အီတလီနိုင်ငံ ရောမမြို့တော်၏ မြို့တော်ဝန် အစ်ဂ်နာ ဇီယိုမာရီနိုသည် အစိုးရ ရန်ပုံငွေများကိုသုံးပြီး စားသောက်ဆိုင်တွင် စားသောက်မှုအတွက် ကုန်ကျစရိတ်များကို ပေးချေခဲ့ကြောင်း စွပ်စွဲခံရပြီးနောက် ရာထူးမှ နုတ်ထွက်ခဲ့ကြောင်း သိရသည်။
မာရီနိုသည် ယူရို (၂၀၀၀၀) ကို ပြန်ပေးမည် ဖြစ်ကြောင်း ကြာသပတေးနေ့ အစောပိုင်းတွင် ပြောဆိုခဲ့သော်လည်း နောက်ပိုင်းတွင် ၎င်း၏ ဒီမိုကရက်တစ်ပါတီ၏ ထောက်ခံမှုကို မရရှိတော့သည့် အတွက် ရာထူးမှ နုတ်ထွက်မည် ဖြစ်ကြောင်း ကြေညာခဲ့သည်။
မြို့တော်ဝန်သည် ယမန်နှစ်တွင်လည်း ကားရပ်နားခ ပေးဆောင်ခြင်း မရှိသည့်အတွက် ရာထူးမှ နုတ်ထွက်ရန် တောင်းဆိုခံခဲ့ရသည်။ မာရီနိုသည် ၂၀၁၃ ခုနှစ်တွင် စတင်တာဝန် ထမ်းဆောင်ခဲ့ခြင်း ဖြစ်သည်။ မာဖီးယား ခေါင်းဆောင်တစ်ဦး အတွက် မြို့တွင်းတွင် ဈာပနပွဲကို ခမ်းနားစွာ ကျင်းပခဲ့ခြင်းကို ပိတ်ပင်တားဆီးခြင်း မပြုခဲ့သည့် အတွက်လည်း ၎င်းအား ဝေဖန်မှုများ ရှိခဲ့သည်။
အပြစ်ကိုဝန်ခံသည့် အနေနှင့် ရာထူးမှ နုတ်ထွက်ခြင်း မဟုတ်ဘဲ နိုင်ငံရေး အခြေအနေများအရ ဆက်လက် ရှေ့ဆက်ရန် မဖြစ်နိုင်တော့ သောကြောင့်သာ နုတ်ထွက်ခြင်း ဖြစ်ကြောင်း မာရီနိုက ပြောဆိုခဲ့သည်။
BBC
Sign up here with your email
ConversionConversion EmoticonEmoticon