လူပတ်စ်ရောဂါ ဖြစ်နေပြီဟု ဆနီလာဂိုမက်ဇ် ဖွင့်ဟ


ပေါ့အဆိုတော် ဆလီနာဂိုမက်ဇ်က ၎င်းတွင် လူပတ်စ်ရောဂါ ရှိနေပြီဖြစ်ပြီး ကုသမှုများကို ခံယူနေကြောင်း ထုတ်ပြန်လိုက်ပြီ ဖြစ်သည်။

၂၀၁၃ ခုနှစ်တွင် ဂိုမက်ဇ်၏ ကျန်းမာရေးနှင့် ပတ်သက်ပြီး စိုးရိမ်စရာများ ရှိခဲ့သောကြောင့် အာရှနှင့် သြစတြေးလျတို့တွင် သီချင်းဆိုမည့် အစီအစဉ်များကို ဖျက်သိမ်းခဲ့သည်။ မူးယစ်ဆေးဝါး သုံးစွဲမှုကြောင့် ယခုကဲ့သို့ ရောဂါဖြစ်ပွားခြင်း မဟုတ်ကြောင်း အဆိုတော်၏ ကိုယ်စားလှယ်များက ပြောဆိုခဲ့သည်။

အဆိုတော်က ၎င်းတွင် လူပတ်စ်ရောဂါ ရှိနေပြီး ကံမကောင်းပါက လေပင်ဖြတ်သွားနိုင်ကြောင်း ပြောဆိုခဲ့သည်။ လူပတ်စ် ဆိုသည်မှာ လက်တင်ဘာသာတွင် ၀ံပုလွေဟု အဓိပ္ပါယ်ရသည်။ ယခင်က ၀ံပုလွေ ကိုက်သောကြောင့် ဖြစ်သော အနာဟု ပြောဆိုခဲ့သည်။ နာတာရှည် ရောဂါဖြစ်ပြီး ခန္ဓာကိုယ်ရှိ ခုခံအားစနစ်တွင် ကမောက်ကမ ဖြစ်မှုများဖြင့် စတင်သည်။ အရေပြား၊ အဆစ်၊ ဦးနှောက်၊ ကျောက်ကပ်နှင့် အခြားခန္ဓာကိုယ် အစိတ်အပိုင်းများတွင် ဖြစ်နိုင်သည်။ လက်ကောက်ဝတ်၊ လက်ချောင်းများနှင့် ဒူးတို့တွင် အဖြစ်များသည်။ အားယုတ်ခြင်း၊ နေထိုင်မကောင်း ဖြစ်ခြင်း၊ ဆံပင်ကျွတ်ခြင်း၊ ပါးစပ်နားတစ်ဝိုက်တွင် အနီစက်များဖြစ်ခြင်း အစရှိသည့် လက္ခာဏာများ ပြတတ်သည်။ ဦးနှောက်တွင် ဖြစ်ပွားပါက ခေါင်းမူး၊ ခေါင်းကိုက်ခြင်း၊ အမြင်အာရုံ ထိခိုက်ခြင်းတို့ ရှိတတ်ပြီး နှလုံးတွင်ဖြစ်ပါက ရင်ဘတ်နာခြင်း၊ နှလုံးခုန် မမှန်ခြင်းတို့ ဖြစ်တတ်သည်။

ဖြစ်ပွားရသည့် အကြောင်းအရင်းကို ယခုအထိ မသိရှိရသေးချေ။ ရောဂါအား ယခုလောလောဆယ်တွင် ဆေးသောက်ခြင်း၊ ဓာတ်ကင်ခြင်းတို့ဖြင့် ကုသနေသည်။

ဂိုမက်ဇ်က ၎င်းအား ပရိသတ်သည်းခြေကြိုက် စာစောင်များက ဝေဖန်နေခြင်းနှင့် ပတ်သက်၍ ၎င်းသည် အသက် (၇) နှစ် အရွယ်ကတည်းက အလုပ် လုပ်ကိုင်ခဲ့ပြီး အသက် (၁၇) နှစ်အရွယ်တွင် ယူနီဆက်ဖ်၏ သံအမတ်ကြီးအဖြစ် တာဝန် ထမ်းဆောင်ခဲ့ကြောင်း၊ သည်းခြေကြိုက် စာစောင်များတွင် ရေးသားမှုများကြောင့် စိတ်ပျက်မိကြောင်း ပြောဆိုခဲ့သည်။

ဖိုးသူတော်
Previous
Next Post »
Powered by Blogger.