ဘာအရောင်ကို ရွေးမလဲ ?


သူငယ်ချင်းတွေရဲ့ မင်္ဂလာဆောင်တွေချည်းပဲ တတ်နေရတော့ ကိုယ်လည်း ဘယ်တော့ မင်္ဂလာဆောင်ရင်ကောင်းမလဲလို့ စဉ်းစားစရာသူတောင်မရှိသေးပါ။

ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ လက်ထပ်မယ်ဆိုရင်တော့ ဘယ်လိုလူမျိုးကိုရွေးမယ်ဆိုတာကို သိချင်မှာပေါ့။

ကဲ အောက်က ပုံလေးထဲမှာပါတဲ့ မင်္ဂဆောင်ခန်းမပုံလေး ၄ ပုံထဲမှာ ဘယ်သူကို ကြိုက်သလဲဆိုတာကို ရွေးလိုက်နော်။

A. လိမ္မော်ရောင်
B. ပန်းရောင်
C. အနီရောင်
D. အဖြုရောင်

ဘာအရောင်ကို ရွေးလိုက်တာလဲနော်။

A. လိမ္မော်ရောင်၊ မိသားစုကို အလေးပေးတဲ့သူ
ပျော်စရာ၊ ကြည်နူးစရာကို အဓိကထားတဲ့ လိမ္မော်ရောင်၊ ကလေးအင်္ကျီတွေမှာ အဓိကထားတာက လိမ္မော်ရောင်ဖြစ်ပါတယ်။ ဒါကြောင့် ကလေးအတွက်ကို ကြိုပြီးတွေးနေတယ်လို့ စဉ်းစားလို့ရပါတယ်။ သူကရွေးလိုက်တဲ့သူက မိသားစုကို ချစ်တဲ့သူ၊ မိသားစုကို အလုပ်ထက် တန်ဖိုးထားသူဖြစ်မှာသာလျှင် လက်ထပ်မှာပါ။ အနာဂတ်မှာ ကလေးရလာရင် ကလေးအတွက်လည်း ဝိုင်းပြီးကူညီပေးတဲ့ ယောင်္ကျားကောင်း ခင်ပွန်းကောင်းတစ်ယောက် ဖြစ်ရမှာပါ။

B. ပန်းရောင်၊ ပင်ကိုယ်အရည်အသွေးပေါ်တွင် မူတည်သည်
နွေးထွေးတယ်ဆိုတဲ့ ပန်းရောင်၊ လက်ထပ်ပွဲမှာ သုံးတဲ့ပန်းရောင်ဟာ လူ့ရဲ့အသားအရေနဲ့ ထပ်တူဖြစ်တာကြောင့် ဒီအရောင်လေးကိုရွေးလိုက်တဲ့အတွက် ဘဝလက်တွဲဖော်ကတော့ သူ့ရဲ့ပင်ကိုယ်အရည်အချင်း၊ နားလည်မှုအပေါ်မှာ မူတည်ပါတယ်။ သူနဲ့အတူရှိနေတဲ့အချိန်မှာ ကိုယ်ရဲ့အားနည်းချက်တွေကို မရှက်မကြောက် ဖွင့်ပြောနိုင်တဲ့သူဖြစ်ဖို့ အရေးကြီးပါတယ်။

C. အနီရောင်၊ ဝင်ငွေအပေါ်မှာ မူတည်သည်
လက်ထပ်ပွဲမှာ အလွန်ကို အရေးကြီးတဲ့အရောင်ဖြစ်တဲ့ အနီရောင်ကို ရွေးလိုက်တဲ့အတွက် ဘဝလက်တွဲဖော်ကတော့ ဝင်ငွေဘယ်လောက်ရှိသလဲဆိုတာက အဓိကပါ။ ပိုက်ဆံ၊ ပိုင်ဆိုင်မှုအပေါ်မှာ မူတည်ပြီး တင့်တင့်တယ်တယ်နေနိုင်ရန်သာ စဉ်းစာပါတယ်။

D. အဖြုရောင်၊ မိဘချင်း အဆင်ပြေသောသူ
အဖြုရောင်ကို ရွေးလိုက်တဲ့အတွက် မိဘချင်း၊ ဆွေမျိုးချင်း အဆင်ပြေတဲ့သူကိုသာ လက်ထပ်ခွင့်ပေးမှာပါ။ ပိုက်ဆံတခုတည်း မဟုတ်ပဲ မိသားစု ပြသာနာတွေကိုလည်း ခေါင်မရှုပ်ချင်တဲ့အတွက် မိသားစု အသိုင်းအဝိုင်းအထိကို စဉ်းစားသူ ဖြစ်ပါလိမ့်မယ်။

Chelmo Team
Previous
Next Post »
Powered by Blogger.