ကောက်ညှင်းထုပ်ရောင်းပြီးအပြန်ဆိုင်မှာဈေးလာဝယ်နေတဲ့ ဦးလေးကောက်ညှင်းထုပ်စားချင်လို့ ကုန်သွားပြီလား ဦးလေးတခါတခါ လာရောင်းတာမတွေ့မိဘူးလို့ မေးတော့လယ်တွေ ကိုင်းတွေလည်း လုပ်ရတယ်လေတဲ့သားရော သမီးရော သူပါကောက်ညှင်းထုပ်ကိုမြို့မှာလည်းရောင်း ရွာစဉ်လှည့်ပြီးလည်းရောင်းကြတယ်
အမျိုးသမီးက အိမ်မှာကောက်ညှင်းထုပ်ဒိုင်ခံထုပ်ပေးပေါ့အိမ်ရှိလူကုန် အလုပ်လုပ်နေတာသူဌေးမဖြစ်သေးဘူးလားလို့ မေးတော့သူဋ္ဌေးဖြစ်ဖို့နေနေသာသာငါ့လယ် ၂ ကွက်ကုန်သွားပြီတဲ့ဘာဖြစ်လို့တုန်းမေးတော့ရွာနဲ့ရွာနီးချုပ်စပ်က ကလေးတွေစာနားမလည်တာတွေနားလည်ဖို့ စာသင်ကျောင်းက ကလေးတွေကိုအချိန်ပို သင်ဖို့ ကျောင်းက ဆရာမတွေကိုအချိန်ပိုကြေးပေးပြီး စာသင်စေတာပါ
စာအုပ်စာတန်း မဝယ်နိုင်တဲ့ကလေးတွေစာအုပ်စာတန်း ထောက်ပံ့ဖို့ငါတို့ မိသားစုရှာနေတာပါတဲ့
ရွာက စာသင်နေတဲ့ ကလေးတွေစာတတ်စေချင်တာစာမေးပွဲအောင်စေချင်တာပါလို့ေုပြာပါတယ်
မိသားစု အားလုံးက ကြည်ကြည်ဖြူဖြူ နဲ့ကျောင်းသား ပညာရေးအတွက်အားလုံးထောက်ပံ့ကြတာပါတဲ့
ခုလိုငွေကြေးထောက်ပံ့တဲ့ အထဲမှာဦးလေး သားသမီးတွေ တစ်ယောက်မှမပါဘူးတဲ့ရှင်
ရလိုမှု့မရှိ တခြားလူတွေလို အလုပ်မလုပ်ဘဲကိုယ့်တစ်ဝမ်းတစ်ခါးတောင် ဖြောင့်ဖြောင့်တန်းတန်းရှာဖွေမစားနိုင်ဘဲဟိုလူ့အပြစ်လိုလိုဒီလူ့အပြစ်လိုလိုပုံမချ ဘဲရိုးသားစွာ ကိုယ့်ဝမ်းစာကိုယ်ရှာစားပြီးပြည့်စုံကြွယ်ဝချမ်းသာနေတာလည်းမဟုတ်တဲ့သူပညာလည်း များစွာမတတ်တဲ့သူရဲ့စေတနာ နဲ့ခံယူချက် လက်တွေ့လုပ်ဆောင်နေမှု့များကိုfb မိတ်ဆွေများ သိအောင်ဖော်ပြရင်းလေးစားချစ်ခင်စွာ အကြိမ်ကြိမ်ဦးညွှတ်လိုက်ပါတယ်ရှင့် 
Sign up here with your email
ConversionConversion EmoticonEmoticon