မြိတ်မြို့မှာ မိုးပျံပူဖောင်းထဲကို ဟိုက်ဒရိုဂျင်ဓာတ်ငွေ့ ဖြည့်သွင်းရာကနေ မတော်တဆ ပေါက်ကွဲမှုတခု အောက်တိုဘာ ၂၇ ရက်နေ့က ဖြစ်ပွားခဲ့ပါတယ်။
ပေါက်ကွဲမှုကြောင့် လူ ၉ ဦး မီးလောင်ဒဏ်ရာတွေရခဲ့ပြီး မြိတ် ပြည်သူ့အထွေထွေရောဂါကု ဆေးရုံကြီးကို ပို့ဆောင်လိုက်ရပါတယ်။
မိုးပျံပူဖောင်းကို လက်ခံပြုလုပ်ပေးတဲ့ မိသားစုနဲ့ နီးစပ်တဲ့ အသိုင်းအ၀ိုင်းရဲ့ အဆိုအရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအတွက် မိုးပျံပူဖောင်း ပြုလုပ်စဉ် ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။
မီးလောင်ဒဏ်ရာ ရသူတွေထဲမှာ အမျိုးသား ၈ ဦးနဲ့ အမျိုးသမီး ၁ ဦး၊ စုစုပေါင်း ၉ ဦး ဖြစ်ပြီး ဆယ်နှစ်ကျော်အရွယ် ကလေးငယ် ၂ ဦးလည်း ပါဝင်ပါတယ်။
သတင်းဓာတ်ပုံ – Myat Htut / DVB
Sign up here with your email
ConversionConversion EmoticonEmoticon