ထိုင်း၊မလေးရှားနှင့်စင်ကာပူရောက်မြန်မာများ ကြိုတင်မဲပေးရမည့်ရက် သံရုံးများထုတ်ပြန်

စင်ကာပူ ဆီးဂိမ်းတွင် မြန်မာဘောလုံးအသင်းကို စိတ်အားတက်ကြွစွာအားပေးနေသော စင်ကာပူရောက် မြန်မာများ။ စင်ကာပူရောက်မြန်မာများ ကြိုတင်မဲပေးရမည့်ရက်ကို အောက်တိုဘာ ၁၅ ရက်မှ ၁၈ ရက်အတွင်း နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီခွဲ
အထိသတ်မှတ် ထားသည်။(ဓာတ်ပုံ − အေအက်ဖ်ပီ)
မြန်မာနိုင်ငံသားအများ ဆုံးရောက်ရှိနေသော ထိုင်း၊မလေးရှားနှင့် စင်ကာပူနိုင်ငံတို့တွင် လာမည့်ရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးရမည့်ရက်များကိုသက်ဆိုင်ရာသံရုံးများက ကြေညာကြောင်း သတင်းရရှိသည်။

ထိုင်းနိုင်ငံရောက်မြန်မာများ လာမည့်ရွေးကောက်ပွဲအတွက် ကြိုတင်မဲ ပေးရမည့်ရက်ကို အောက်တိုဘာ ၁၇ ရက် နံနက် ၉ နာရီမှ ညနေ ၄ နာရီခွဲအထိ သတ်မှတ်ထားကြောင်း ထိုင်း နိုင်ငံဆိုင်ရာ မြန်မာသံရုံးက ကြေ ညာထားသည်။

မလေးရှားနိုင်ငံရောက် မြန် မာများ ကြိုတင်မဲပေးရမည့်ရက် ကို မလေးရှားနိုင်ငံဆိုင်ရာ မြန်မာ သံရုံးက အောက်တိုဘာ ၁၈ ရက် နံနက် ၈ နာရီမှ ညနေ ၄ နာရီအထိသတ်မှတ်ထားသည်။

မလေးရှားတွင် ကြိုတင်မဲ ပေးမည့်သူများသည် နိုင်ငံကူး လက်မှတ်(မူရင်း)၊ နိုင်ငံသားစိစစ် ရေးကတ်ပြား(မူရင်း)သို့မဟုတ် မိတ္တူတို့ကို ယူဆောင်လာကြရန် လိုအပ်ကြောင်း မလေးရှားနိုင်ငံ ဆိုင်ရာ မြန်မာသံရုံးက ထပ်မံ ကြေညာထားသည်။

ထို့အပြင် စင်ကာပူနိုင်ငံ ရောက်မြန်မာများ ကြိုတင်မဲပေးရ မည့်ရက်ကို အောက်တိုဘာ ၁၅ ရက်မှ ၁၈ ရက်ထိ လေးရက်ကြာ သတ်မှတ်ထားပြီး နံနက် ၉ နာရီခွဲ မှ ညနေ ၄ နာရီခွဲအထိ စင်ကာပူ နိုင်ငံဆိုင်ရာမြန်မာသံရုံးက သတ် မှတ်ထားသည်။ ယင်းသို့ စင်ကာ ပူရောက်မြန်မာများ ကြိုတင်မဲ ပေးရမည့်လေးရက်ကို သံရုံးပိတ် ရက်အဖြစ် သတ်မှတ်ကြောင်း ကြေညာထားမည်ဖြစ်သည်။

မြန်မာနိုင်ငံသားအများဆုံး ရှိသော ထိုင်းနိုင်ငံတွင် မြန်မာနိုင် ငံသားလေးသန်းခန့်ရှိရာ ယင်းအ နက်မှ နှစ်သန်းသည် တရားဝင် နေထိုင်သူများဖြစ်ပြီး ကျန်နှစ် သန်းသည် တရားမဝင်နေထိုင်သူ များဖြစ်သည်။ သို့သော် ထိုင်းနိုင် ငံတွင် ကြိုတင်မဲပေးရန် စာရင်း ပေးသွင်းထားသော မြန်မာလူဦး ရေမှာ စက်တင်ဘာအတွင်း ၃၀၀ ခန့်သာရှိနေသေးကြောင်း ထိုင်း နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဝင်းမောင်က ပြောသည်။

လက်ရှိတွင် ကြိုတင်မဲပေး မည့်လူဦးရေတိုးလာသော်လည်း မည်သည့်အရေအတွက်အထိတိုး လာသည်ကို မသိသေးကြောင်း ၎င်းက ဆက်လက်ပြောသည်။

မြန်မာနိုင်ငံသား ဒုတိယအ များဆုံးရှိနေသော မလေးရှားနိုင် ငံတွင် မြန်မာနိုင်ငံသားကိုးသိန်း ခန့်ရှိရာ ယင်းအနက် တရားဝင် နေထိုင်သူ သုံးသိန်းခန့်ရှိပြီး ခြောက်သိန်းခန့်က တရားမဝင် နေထိုင်ကြသူများဖြစ်သည်။ မဲ ပေးခွင့်ရှိသော တရားဝင်မြန်မာ နိုင်ငံသားသုံးသိန်းအနက် ရွေး ကောက်ပွဲအတွက် ကြိုတင်မဲပေး ရန် စာရင်းပေးသွင်းထားသော လူဦးရေမှာ ၅၀၀ ခန့်သာရှိ ကြောင်း မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ တာဝန်ရှိသူတစ်ဦး က ပြောသည်။

‘‘မဲရုံကတော့ သံရုံးမှာပဲ ဖွင့် မှာပေါ့နော်။ ကြိုတင်မဲပေးဖို့အ တွက် ဆန္ဒကောက်ပါတယ်။ အဲဒီ ကောက်တဲ့စာရင်းကိုပဲ အခြေခံ ပြီး လုပ်တာပါ။ လူဦးရေသောင်း ဂဏန်း၊ သိန်းဂဏန်းဆိုရင်တော့ နေရာတွေခွဲပြီး လုပ်မှာပေါ့။ လာ ရောက်တဲ့သူက ၅၀၀ ပဲရှိလို့ ကွာ လာလမ်ပူမှာပဲ လုပ်ဖြစ်တာပါ။ လျှောက်တဲ့အချိန်မှာ ဆန္ဒလာပြု တာက လူကိုယ်တိုင်လာစရာမလို ပါဘူး။ ဖေ့စ်ဘွတ်ခ်တို့၊အီးမေးလ် တို့နဲ့ ပို့လို့ရပါတယ်။ တချို့တွေက ဝေးတော့ ကြိုတင်မဲပေးဖို့ ဆန္ဒ လာပြုတဲ့အချိန်မှာ လူကိုယ်တိုင် မလာနိုင်ဘူးလို့ ပြောနေကြလို့ပါ။ စလုပ်ကတည်းက လူကိုယ်တိုင် လာစရာမလိုအောင် စလုပ်တာ ပါ’’ဟု မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ တာဝန်ရှိသူတစ်ဦး က ပြောသည်။ ကြိုတင်မဲပေးမည့် ရက်တွင် လူကိုယ်တိုင်လာရောက်မဲပေးရမည်ဖြစ်သည်။

ခေတ်ပညာတတ်အများစုသွားရောက်လုပ်ကိုင်နေထိုင်ပြီး ငွေကြေးအရ ပိုမိုအဆင်ပြေသော စင်ကာပူနိုင်ငံတွင် မြန်မာနိုင်ငံသား တစ်သိန်းခွဲခန့်ရှိရာ နှစ် သောင်းကျော်သည် ကြိုတင်မဲ ပေးရန် စာရင်းပေးသွင်းထား သည်။ ထို့အပြင် လူဦးရေ သုံး ထောင်ကျော်က ရွေးကောက်ပွဲ နေ့တွင် ပြည်တွင်းသို့ ပြန်လာ၍ မဲပေးရန် စီစဉ်နေကြသည်။

‘‘တစ်ကမ္ဘာလုံးပြည်ပရောက် မြန်မာတွေ သုံးသောင်းကျော်မဲပေးဖို့ စာရင်းပေးထားတဲ့အထဲက စင်ကာပူကတင် နှစ်သောင်းကျော်တယ်ဆိုတော့ စင်ကာပူကလူတွေကတောင် ပိုတက်ကြွတယ်လို့ ဆိုရမလားပဲ’’ဟု စင်ကာပူနိုင်ငံတွင် နေထိုင်သော ဦးအောင်မင်းဆွေ က ပြောသည်။

စင်ကာပူရောက်မြန်မာများ သည် အုပ်စုလိုက် ပြန်လာပြီး မဲ ပေးမည့်သူများရှိသကဲ့သို့ ကိုယ်ပိုင်အစီအစဉ်ဖြင့် မဲပေးမည့်သူများလည်းရှိကြောင်း မြန်မာနိုင်ငံသို့ ပြန်လာပြီး မဲပေးရန် စီစဉ်နေသောFly to Vote အဖွဲ့မှ မီဒီယာတာဝန်ခံ ကိုသိန်းမြင့်ဝင်းက ပြောသည်။

ပြည်ပနိုင်ငံများသို့ တရား ဝင်သွားရောက်လုပ်ကိုင်နေပြီး မဲ ပေးခွင့်ရှိသော မြန်မာနိုင်ငံသား သုံးသန်းခန့်အနက် လူဦးရေ ၃၄,၆၉၇ ဦးသာ ရွေးကောက်ပွဲ တွင် မဲပေးရန် စာရင်းပေးသွင်း ထားကြောင်း ရွေးကောက်ပွဲကော် မရှင်မှ သတင်းရရှိသည်။

၂၀၁၀ ရွေးကောက်ပွဲကျင်းပစဉ်ကမူ ကြိုတင်မဲများကြောင့် လူထုကြား ဂယက်ရိုက်ခတ်မှုများဖြစ်ပေါ်ခဲ့သည်။

ငြိမ်းချမ်း - 7day
Previous
Next Post »
Powered by Blogger.