူညီပေးပါလိမ့်မယ်။
Duwun
Sign up here with your email
ConversionConversion EmoticonEmoticon