ဘတ်ငွေ တရားမ၀င်ကိုင်ဆောင်မှုဖြင့် တာချီလိတ်ကုန်သည်ကြီးများအသင်း ဒု-ဥက္ကဋ္ဌ ဖမ်းဆီးခံရ


ထိုင်းဘတ်ငွေ တရားမ၀င် ကိုင်ဆောင်မှုနဲ့ ဒီဇင်ဘာ ၉ ရက်နေ့က အဖမ်းခံထားရတဲ့ ရှမ်းပြည်နယ် တာချီလိတ်မြို့မှ နယ်စပ်ကုန်သည်ကြီးများ အသင်း ဒု ဥက္ကဋ္ဌ Mrs.Nang San Thar ကို ဘတ်ငွေ ၂ သိန်း အာမခံနဲ့ ထိုင်း အာဏာပိုင်တွေက ပြန်လွှတ်ပေးလိုက်ပါတယ်။

သူမဟာ မယ်ဆိုင်မြို့ လူဝင်မှု ကြီးကြပ်ရေး ဦးစီဌာန (လ၀က) စစ်ဆေးရေး ဂိတ်မှာ ဘတ်ငွေ ၁၁ သန်းနဲ့ အတူ အဖမ်းခံရပြီးနောက် အာမခံနဲ့ အခုလို ပြန်လွတ်ပေးလိုက်တာ ဖြစ်ပါတယ်။

ထိုင်း ဥပဒေအရ နယ်စပ်မှ တဆင့် ဖြတ်သန်းသွားရာမှာ ဘတ်ငွေ ၅ သိန်း အထက် ကိုင်ဆောင်ပါက ထိုင်းအာဏာပိုင်တွေကို ကြိုတင် အသိပေး အကြောင်းကြာရကြောင်း သိရပါတယ်။

ထိုင်းသတင်းတွေအရ အဆိုပါ ဘတ်ငွေ ၁၁ သန်းကို မယ်ဆိုင်မြို့နယ်က ဆောက်လုပ်ရေး လုပ်ငန်းရှင် တဦးကို အကြွေးပေးဖိုအတွက် ဒီငွေတွေကို ယူဆောင်လာတာဖြစ်ကြောင်း Mrs.Nang San Thar က ပြောပါတယ်။

DVB
Previous
Next Post »
Powered by Blogger.