အိုဘားမားရဲ့ ခွေးကို ပြန်ပေးဆွဲဖို့ ကြံစည်


အိုဘားမားမှာ ခွေးနှစ်ကောင်ရှိတာဖြစ်ပြီး ဒီထဲက တစ်ကောင်ကို ပြန်ပေးဆွဲဖို့ မြောက်ပိုင်း ဒါကိုတာ ပြည်နယ်မှာ နေထိုင်တဲ့ စတော့ကတ်ဆိုတဲ့ လူတစ်ဦးက ကြံစည်ခဲ့တာ ဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောကြားထားပါတယ်။

အိုဘားမားရဲ့ခွေးကို ပြန်ပေးဆွဲဖို့ ကြံစည်တဲ့ လူကို အမေရိကန်ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။ အိုဘားမားမှာ ခွေးနှစ်ကောင်ရှိတာဖြစ်ပြီး ဒီထဲက တစ်ကောင်ကို ပြန်ပေးဆွဲဖို့ မြောက်ပိုင်း ဒါကိုတာ ပြည်နယ်မှာ နေထိုင်တဲ့ စတော့ကတ်ဆိုတဲ့ လူတစ်ဦးက ကြံစည်ခဲ့တာ ဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောကြားထားပါတယ်။

စတော့ကတ်ရဲ့ကားကို စစ်ဆေးခဲ့ရာမှာ သေနတ်နှစ်လက်နဲ့ တောခုတ်ဓားတစ်လက်ကို သိမ်းဆည်းရမိခဲ့ပြီး ဖမ်းမိချိန်မှာ သူဟာ စိတ်ပုံမှန်မဟုတ်တဲ့ စကားတွေကို ပြောဆိုနေခဲ့တယ်လို့ သိရပါတယ်။ လောလောဆယ် စကော့ကတ်ကို သေနတ်ကိုင်ဆောင်မှု ဥပဒေနဲ့ပဲ အရေးယူထားပါတယ်။

Credit: Duwun
Previous
Next Post »
Powered by Blogger.