SSPP/SSA နှင့် အစိုးရ စစ်တပ်တို့ အကြား မိုင်းရှူးမြို့နယ် မိန်းအက်တွင် တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး နှစ်ဖက်ကျဆုံးသူ စာရင်း အတိအကျ မသိရသေး


ရှမ်းပြည်တပ်မတော် (SSPP/SSA)နှင့် အစိုးရ စစ်တပ်တို့အကြား မိုင်းရှူးမြို့နယ်မိန်းအက် ဒေသတွင် အောက်တိုဘာလ ၂၇ ရက်နေ့က တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး နှစ်ဖက်ကျဆုံးသူ စာရင်း အတိအကျ မသိရသေးကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲတွင် အောက်တိုဘာ ၁၆ ရက်ခန့်က အစိုးရစစ်တပ်က သိမ်းယူထားခဲ့သည့် ရှမ်းပြည်မြောက်ပိုင်း တပ်စခန်းတစ်ခုအား မြောက်ပိုင်း သျှမ်းပြည်တပ်မတော်က ပြန်လည် သိမ်းယူသွားကြောင်း အဆိုပါ SSPP/SSA မှပြောခွင့်ရပုဂ္ဂိုလ် ၏ပြောပြချက်အရ သိရပြီး အဆိုပါတိုက်ပွဲနှင့် ပတ်သက်၍ အစိုးရဘက်မှ သတင်းထုတ်ပြန်ထားခြင်း မရှိသေးကြောင်း သိရသည်။

သျှမ်းပြည် တပ်မတော် မြောက်ပိုင်းမှ ပြောခွင့်ရ ဗိုလ်မှူးကြီး စိုင်းလက “ အဲဒီ
ကောင်းမုံမိန်းက ကျွန်တော်တို့ တပ်စခန်းကို အောက်တိုဘာလ ၁၆ ရက်နေ့တုန်းကအစိုးရဘက်က သိမ်းယူထားတာ ဖြစ်တယ်။ ကျွန်တော်တို့ဘက် က ပြသ၁နာတွေသိပ်မကြီးလာအောင်လို့ ဆုတ်ပေးလိုက်တာ။ သူတို့က အဲဒီ ကုန်းပေါ်ကနေပြည်သူလူထုနေတဲ့ ရွာတွေထဲ လျှောက်ပစ်နေတယ်လေ။ ဒါကြောင့် ကျွန်တော်တို့က ပြန်သိမ်းလိုက်တာ။ အကျအဆုံး ရှိပေမယ့် တိတိကျကျ စာရင်းမရသေးဘူး ” ဟုအောက်တိုဘာလ ၂၈ ရက်နေ့က မေးမြန်းထားသည်ကို သျှမ်းသံတော်ဆင့်တွင်ဖော်ပြထားချက်အရ သိရသည်။

ပြည်ထောင်စုအဆင့် အပစ်ခတ် ရပ်စဲထားသည့် သျှမ်းပြည်တပ်မတော် မြောက်ပိုင်း (SSPP/SSA)နှင့် အစိုးရ စစ်တပ်တို့အကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေသည်မှာ တစ်လနီးပါးခန့် ကြာမြင့်ပြီဖြစ်သည်။ NCA လက်မှတ် ရေးထိုးရာတွင်လည်း အားလုံးပါဝင် လက်မှတ်ရေးထိုးမှ လက်မှတ်ရေးထိုးမည်ဟု SSPP/SSA ကဆိုသဖြင့် အစိုးရ စစ်တပ်ဘက်က တိုက်ခိုက်နေခြင်း ဖြစ်ကြောင်း သျှမ်းပြည်တပ်မတော်၏ ထုတ်ပြန်ချက်များအရ သိရသည်။

အဆိုပါ အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များအကြား ဖြစ်ပွားသည့်
စစ်ပွဲကြောင့် ထောင်ချီသည့် ဒေသခံများမှာ မိမိတို့နေရပ်ကို စွန့်ခွာထွက်ပြေးနေရပြီးတိုက်ပွဲ အကြောင်းပြချက်ဖြင့် ကျေးသီး၊ မိုင်းရှူုးမြို့နယ်များ တစ်ခုလုံးနှင့် တန့်ယန်း ၊ဟိုပန်တို့တွင် အုပ်စုတချို့ ရွေးကောက် ပွဲကျင်းပမည် မဟုတ်ကြောင်း ရွေးကောက်ပွဲကော်မရှင် ကြေညာထားသည့် နေရာများ ဖြစ်ကြောင်း သိရသည်။

သတင်း - စိုင်းထွန်းအောင်လွင် ၊ စိုင်းဟန်
The Ladies News Journal
Previous
Next Post »
Powered by Blogger.