NLD အဖွဲ့ဝင် မချောစန္ဒီထွန်း ကိုတွေ့ရစဉ်။ ဓါတ်ပုံ - ချောစန္ဒီထွန်း (facebook) |
အီလက်ထရောနစ် ဥပဒေပုဒ်မ ၃၄(ဃ) နဲ့ စွဲဆိုထားတာက ပျက်သွားပြီး တရားလိုဖြစ်တဲ့ အနောက်တောင်တိုင်း စစ်ဌာနချုပ် ဒုတိယဗိုလ်မှူးကြီး ဦးကျော်ထင်က ဆက်သွယ်ရေးပုဒ်မ ၆၆(ဃ)၊ အသရေဖျက်မှု ပုဒ်မ ၅ဝဝ တို့နဲ့ ပြောင်းပြီး စွဲချက်တင်ဖို့ လျှောက်ထားတာဖြစ်တယ်လို့ မချောစန္ဒီထွန်းရဲ့မိခင် ဒေါ်ဝင်းစန္ဒာကျော်က ပြော ပါတယ်။
"ရဲစခန်းကအမှုဖွင့်တုန်းက ၃၄(ဃ)နဲ့ အမှုဖွင့်တယ်၊ စွဲချက်တင်တော့ ၆၆(ဃ)နဲ့ ၅ဝဝ ရယ် ၂ မှုပေါ့နော်၊ အဲ့ဒီ ၂ မှုနဲ့ စွဲချက်တင်တာပေါ့နော်"
မချောစန္ဒီထွန်းဟာ ကာကွယ်ရေးဦးစီးချုပ်ကို ဖေ့ဘွတ်စ်စာမျက်နှာကနေ သိက္ခာချတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၂ ရက်နေ့က ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်မှာ အဖမ်းခံခဲ့ရတာဖြစ်ပါတယ်။ အဲ့ဒီနောက် မအူပင်ရဲစခန်းကို လွှဲပြောင်းပေးလိုက်ပြီး အီလက်ထရောနစ်ဥပဒေပုဒ်မ ၃၄(ဃ)နဲ့ အမှုဖွင့်ပြီးနောက် အာမခံမပေးပဲ မအူပင်အကျဉ်းထောင်မှာ ထိန်းသိမ်းခံထားရတာဖြစ်ပါတယ်။
အလားတူပဲ ကာကွယ်ရေးဦးစီးချုပ်ရဲ့ ဓါတ်ပုံကို ဖိနပ်နဲ့တက်နင်းထားတဲ့ ပုံကို အင်တာနက်ဖေ့စ်ဘွတ်မှာ မျှဝေခဲ့တာကြောင့် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)နဲ့ အမှုဖွင့်ခံထားရတဲ့ ဦးပက်ထရစ်ခွန်ဂျာလီကို လှိုင်မြို့နယ်တရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့ပြီး အာမခံလျှောက်ထားတာကို တရားရုံးက ပယ်ချလိုက်ပါတယ်။
RFA Burmese
Sign up here with your email
ConversionConversion EmoticonEmoticon