မြန်မာ့ဆင်ပေါက်များကို ပစ်မှတ်ထားလာသော တရုတ်ခရီးသွားဖွံ့ဖြိုးမှု

မြန်မာ့ဆင်ပေါက်များသည်လည်း ခြိမ်းခြောက်ခံနေရပြီဖြစ်သည်/Save Elephant Foundation
လွန်ခဲ့သည့် နှစ်လခန့်က တရုတ်-မြန်မာနယ်စပ် မိုင်းလားမြို့က ဆင်မှောင်ခိုသမားများစတည်းချရာစခန်းတစ်ခုတွင် အတင်းအကျပ်ကျုံးသွင်းခံရသည့် တောဆင်ရိုင်းအကောင် ၃၀ ကို တွေ့ခဲ့ရသည်ဟု မစ္စလတ်ခ်က ပြောသည်။

‘‘တကယ်တော့ အကောင် ၃၀ ဆိုတာ ကျွန်မတို့အဖွဲ့က နောက် ဆုံးရထားတဲ့ စာရင်းပါ။ တကယ် တမ်းပြန်ကြည့်မယ်ဆိုရင် အဲဒီနိုင်ငံကို မြန်မာက ရာပေါင်းများစွာသော ဆင်တွေကို ပို့ထားပြီးသား ဖြစ်နေပါတယ်’’ဟု မြန်မာဆင်များထိန်းသိမ်းစောင့်ရှောက်ရေးဖောင်ဒေးရှင်းအဖွဲ့ကို တည်ထောင်သူ မစ္စလတ်ခ်က ပြောသည်။

တကယ်တော့ သူမတွေ့ခဲ့ရ သည့် ဆင်အကောင် ၃၀ က အရွယ်ပင်မရောက်သေးသည့် ဆင်ပေါက်များ ဖြစ်ကြသည်။ တရုတ်ဆပ်ကပ် အဖွဲ့များ၏ လိုအပ်ချက်ကို ဖြည့် ဆည်းပေးရန်အတွက် ဆင်အ ကောင်ငယ် ၃၀ သည် တရုတ်-မြန်မာနယ်စပ်မိုင်းလားမြို့ကို အစု လိုက်အပြုံလိုက်ရောက်ရှိနေခြင်း ဖြစ်သည်။

ဆင်ပေါက်အကောင်ငယ် တစ်ကောင်ကို အရှင်ဖမ်းယူရန်မှာ သူနှင့် ထပ်ကြပ်မကွာရှိနေတတ်သည့် ဆင်မိခင်နှင့် ဖခင်ကို သတ်ဖြတ်ရမည်ဖြစ်သဖြင့် ဆင်ပေါက်တစ်ကောင်ကိုဖမ်းယူရန် ဆင်နှစ်ကောင်သေဆုံးရမည့်သဘောရှိသည့်ဟု မစ္စလတ်ခ်က ကောက်ချက်ချသည်။

မစ္စလတ်ခ်သည် ထိုင်းနိုင်ငံ သားအမျိုးသမီးတစ်ဦးဖြစ်ပြီး ဆင် ထိန်းသိမ်းစောင့်ရှောက်ရေးလုပ် ငန်းကို အသက် (၁၆) နှစ်အရွယ်က ပင်စ၍ လုပ်ကိုင်ခဲ့ရာ ယခုဆိုလျှင် သူမအသက် (၅၅) နှစ်ရှိပြီး ဖြစ် သည်။ ထိုင်း၊ မြန်မာနှင့် တရုတ် နိုင်ငံတို့မှ တရားမ၀င်ဆင်ကုန်သွယ်မှုကို မျက်ခြည်မပြတ် လေ့လာ နေသူတစ်ဦးလည်း ဖြစ်သည်။

မြန်မာနိုင်ငံဘက်က ၀င် ရောက်လာသည့် ဆင်များကို ထိုင်းအစိုးရက တားမြစ်လိုက်ပြီးနောက် တရုတ်နယ်စပ် မိုင်းလားမြို့တွင် ဆင်အကောင်လိုက်ရောင်းချ သည့်ဈေးကွက်ပေါ်ပေါက်လာခဲ့ သည်။ ယင်းဈေးကွက်ပေါ်ပေါက် လာသည်မှာ အချိန်ကာလအား ဖြင့် သိပ်မကြာသေးချေ။

‘‘လေးနှစ်၊ ငါးနှစ်လောက်ပဲရှိ သေးတယ်။ အခု ထိုင်းကနေ မဟုတ်တော့ဘူး။ အဲဒီကနေ တိုက် ရိုက်ရောင်းချနေကြတယ်’’ဟု မစ္စ လတ်ခ်က ပြောသည်။

တရားမ၀င်ရောင်းချနေသော ဆင်ဈေးကွက်ကို စူးစမ်းလေ့လာရန်အတွက် မိုင်းလားမြို့ကို လွန်ခဲ့သည့်နှစ်လခန့်က သူရောက် ရှိခဲ့ပြီး သူ၏တွေ့ရှိချက်များကို အောက်တိုဘာ ၁ ရက်တွင် ဆူးလေရှန်ဂရီလာဟိုတယ်၌ ထုတ်ပြန်ခဲ့သည်။

ဆင်မှောင်ခိုဈေးကွက်သည် ထိုင်းနိုင်ငံမြောက်ပိုင်းတွင် လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက ရှိနေပြီး ကူးသန်းရောင်းဝယ်ခံနေ ရသော ဆင်များသည် မြန်မာပြည် မှ ဖြစ်ကြသည်။ ထိုင်းအစိုးရက နိုင်ငံပိုင်ဆင်များရောင်းချမှုကို ဥပဒေ အရ တင်းကျပ်စွာတားမြစ်ထား သည်။

ထိုင်း-မြန်မာနယ်စပ်တစ် လျှောက် ရနောင်း၊ မဲဆောက်၊ ကမ်ချနာပူရီ၊ မဲဟောင်ဆောင်နှင့် ထ စောင်ယမ်းဂိတ်များသည် ဆင်များလွတ်လပ်စွာရောင်းချသည့်ဒေသ အဖြစ် သတ်မှတ်ထားသည်။ မြန် မာနိုင်ငံမှ တရားမ၀င် ၀င်ရောက် လာသော ဆင်များသည် တရုတ် နိုင်ငံသို့ မပို့ဆောင်မီ တရားဝင်ဖြစ် စေရန် ထိုင်းနိုင်ငံတွင် မှတ်ပုံတင်ရ သည်။‘‘မြန်မာဘက်က ဆင်တွေ နယ်စပ်ကို ပို့လိုက်တယ်။ တရုတ် က ကုန်သည်တွေက အဲဒီစခန်း တွေမှာ ဆင်တွေလာကြည့်ကြ တယ်။ တရားဝင်ပို့ဖို့အတွက် နယ် စပ်မှာ အချိန်အတော်ကြာအောင် မြန်မာဆင်တွေစောင့်နေရတယ်’’ဟု မစ္စလတ်ခ်က ပြောသည်။

တရုတ်နိုင်ငံတွင် ရောက်ရှိ နေသော ဆင်အများစုသည် မြန် မာနိုင်ငံမှ တရားမ၀င်ကုန်သွယ်မှု ဖြင့် ရောက်ရှိလာသော ဆင်များ ဖြစ်ပြီး ထိုင်း-မြန်မာနယ်စပ်ဆင် ကုန်သည်များမှတစ်ဆင့် တင်ပို့ သည်များရှိသကဲ့သို့ တရုတ်-မြန်မာနယ်စပ် မိုင်းလားမှတဆင့် တိုက် ရိုက်ကုန်ကူးနေခြင်းများလည်းရှိ သည်ဟု မစ္စလတ်ခ်က ပြောသည်။ထိုင်း-မြန်မာနယ်စပ်မှတစ် ဆင့် တရုတ်နိုင်ငံသို့ တင်သွင်းနေ သည့် ဆင်များသည် မြန်မာနိုင်ငံမှ လာရောက်သည့်ဆင်များဖြစ်ပြီး ထိုင်းနိုင်ငံက ကြားခံပွဲစားလုပ်၍ တရုတ်နိုင်ငံသို့တင်ပို့ခြင်း ဖြစ်သည်။

ဆင်ဝယ်ယူသည့် တရုတ် ကုန်သည်များသည် ဆင်များကို တရုတ်နိုင်ငံတွင် အသုံးပြုသကဲ့သို့ ဂျပန်၊ ကိုရီးယားနှင့် အခြားဒေသတွင်းနိုင်ငံများသို့ အကောင်လိုက် သယ်ယူရောင်းချခြင်းများရှိသည် ဟု မြန်မာဆင်များထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က လေ့လာတွေ့ ရှိမှုများကို ထုတ်ပြန်သည်။

ထိုင်းအစိုးရက တရုတ်နိုင်ငံသို့ ဆင်များတင်ပို့မှုကို တင်းကျပ် လာသည့်နောက်ပိုင်း ကုန်သည် များသည် တိရစ္ဆာန်အချင်းချင်း လဲလှယ်ငှားရမ်းသည့် နည်းလမ်းကို အသုံးပြုလာကြသည်။ ဥပဒေအရ ငှားရမ်းထားသည့် ဆင်များကို သေ ဆုံးသွားသည်ဟု စာရင်းလိမ်ပြ ကာ ရောင်းဝယ်ဖောက်ကားခြင်းကို တရားမ၀င်ပြုလုပ်နေကြသည့် ဟု SEF (Save Elephant Foun-dation) က ထုတ်ဖော်ပြောဆိုလိုက်သည်။

မြန်မာနိုင်ငံမှ ဆင်များသည် လွန်ခဲ့သည့် ဆယ်စုနှစ်ကတည်းက အိမ်နီးချင်း ထိုင်းနိုင်ငံနှင့် တရုတ် နိုင်ငံများသို့ နည်းလမ်းပေါင်းစုံနှင့် ကူးသန်းရောင်းဝယ်ခြင်း ခံနေရ သည်။ ပို၍ ဆိုးရွားသည်က ဆင်အရှင်လိုက်ရောင်းချရာတွင် ဆင်ကုန်သည်များက ဆင်ပေါက်များကို အဓိကပစ်မှတ်ထားလာခြင်း ဖြစ်သည်။

‘‘ထိုင်းနိုင်ငံမှာ မြန်မာဆင် ပေါက်တစ်ကောင်ကို အမေရိကန် ဒေါ်လာ ၂,၅၀၀ ပေါက်ဈေးရှိ တယ်။ မြန်မာနိုင်ငံအတွက် အရမ်း နစ်နာပါတယ်။ ဒါတွေကို ထိန်း ထိန်းသိမ်းသိမ်းလုပ်သင့်တယ်’’ဟု အာဆီယံဆင်များထိန်းသိမ်းစောင့် ရှောက်ရေးဖောင်ဒေးရှင်းမှ မစ္စ ကာမန်းရ်က ပြောသည်။

အာရှဆင်များကို အချိန်မီ မ ထိန်းသိမ်းလျှင် နှစ်ပေါင်း ၃၀ အ တွင်း ပျောက်ကွယ်သွားမည့် အ လားအလာရှိနေသည်ဟု မစ္စကာ မန်းရ်က သတိပေးပြောဆိုခဲ့သည်။

ရောင်းဝယ်ဖောက်ကားမှု တစ်နှစ်လျှင် အကြိမ်ရေမည်မျှ ကျူးလွန်သည်ကို သုတေသနပြု ရန် မြန်မာအစိုးရကို တိုက်တွန်း လိုက်ပြီး ထိုင်းနိုင်ငံသို့ နယ်စပ်ဖြတ်ကျော်ဝင်ရောက်နေသော မြန်မာဆင်များကို ဒီအန်အေစစ်ဆေးပြီး အတည်ပြုရန်လည်း မစ္စကာမန်းရ် က တိုက်တွန်းသည်။

မြန်မာဆင်များနယ်စပ်တွင် တရားမ၀င်ကူးသန်းရောင်းဝယ်မှု ပြုနေခြင်းကို နေပြည်တော်ရှိ ပတ် ၀န်းကျင်ထိန်းသိမ်းရေးနှင့် သစ် တောရေးရာဦးစီးဌာနက သိရှိထား ပြီးဖြစ်သည်ဟု သတင်းထောက် များကို ဖြေကြားထားသော်လည်း ပမာဏနည်းနည်းသာရှိသည်ဟု ပြောဆိုထားသည်။

‘‘ဒီကိစ္စမှာ သုံးနိုင်ငံအစိုးရ အာဏာပိုင်တွေ အဂတိလိုက်စား နေတာတွေ့နေရပါတယ်။ ထိထိ ရောက်ရောက်အရေးယူပေးဖို့ လို ပါတယ်’’ဟု မစ္စလတ်ခ်က ပြော သည်။

မြန်မာနိုင်ငံတွင် ဆင်ဈေး ကွက်နှစ်ခုရှိပြီး ယင်းမှာ ပြည်၊ ပဲခူးနှင့် ထားဝယ်တို့ဖြစ်ကြသည်။ ပြည်နှင့် ပဲခူးတွင်ရှိသော ဆင်ဈေးကွက်၌ ရခိုင်ရိုးမ၊ စစ်ကိုင်းတိုင်းဒေသ ကြီးနှင့် ကချင်ပြည်နယ်တို့မှ ဆင် များလာရောက်ရောင်းချကြသည်။ ထို့မှတစ်ဆင့် အဓိကဆင်ဈေး ကွက်ဖြစ်ထွန်းရာ ထိုင်းနိုင်ငံ ချင်း မိုင်နှင့် ဆူယမ်မြို့နှစ်ခုတွင် တရား ၀င်ရောင်းဝယ်ကြသည်ဟု အင်္ဂ လန်အခြေစိုက် တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေးအဖွဲ့အစည်း Traffic အဖွဲ့က ဆိုသည်။

ခရီးသွားလုပ်ငန်းများ၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးရန်အတွက် တစ်ထောက်နားရာမြို့ မိုင်းလားသည် မြန်မာနိုင်ငံမှ ဆင်များ တိရစ္ဆာန်များကို လွတ်လပ်စွာ ကူးသန်းရောင်းဝယ်လျက်ရှိသည့် နယ်စပ်မြို့ ဖြစ်သည်။ မိုင်းလားမြို့တွင် ဆင်များလွတ်လပ်စွာ ရောင်းချနိုင်သည့် ဆင်စခန်းသုံးခုထက်မနည်းရှိသည်။ ထိုစခန်းများတွင် အရွယ်အစားမျိုးစုံ ဆင်များကို ပုံစံမျိုးစုံဖြင့် တွေ့ရှိရသော် လည်း ယင်းစခန်းများတွင် တွေ့ရှိ ရသည့် ဆင်အများစုသည် အိမ်နီး ချင်းမြန်မာနိုင်ငံမှ ၀င်ရောက်လာ သည့် ဆင်များဖြစ်သည်။ မြန်မာမှ ဆင်များကို တင်ပါးတွင် ကြယ်အမှတ်တံဆိပ်ခတ်နှိပ်ခြင်းဖြင့် အမှတ်အသားပြုထားသည်။

‘‘အဲဒီနေရာမှာ အခြားဆင် တွေတော့ တွေ့ရတယ်။ ဒါပေမဲ့ တင်ပါးမှာ ကြယ်အမှတ်တံဆိပ်ပါ တဲ့ ဆင်က အဲဒီနေရာမှာ ခပ်များ များတွေ့ရတယ်’’ဟု မစ္စလတ်ခ်က ပရိုဂျက်တာတွင်ပြသထားသည့် ကြယ်ပုံသဏ္ဌာန်အမှတ်တံဆိပ် ဓာတ်ပုံများကို လက်ညှိုးထိုးပြရင်း ပြောသည်။

ယင်းစခန်းတွင် ဆင်များကို ကြပ်မတ်ထိန်းသိမ်းရန်အတွက် ရောက်ရှိနေသော ဆင်ဦးစီးများ သည် လာအို၊ ထိုင်းနှင့် မြန်မာနိုင်ငံမှ လာရောက်သည့်သူများဖြစ်သည်ဟု မစ္စလတ်ခ်က ဆိုသည်။

ခရီးသွားလုပ်ငန်းအားကောင်းလာသည့်နှင့်အမျှ လုပ်ငန်းရှင်များ သည် ကိုယ်ပိုင်ဥယျာဉ်များတည် ထောင်လာကြသည်။ ပွဲလမ်းသဘင်များတွင် ဖျော်ဖြေရေးသက်သက်အတွက် ဆင်များကိုအသုံးပြုလာကြသည်။ နိုင်ငံတစ်နိုင်ငံ၏ ယဉ်ကျေးမှုကိုလိုက်၍ ဆင်များကို အဖျော်ဖြေခံအသုံးပြုမှုပုံစံသာ ကွဲ ပြားသွားသည်။

ကမ္ဘာပေါ်တွင် အာရှဆင် ငါး သောင်းခန့်သာကျန်ရှိတော့ပြီး အာရှတိုက်တွင် အိန္ဒိယနိုင်ငံပြီးလျှင် မြန်မာနိုင်ငံသည် အာရှဆင်အများဆုံးရှိသည့် ဒုတိယနိုင်ငံဖြစ်သည်။ ကမ္ဘာပေါ်တွင် အာရှဆင်များသည်နှစ်ပေါင်းတစ်ရာအတွင်း အကောင်ရေ ၉၀ ရာခိုင်နှုန်းခန့်ကျဆင်းသွား ပြီး ဖြစ်သည်။

မြန်မာနိုင်ငံတွင် တောဆင် ရိုင်းအကောင်ရေ ငါးထောင်ခန့်ရှိ မည်ဟု အစိုးရက ၂၀၀၃ ခုနှစ်က ခန့်မှန်းခဲ့သော်လည်း လက်ရှိသစ်တောကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ် တောများနှင့် သဘာဝနယ်မြေအတွင်း တောဆင်ရိုင်းအကောင်ရေ သုံးထောင်ခန့်သာကျန်ရှိတော့ မည်ဟု ခန့်မှန်းထားသည်။

တရုတ်နိုင်ငံသို့ ရောက်ရှိလာသော ဆင်များသည် ဈေးကွက်လိုအပ်ချက်အလိုက် ဆင်မရှိသည့် အာရှနိုင်ငံများ၊ ဥရောပနိုင်ငံများသို့ ၎င်းတို့၏ သဘောတူညီချက် မပါဘဲ ကူးသန်းရောင်းဝယ်ဖောက်ကားခြင်းကို ခံနေရသည်။ နယ်စပ်ဖြတ်ကျော်ရောင်းဝယ်မှုများသည် ဆယ်စုနှစ်တစ်ခုကျော်လာပြီး ဖြစ်သော်လည်း သက်ဆိုင်ရာအစိုးရ များက ယင်းကိစ္စကို တံခါးပိတ် လျစ်လျူရှုနေဆဲ ဖြစ်သည်။

‘‘ကျွန်မပြောချင်တာက မြန်မာဆင်တွေကို သူတို့အိမ်နဲ့ ခပ်ဝေးဝေးကို မပို့ကြပါနဲ့။ စကား မပြောတတ်ပေမယ့် သူတို့က သူတို့နိုင်ငံဒေသကို ချစ်တတ်ကြတယ်ဆိုတာ ကျွန်မဓာတ်ပုံနဲ့ သက်သေ ပြမယ်။ ဆင်တွေမျက်လုံးကို သေချာကြည့်ပါ။ သူတို့မျက်ရည်ကျနေကြတယ်’’ဟု ပရိုဂျက်တာကို လက်ညှိုးထိုးပြရင်း မစ္စလတ်ခ်ကဆိုသည်။

အိဖြူမွန် - VOA Burmese
Previous
Next Post »
Powered by Blogger.